0|1

446 45 6
                                        

° Unicode °

ဂိုရှီယောင်းဧကရာဇ်နိုင်ငံတော် - 17ရာစု

"အိမ်ရှေ့စံ ဒီလိုလုပ်တာမသင့်တော်ကြောင်းပါ "

"Eunsu ကအခုကျွန်တော့အမိန့်ကိုငြင်းဆန်လိုက်တာလား "

"မသင့်တော်ကြောင်းပါအိမ်ရှေ့စံ အခုလိုခိုးထွက်တာမင်းကြီးသိရင်မလွယ်ပါဘူး ဘုရား "

"ကျွန်တော်လည်း ၇နှစ်နှစ်ပြည့်ပြီလေ တခါတလေခိုးထွက်ချင်လို့ အမြဲနန်းတော်ထဲမှာပဲမနေချင်ဘူး "

အိမ်ရှေ့စံရဲ့ကလေးဆန်တဲ့အပြုအမူကြောင့်Eunsuရယ်လိုက်မိတယ် သူမဒီကလေးကိုပြောလို့နိုင်တာလည်းမဟုတ်ဘူးမလား ဒီတော့ခွင့်ပြုပေးရုံသာကျန်တော့တယ်

" ဟုတ်ပါပြီအိမ်ရှေ့စံရယ် ဒါပေမယ့်မပြေးရဘူးနော် အိမ်ရှေ့စံတခုခုဖြစ်တာမယ်မယ်ကြီးသိရင်ကျွန်တော်မျိူးမပဲအဆူခံရမှာ "

" ဟုတ်ကဲ့ပါ eunsu "

Soobin ဝတ်ရုံတော်လဲပြီးတိုင်းပြည်ထဲကိုလှည့်ဖို့ထွက်လာခဲ့တယ် သူ့အသက်က ၇နှစ်ပဲရှိသေးပေမယ့် အိမ်ရှေ့စံဆိုတဲ့ဂုဏ်ကြောင့်မနိုင်ဝန်ထမ်းနေရသည်မလား အများရှေ့မှာသူ့ပုံစံကကြောက်ဖို့ကောင်းပေမယ့် Eunsu နဲ့ရှိတဲ့အချိန်တော့သူကလေးလိုပြုမူမိတယ် တခါတလေကျရင် Beomgyu ဘဝကိုသူအားကျမိတယ် မယ်မယ်ဖုရားဆီကသူမရဖူးတဲ့အချစ်တွေရထားတယ်မလား အိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်ကသူတကယ်မလိုအပ်ပါဘူး သူတကယ်လိုအပ်တာမယ်မယ်ရဲ့အချစ် ဖခမည်းတော်ရဲ့ဂရုစိုက်မှု သူနောင်ဘဝသာရှိရင်ဒီဘဝကိုရွေးဖြစ်မှာမဟုတ်ဘူး
Soobin စဥ်းစားခန်းဝင်နေတုန်း ကောင်လေးတယောက်နဲ့သူတိုက်မိတယ် ကောင်လေးကတုတ်ထိုးချိူချဥ်တွေကိုင်ထားတယ်

" ဟင့် ​မှောက်သွားပြီ အမေ့ဆေးဖိုးကဒီဟာတွေရောင်းရမှရမှာပါဆို "

ငိုမဲ့မဲ့နဲ့လဲတာကိုခုထိမထသေးတဲ့ကောင်လေးကိုsoobin လက်ကမ်းပေးလိုက်တယ်
ထိုကောင်လေးကမော့ကြည့်တော့သူတို့အကြည့်ချင်းခဏဆုံသွားမိတယ် တစိတ်လောက်ဒီကောင်လေးမျက်ဝန်းတွေကသိပ်ကိုလှနေသလားလို့

"ဘာလို့မထသေးတာလဲ လူကိုရှက်အောင် "

ထိုကောင်လေးကသူပြောလိုက်မှသတိဝင်လာသလိုပုံစံနဲ့သူ့လက်ကိုကိုင်လိုက်တယ်

Once Upon And Us { Yeonbin }Where stories live. Discover now