ဝေ့ရင်းခုရောက်နေတာကသူတို့ရဲ့မူလအစ ဘဝကိုဖြစ်တယ်။ဒါကသူတို့တွေ မှော်ရုပ်ပြစာအုပ်ကနေ အောင်မြင်စွာထွက်လာနိုင်ပြီလို့ မှတ်ယူနိုင်တယ်။
လန်ကျန့်ကတော့သတိမရသေးတာ တစ်ရက် ေကျာ်ပြီ။သူကသာမျက်လုံးစဖွင့်ထဲကဖြတ်ကျော်ခဲ့ရတဲ့ဘဝတွေကိုရောလက်ရှိဘဝရဲ့ မှတ်ညာဏ်တွေကိုပါ ပြတ်ပြတ်ထင်ထင် သိနေရတာ...
လန်ကျန့်ရောသူ့လိုအကုန်သတိရနိုင်ပါ့မလား။
သူခြေဆော့လက်ဆော့ပြီး လမ်းဘေးအဟောင်းဆိုင်ကဝယ်လာခဲ့တဲ့ စာအုပ်တအုပ်က သူတို့နှစ်ယောက်ကို ဘဝများစွာကျင်လည်စေတယ်။
ပုံစံမတူတဲ့ ဘဝငါးမျိုးကိုသရုပ်ဖော်ထားတဲ့ထိုရုပ်ပြစာအုပ်က မှော်ပညာနဲ့တိုက်ထားတဲ့ကျိန်စာ စာအုပ်ဖြစ်နေခဲ့တယ်။သူနဲ့လန်ကျန့် ဘဝသုံးခုကိုချောချောမွေ့မွေ့ဖြတ်ကျော်အပြီးမှာ သူ့ဘက်ကအမှားတစ်ခု ကိုလုပ်မိတယ်။
အဲ့ဒါကတော့ လန်ကျန့်ကိုအထင်လွဲမှားမိခြင်းဘဲ။သူ့ဘက်ကတဖက်သတ်အမြင်နဲ့ အထင်လွဲခဲ့ပေမယ့် နှုတ်ကပါစွတ်စွဲပြောဆိုမိတဲ့အခါ သူကျိန်စာတခုမိသွားခဲ့တယ်။အဲ့ကျိန်စာအကျိုးဆက်ကတော့ နောက်ဆုံးကျော်ဖြတ်ရတဲ့ဘဝမှာ လန်ကျန့်ရဲ့ ဝိဉာဉ်ဟာ နှစ်ကိုယ်ခွဲသွားခဲ့တာပါဘဲ။
သူ့အပြစ်ရဲ့အကျိုးဆက်ကိုသိနေတဲ့သူက ထိုဘဝကိုကျော်ဖြတ်တဲ့ အခါ အထူးသတိထားရတယ်။သူတခုခုများ မှားယွင်းသွားခဲ့ ရင် လန်ကျန့်နဲ့သူ မူလဘဝကို အကောင်းပကတိမရောက်မှာ သိပ်စိုးရိမ်ပါသည်။
သူက ဝိဉာဏ်ခွဲ နှစ်ခုလုံးကို နှစ်သိမ့်ပေးနိုင်ခဲ့လို့ mission complete ဖြစ်ခဲ့ပေမယ့် လန်ကျန့်ကတော့ ခုထိသတိမရသေး။
****************
သုံးရက်မြောက်နေ့မှာဘဲ လန်ကျန့်က မျက်စိတွေပွင့်လာတယ်။မအိပ်မစားဘဲ ဘေးနားကနေစောင့်ကြည့်ပေးနေတဲ့သူက လန်ကျန့်သတိရလာတော့ မျက်ရည်တွေ တသွင်သွင် စီးကျပါတယ်။
သတိရတာနဲ့ချက်ချင်း သူ့ကိုဆွဲဖက်လို့ "ဝေ့ရင်း ဝေ့ရင်း ကိုယ်အိပ်မက် မက်နေတာ အိပ်မက်ထဲ ဝေ့ရင်းနဲ့ကိုယ် တယောက်တဖက်ဆီကို အဝေးကြီးဝေးသွားကြတာတဲ့"
ကြည့်ရတာဖြစ်ပျက်ခဲ့သမျှကိုလန်ကျန့် မမှတ်မိဘူးပဲ။