ဘဝမှာ မနက်ဖြန်ကလွဲပြီး ဘာမှမတွေးခဲ့ဘူး
နေထွက်တာက'စ'လို့ နေဝင်တာအဆုံး
အကိုနဲ့ပဲဖြတ်သန်းချင်တာ'ဘဝက တိုတိုလေးပါ'လို့ အကိုပြောတဲ့အခါ
မနက်ဖြန်အကြောင်းကို ဆက်မတွေးဖြစ်ခဲ့ဘူး
နေထွက်လာတယ် နေဝင်သွားတယ်
ဒီလောက်လေးပဲ ဘဝဟာတိုလွန်းတယ်အချစ်ဟာ ချစ်တယ်ဆိုရုံလောက်လေး ရိုးသားနိုင်ပါရက်နဲ့
ပိုင်ဆိုင်ချင်လာတဲ့အခါ မနက်ဖြန်တွေဟာ မသေမချာ
အကိုနဲ့ အဲ့အမျိုးသမီးကိုအတူမြင်ခွင့်ရတဲ့အခါ
မနက်ဖြန်တွေဟာ မသေမချာ
'ညီမလေးရယ် အကိုမင်းကို'လို့စကားအစချီလာတဲ့အခါ
မနက်ဖြန်တွေဟာ မသေမချာKhine
YOU ARE READING
Leo
Poetry'ချစ်တယ်' အကိုမသိပါဘူး အကို မကြားပါဘူး တစ်လောကလုံးသိပြီး အကိုမသိရင် တစ်လောကလုံးကြားပြီး အကိုမကြားရင် ညီမနေထိုင်ရာဟာ ငရဲဖြစ်ပါကြောင်း