Brown Eyes(U)

346 29 0
                                    

မျက်ဝန်းညိုတွေကသိပ်လှတယ်။ပြီးတော့နွေးထွေးတယ်။

ပေကျင်းကိုသူပြန်ရောက်လာတာက မားကျန်းမာရေးကြောင့် ဒါပေမယ့် အစာအိမ်အချဉ်ပေါက်လို့ဆေးရုံတက်လိုက်ရတာကသူဖြစ်နေတယ်။

ဒယ်ဒီကတော့အလုပ်ကိစ္စတွေကြောင့်မလာနိုင်ခဲ့ပါဘူး။ဒယ်ဒီနဲ့မား ကွာရှင်းတော့သူကဆယ့်သုံးနှစ်သား သူ့ကိုဘယ်သူ့ဘက်လိုက်နေမလဲဆိုပြီး ရွေးချယ်ခွင့်ပေးပေမယ့် သူဒယ်ဒီနဲ့လိုက်သွားဖြစ်တယ်။
မားကိုချစ်ပေမယ့် သူဒယ်ဒီနောက်လိုက်သွားတာ အရာရာအတွက် ပိုအဆင်ပြေမယ်ထင်တာဘဲ။

မားကနောက်အိမ်ထောင် ထပ်မပြုဘဲတယောက်ထဲနေခဲ့ပေမယ့် ဒယ်ဒီကတော့ အဖြူမလေးတွေ တယောက်ပြီးတယောက်ထပ်တွဲတယ်။

သူဟိုမှာပညာတွေသင်တယ် ပိုက်ဆံတွေရှာတယ်.....
ဒါပေမယ့် နွေးထွေးမှုနဲ့အကြင်နာကိုတော့ သူဘယ်လိုမှရှာမရခဲ့ဘူး။
အရှေ့တိုင်းနဲ့အနောက်တိုင်း ဆက်ထားတဲ့ ကပြားလေးသူ့အတွက် မိန်းခလေးမရှားပေမယ့် မေတ္တာစစ်တော့ သူမရဖူးဘူး။

မားဆီကိုတခါတလေအလည်လာတတ်ပြီးအမြဲအဆက်အသွယ်ရှိနေလို့တရုတ်စကားကို ထမင်းစားရေသောက်ပြောနိုင်သေးတယ်။

Leoဆိုပြီးသူ့ရာသီခွင်ကို သူ့နာမည်မှည့်တယ်။မားကတရုတ်နာမည်ပေးထားပေမယ့်ငယ်ငယ်ထဲကခေါ်လေ့မရှိလို့ မေ့တောင်နေပြီ။

မားကခုတလောခနခနနေမကောင်းဖြစ် ‌ေနလို့မားနဲ့အတူနေမယ်ဆိုပြီးသူရောက်လာခဲ့တာဘဲ။သူလာနေလို့ပျော်နေတဲ့မားကရောဂါတောင်တော်တော်သက်သာလာပြီ။

သူကသာဟိုမှာအရက်တွေသောက်တဲ့ဒဏ်ရယ် အစားမမှန်တာရယ်နဲ့ အစာအိမ်ဖြစ်လို့ဆေးရုံတက်ရပါရော။
ဘယ်သူကထင်မှာလဲ ဆေးရုံမှာ သူ့အတွက်နွေးထွေးမှုလေးရှိနေလိမ့်မယ်လို့လေ။

******************

မျက်ဝန်းညိုညိုတွေသိပ်ကိုလှတယ်။

အမြဲလှုပ်ရှားသွားလာမှုမှာအသားကျနေတဲ့သူ့အတွက်ဆေးရုံကုတင်ပေါ်အမြဲမနေနိုင်ဘူး။ဆေးသွင်းပြီးတော်တော်သက်သာတော့ တပ်နေကျအတိုင်း mask တပ်လို့ အပြင်ဘက်ထွက်ဖို့ပြင်တယ်။
ဆေးရုံနံ့တွေမခံနိုင်တဲ့သူမို့ သူ့အခန်းကထွက်တာနဲ့ mask အမြဲတပ်သွားဖြစ်တယ်။

YiZhan( Three Shot)Where stories live. Discover now