| Unicode |
" Yeonjun နဲ့ Hueningအရမ်းမဆော့ကြနဲ့နော် "
မြက်ခင်းပြင်ကျယ်ကြီးမှာပျော်ရွှင်စွာဆော့ကစားနေတဲ့ကလေးနှစ်ယောက်ကိုJenmiသတိပေးလိုက်တယ်
" ဟော ပြောရင်းဆိုရင်းနဲ့မိုးရွာတော့မယ်ထင်တယ်
ကလေးတွေအိမ်ထဲဝင်မယ် "Yeonjun - " ဟင် ညီလေးကတခါတလေလာလည်တာမလို့ အဝဆော့ချင်တဲ့ဟာကို "
Yeonjun ဆီကမကျေနပ်သံကြားတော့သူမစိတ်မကောင်း သူမအမေကျန်းမာရေးအခြေနေကြောင့်သာမဟုတ်ရင် သူမဒီလိုတောရွာလေးဘက်ထွက်ဖြစ်မှာမဟုတ်ဘူး
အခုတော့ကြားထဲကကလေးကတယောက်ထဲအထီးကျန်နေတာ ကလေးကလူကောင်လည်းညက်တဲ့ထဲပါတာမလို့ သူများကလေးတွေအနိုင်ကျင့်တာလဲခံရနိုင်တာမလို့
သူမကကျောင်းကလွဲရင်ဘယ်မှမလွှတ်ဖြစ်ဘူး" Jun ကဆော့လို့မဝသေးဘူးလား မိုးကရွာတော့မယ်လေသားရဲ့ သားကစကားနားထောင်တာပဲ နော်သားလေး အိမ်ထဲဝင်ရအောင် "
Yeonjun - " Huening နဲ့အကြာကြီးဆော့ချင်တာကို "
Huening - " Hyungကလဲလာပါဝင်ရအောင် အိမ်ထဲမှာဆော့လည်းရတာပဲ ကျနော်လဲနောက်တပတ်မှပြန်မှာကို "
"Hueningကတောင်ပြောနေပီသားရယ် ဝင်ရအောင်လာ "
Yeonjun မိခင်နဲ့ငြင်းဆန်ခြင်းမပြုပဲအိမ်ထဲဝင်ခဲ့တယ်
" မိုးကလဲ ဒီနေ့မှာသည်းချက်ပဲ Hanna ရယ် "
" ဟုတ်ပါ့ အမJenmi ရယ် ကလေးနှစ်ယောက်ကတော့အပူပင်ကင်းလိုက်တာ ဟိုမှာကြည့်ပါအုံးဆော့နေတာ "
Hanna နဲ့ သူမ ကလေးနှစ်ယောက်ကိုကြည့်ရင်းအပူပင်ကင်းစွာရယ်မိတယ် ဆော့နေတဲ့ကလေးနှစ်ယောက်ကတော့အပြစ်ကင်းစွာဆော့ကစားနေကြတယ် သူတို့ဆီဘယ်လိုအရာတွေကျရောက်လာမလဲ???
ရှေးဟောင်းအိမ်ကြီးတခုရဲ့ရှေ့မှာအဖွားအိုတယောက်သစ်သားကုလားထိုင်ပေါ်ထိုင်နေတယ် သူမဘေးမှာတော့ခွေးကြီးတကောင်ကရပ်စောင့်နေပေးတယ် သူမကောင်းကင်ကိုမော့ကြည်ံ့ပြီး
" အော် ဘာမှအပြစ်မရှိတဲ့ကလေးငယ်ဆီဘယ်လိုအရာတွေလာအုန်းမှာလဲ အတိတ်ဘဝကသံယောဇဥ်တွေကဖျက်ရခက်တာကိုး.အိမ်ရှေ့စံရဲ့စောင့်ဆိုင်းမှုတွေအရာထင်လာတော့မှာပဲ "
YOU ARE READING
Once Upon And Us { Yeonbin }
Historical Fiction{ Both Unicode & Zawgyi } " ချယ်ရီပန်းတွေပွင့်နေပြီ Jun.. မင်းဘယ်အချိန်ပြန်လာမှာလဲ " - Soobin " ချယ်ရီပန်းတွေပွင့်နေပြီ Jun.. မင်းဘယ်အချိန်ပြန်လာမှာလဲ " ...