Episode 8

7 3 4
                                    

Zawgyi version
~~~

"P'zee.. တံခါးမခေါက်ပဲနဲ့ ကျွန်တော်ရုံးခန်းထဲကို ဘာလို့ ၀င်လာတာလဲ"

သီချင်းလေး တအေးအေးဖြင့် ၀င်လာသူအား အလိုမကျဟန် မကြည်ကြည့်ကာ ပြောလိုက်သူ saint

"ဪ တံခါးခေါက်ရမှာလား.. အဲဒါဆို နေဦး P' အစကနေပြန်ဝင်မယ်"

အခုမှ မသိသလိုပုံဖမ်းကာ ပြန်ထွက်ကြံနေသော P'zee အား

"တော်ပါတော့ P' ရာ.. နောက်မနေပါနဲ့.. ပြော ဘာလိုချင်လို့ ဒီအခန်းရောက်လာတာလဲ.. ကိုယ့် အခန်းကိုယ်နေပေါ့"

"ဟာ... ဒီကောင်လေး P'က ပျင်းလို့လာတာကို ကတ်ကတ်လန်အောင် ရန်တွေ့နေတယ်.. သူ့ဟာလေးဆိုရင်တော့ ငြိမ်ခံနေမှာ"

Zee ရဲ့စကား ကို ခွန်းတုံ့မဆို

Zee ထိုင်နေသော ဆိုဖာဘေးသို့ ၀င်ထိုင်လိုက်ကာ

"ကျွန်တော်က သူ့ဘေးနားမှာ နေရရင်ကို ပျော်တာ P'ရ"

ကြည်နူးနေသော အပြုံးလေးကို မျက်နှာလေးထက်တွင် ပန်ဆင်ရင်း ပြောနေသော ကောင်လေးကို ကြည့်ကာ Zee ရင်နာမိရသည်

မင်းဘေးကို ရောက်လာတဲ့ ငါ့ကိုကျတော့ မင်းမြင်အောင် ဘာလို့ မကြည့်ရတာလဲ Ńsaint ရာ

ဆိုတဲ့ ရင်တွင်းစကားလေးကိုတော့ အရှေ့မှ ကောင်လေးမသိအောင်သာ ညည်းတွားမိသည်

"P'zee.. P' ဘာတွေငေးနေတာလဲ.. ကျွန်တော်မေးနေတာ မကြားဘူးလား"

"ဪ.. ဘာမေးလိုက်တာလဲ.. Saint "

"ဒါဘာထုပ်လဲလို့.. မုန့်တွေလား"

"အင်း.. ဟုတ်တယ် မင်းစားဖို့ ၀ယ်လာတာလေ"

"ကောင်းတာပေါ့ ကျွန်တော်လည်း ဗိုက်ဆာနေတာ.. မနက်က ဘာမှ မစားလာခဲ့ရဘူး"

"မနက်စာတော့ စားလေကွာ.. ဟိုကောင်လေးက မလုပ်ပေးဘူးလား"

"ကျွန်တော်ကပဲ လုပ်ပေးနေရတာ"

လက်ထဲမှ မုန့်အား ပါးစပ်ထဲသို့ ပါးလုပ်ပလောင်း ထည့်ကာ ပြောလာသည်

"ပြီးတော့ ကျွန်တော် မနေ့က ပိတ်ရက်မှာ အလုပ်တွေပါလာတာကို အိမ်သန့်ရှင်းရေးလုပ်နေလို့ မလုပ်လိုက်ရဘူးလေ.. အဲဒါကြောင့် ဒီနေ့စောစောလာပြီး ရုံးတက်နေရတာ.. Ńperth ကိုတောင် ကော်ဖီနဲ့ မုန့်နဲ့ပဲ လုပ်ပေးခဲ့ရတာ"

ရင်ဝယ်..ဆူးOnde histórias criam vida. Descubra agora