တစ်နည်းနည်းနဲ့ ကပ်တွယ်ချင်တယ်
နာကျင်စရာဆိုလည်း ဖက်တွယ်ချင်တယ်
ညီမဟာ အကို့အပေါ်အဲ့လောက်ထိရူးတယ်ပျော်ခဲ့ဖူးတဲ့ အတိတ်တွေဆီ
စိတ်တွေ ခဏခဏရောက်တယ်
ဘန်နီဖြိုးသီချင်းထဲကလို
"ဟိုအရင်အချိန်တွေကို ပြန်လွမ်းနေလို့လည်းမထူး"ပေါ့အကိုရာ
အကိုပြန်မချစ်နိုင်ကြောင်း ပစ္စုပ္ပန်က ရှင်းပြတယ်
အနာဂါတ်က တရားချတယ်ဦးနှောက်က သတိရစိတ်ကိုမထိန်းချုပ်နိုင်ခဲ့ဘူး အကို
အဆင်ပြေပါတယ်လို့ ညာတိုင်း
သေဆုံးသွားတဲ့စိတ်ကိုလည်း အားနာနေရတယ်
မနေနိုင်လို့ ဖုန်းခေါ်မိတဲ့အခါ
" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ..."Khine
YOU ARE READING
Leo
Poesía'ချစ်တယ်' အကိုမသိပါဘူး အကို မကြားပါဘူး တစ်လောကလုံးသိပြီး အကိုမသိရင် တစ်လောကလုံးကြားပြီး အကိုမကြားရင် ညီမနေထိုင်ရာဟာ ငရဲဖြစ်ပါကြောင်း