Unicode
ဂိုရှီယောင်းနိုင်ငံတော် - 17ရာစု
" အိမ်ရှေ့စံကိုအခုချက်ချင်းလိုက်ရှာစမ်း!!! "
" စိုးရွံ့မိပါတယ် မယ်မယ် အခုပဲသွားရှာခဲ့ပါ့မယ် "
မိဖုရားခေါင်ကြီး Yang အ်ိမ်ရှေ့စံပျောက်တာကြောင့်ခေါင်းတွေထူပူနေပြီ ညစာစားပွဲရှိပါလျက်နဲ့အိမ်ရှေ့စံကဘယ်ကိုများသွားတာလဲ
" မယ်မယ် အိမ်ရှေ့စံကြွချီလာပါပြီ "
Yang မိဖုရားရဲ့မျက်နှာကအခုနဒေါသကြီးတဲ့မျက်နှာနဲ့ခြားနားစွာပြုံးယောင်သန်းနေတယ်
" မယ်မယ် သားတော်ကိုရှာတယ်ဆို "
" ဘယ်ကိုသွားနေတာလဲသားတော် သားအသက်က ၇နှစ်နှစ်ပဲရှိသေးတယ် လျှောက်သွားလို့မရဘူး သားကသာမန်လူမဟုတ်ဘူးနော် အိမ်ရှေ့စံ "
" အဟက် "
Soobin ရဲ့လှောင်ရယ်သံကြောင့်မိဖုရားကြီးကမျက်မှောင်ကြုံ့လိုက်တယ်" သားတော်အခုဘာအပြုမူလဲ "
အိမ်ရှေ့စံဘာမှပြန်မပြောတာကြောင့် eunsu ချက်ချင်းပဲဒူးထောက်လိုက်တယ်
" စိုးရွံ့မိပါတယ် မယ်မယ် အိမ်ရှေ့စံကနောက်လိုက်တဲ့သဘောပါ "
" eunsu ထလို့ရပြီ "
" ကျေးဇူးကြီးမားလှပါတယ်မယ်မယ် "
" သားတော်ရဲ့အပြုမူတွေကနောင်ဘုရင်ဖြစ်တဲ့အခါမျက်နှာပူစရာတွေမဖြစ်ပါစေနဲ့ "
" နားလည်ပါပြီ မယ်မယ် "
" မင်းသား ၂ ကြွလာပါပြီ မယ်မယ် "
Soobin မဲ့ပြုံးပြုံးလိုက်တယ်
မင်းသား၂ ဝင်လာတာနဲ့မယ်မယ်ကတခြားတယောက်လိုပြောင်းလဲသွားတယ် တံခါးမကြီးဖွင့်လိုက်တာနဲ့ မင်းသား၂ပေါ်လာတယ်
မိဖုရားကြီးကသူ့ဂုဏ်ကိုတောင်မငဲ့ပဲပြေးဝင်လာတဲ့မင်းသားကိုပွေ့ချီလိုက်တယ်" အားရီးဂူး မယ်မယ့်သားလေးကထွားလာလိုက်တာ "
မိဖုရား Yang ကမင်းသား၂ရဲ့ပါးကိုနမ်းရှုံ့လိုက်တယ်
" မယ်မယ် အကိုတော်နဲ့ဆော့ချင်တယ် "
မင်းသား၂ Beomgyu ရဲ့တောင်းဆိုသံကြောင့်မယ်မယ်ကသူ့ကိုတချက်ကြည့်တယ်
YOU ARE READING
Once Upon And Us { Yeonbin }
Historical Fiction{ Both Unicode & Zawgyi } " ချယ်ရီပန်းတွေပွင့်နေပြီ Jun.. မင်းဘယ်အချိန်ပြန်လာမှာလဲ " - Soobin " ချယ်ရီပန်းတွေပွင့်နေပြီ Jun.. မင်းဘယ်အချိန်ပြန်လာမှာလဲ " ...