Part 7

4.2K 298 13
                                    

Unicode

💗ချစ်ရပါသောရင်း💗

မိဖုရားအိပ်ဆောင်သို့ထွက်လာခဲ့သည်

အိပ်ဆောင်ထဲလည်းရောက်တော့သူ့ရှေမှာလာထိုင်ပြီးရေနွေးကြမ်းထည့်ပေးသည်

ဝတ်ထားတာကလည်းအနီရောင်ရင့်ရင့်ကိုမှအမို့အမောက်တွေဖော်ထားတာဟိုပေါ်ဒီပေါ်နဲ့သူများတွေအမြင်မှာလှပေမယ့်ကိုယ်တော့်အမြင်မှာဝေ့ရင်းအိပ်ယာထတာလောက်တောင်မလှဘူး

ဝေ့ရင်းကတော့ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့အိပ်မ​ရ

"ငါသွားကြည့်ရင်ကောင်းမလားအရှင်ဘယ်လိုများနေမလဲအိပ်ဆောင်ဝင်မှာလားစကားပြောပြီးပြန်လာမှာလား
ဘယ်လိုလုပ်ရမလည်းခနပဲကို

အားရှုပ်တယ်ကွာခနပဲသွားမယ်ဟုတ်တယ်ခနပဲ"

ဝေ့ရင်းသွားလည်းသွားတော့ကြားလိုက်ရတဲ့အသံက

"အ့ အရှင်နာတယ်​ဖြည်းဖြည်း အ့ "

ဝေ့ရင်းတစ်ယောက်မခံစားနိုင်ပဲထွက်ပြေးသွားသည်

မိဖုရားကဒီလောက်လှတာအရှင်လည်းနန်းသွေးလေးလိုချင်မှာပေါ့ငါကခနတာပဲကို

အခန်းထဲမှာတော့

"မင်းကဗြုန်းစိုင်းကြီးလာထိုင်မှာတော့ငါကလန့်ပြီးတွန်းလိုက်တာပေါ့"

ဖြစ်ပုံက

ရေးနွေးကြမ်းငှဲ့ပေးပြီးရုတ်တရက်သူ့ပေါင်ပေါ်လာထိုင်တာကြောင့်လန့်ပြီးတွန်းထုတ်တော့ရေးနွေးခွက်နဲ့လက်တိုက်ပြီးလဲကျသွားတော့ခွက်အကွဲကိုလက်ထောက်မိသွားခြင်း

"အ့ အရှင် ဖြည်းဖြည်း အ့"

အဲ့တာကိုအပြင်ကအထင်လွဲပြီးထွက်သွားတဲ့ကောင်လေးကိုတော့မမြင်လိုက်ချေ

ကြွေခွက်အကွဲကအဆူးကိုထုတ်ပြီးပုဝါနဲ့စည်းပေးပြီးတော့

"ငါပြန်တော့မယ်"

"နေပါအုန်းအရှင် အရှင်ကျွန်မကိုမလိုချင်ဘူးလားကျွန်မကသူများတွေထက်သာယာမှုအများကြီးပေးနိုင်ပါတယ် "

ဘယ်သူ့ကိုပြောနေမှန်းလန်ကျန့်သိပါတယ်

"ငါကသာယာမှုတွေကိုမလိုပါဘူးတစ်ယောက်ကိုတစ်ယောက်ချစ်နေဖို့ပဲလိုတယ်"

💗ချစ်ရပါသောရင်း💗  (Completed)حيث تعيش القصص. اكتشف الآن