မြူတွေက ဝေဝေ ဝါးဝါး ရှေ့မှာပိတ်ကာဆီး နေတယ်။
လူတယောက်သူ့ကိုကျောပေးထားတယ်...
တိတိကျပြောရရင် သက်လတ်ပိုင်းယောက်ျားတယောက်။ကျောပြင်သာ မြင်ရတဲ့ ထိုသူက ...
သူ့ရင်ကိုစို့နင့် စေဖို့ ထိစွမ်းတယ်။ဘာကြောင့်မှန်းမရေရာမသေချာဘဲ သူ့ရင်တခုလုံး မွန်းကျပ်လာတာများ အသက်ရှူမဝတော့ဘူး။
ကြည့်နေရင်းက...
ထိုလူကတဖြည်းဖြည်းဝေး..ဝေး..သွားတာ
သူလိုက်ပေမယ့် ပိုဝေး ဝေး နေသလိုခံစားလာရမှုကြီးက....သူအသက်ရှူလို့မရတော့ဘူး
အားးးးးးးးးမွန်းကြပ်မှုတွေက ရုန်းထွက်ရင်း...
မျက်လုံးတွေပွင့်လာတော့ မျက်နှာကျတ် ဖြူဖြူ။ဟူးးး
အသက်ကိုပြင်းပြင်းရှူ
ဘေးဘီကိုကြည့်တော့မှ အိပ်ခန်း။သူ့ရဲ့အိပ်ခန်း။အစိမ်းရောင် အိပ်ခန်းငယ်က ဒီတိုက်ခန်းမှာ အကျယ်ဆုံးနေရာဘဲ။
တယောက်ထဲနေတဲ့သူက ဘာလို့များ အိပ်ခန်းကျယ်ကျယ် ခုတင်ကျယ်ကျယ်နဲ့ နေမိလဲ တွေးကြည့်လို့မရ။မီးဖိုချောင်ဘက်ထွက်လာရင်း ရေခဲသေတ္တာကိုဖွင့် ရေတပုလင်းယူသောက်လိုက်တယ်။
( ရေခဲရေတွေမသောက်နဲ့ ကျန်းမာရေးအတွက်မကောင်းဘူး) ဟော!! ကြားရပြန်ပြီ ဒီအသံ။ဘယ်ကလာမှန်းမသိတဲ့ အသံ။
သူအမြဲကြားနေရတဲ့အသံ။တခါတလေရေချိုးတာကြာမိရင်(အအေးပတ်မယ်လေ မြန်မြန်ချိုး) ဆိုတာမျိုးကိုလဲကြားရတတ်ပြန်တယ်။
ပထမတော့ သူကြောက်မိတယ်။
သူသရဲခြောက်ခံရတာလားဆိုပြီး လန့်ဖျန့်သွားခဲ့ပေမယ့်။ကြာလာတော့ အသားကျလာတာလား ဒီအသံနဲ့ ရင်းနှီးလာတာလား မပြောတတ်ဘူး။သူ့အတွက်တော့နွေးထွေးတဲ့အသံတခုဖြစ်နေတာတော့အသေအချာပင်။
**************
မားမားက ဟင်းတွေ လာပေးတယ်။နေကောင်းလားမေးရင်း သူနဲ့ပြန်လာနေဖို့ပြောတယ်။ထုံးစံအတိုင်းဘဲ သူငြင်းမိရပြန်တယ်။
သူမလိုက်သွားချင်ဘူး။သူဒီနေရာမှာဘဲနေချင်တယ်။သူဒီမှာနေရင် တခုခုကိုလွမ်းသလိုလို သတိရသလိုလိုနဲ့ လစ်ဟာမှုကိုခံစားရပေမယ့် သူဒီကနေဘယ်မှမထွက်သွားနိုင်ဘူး။
YOU ARE READING
YiZhan( Three Shot)
Short StoryOne shot တစ်ခုစီပေါင်းထားတဲ့ သုံးပိုင်း story လေးပါ။