Part1: Let's Be Friends!

450 23 0
                                    

Unicode :
"ငါ့ကို စောင့်ပါဦးကွ" ဆိုတဲ့အသံနဲ့အတူ Tul တစ်ယောက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Pharm နဲ့ အတန်းထဲကို ဝင်လာခဲ့တယ်... ဒီနေ့က uni (တက္ကသိုလ်) စတက်ရမယ့်နေ့ ... မနက်စောစောထဖို့ alarm ပေးမယ်ဆိုပြီး သူမေ့နေခဲ့တာကြောင့် အခုလိုနောက်ကျနေရခြင်းသာ.....
"အိုးမိုင်ဂေ့ါထ် ငါတော့နောက်ကျနေပြီဟ" သူပြေးနေရင်းနဲ့ ဒါပဲအော်ပြောနေမိတယ်...ရုတ်တရက် သူအရပ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်ကို ဝင်တိုက်မိသွားတယ်။ သူ့မှာ နက်မှောင်နေတဲ့ဆံပင် ၊ အညိုရောင်သန်းနေတဲ့ ဗာဒံစေ့လို မျက်လုံးတွေရယ် ရှိတယ် ။ အဲ့ဒါက အရမ်းလှတာပဲ။ သူကတော့ ကျောင်းသားသစ်တစ်ယောက်ပါ။ နာမည်ကတော့ Max ပေါ့။ အခုထိတော့ သူ့ကို ဘယ်သူမှမသိကြသေးပါဘူး.....

Tul တစ်ယောက်လဲကျလုနီးပါးဖြစ်သွားလို့ Max သူ့ကို လှမ်းဖမ်းလိုက်ရတယ်...
Tul : "ငါ..ငါ တောင်း ပန် ပါ တယ်။ ငါ အမြန်ပြေးလာရလို့ မင်းကို ဝင်တိုက်မိသွားတာပါ"
Max : "အင်း..." ‌ပဲပြောပြီး သူခေါင်းညိမ့်ပြလိုက်တယ်
Tul : "အင်း..ဒါနဲ့.. မင်းက အကုန်လုံးပြောပြောနေတဲ့ ကျောင်းသားသစ်လား"
Max : "ဟုတ်တယ်"
Tul : "အင်း..ဒါ..ဒါဆို..တွေ့ရတာ ဝမ်းသာပါတယ်..ငါ့နာမည်က Tul ပါ"
Max ထပ်ပြီး ခေါင်းပဲညိမ့်ပြမိတယ်
Tul : "အမ် မင်း နာမည်ကရောဘာလဲ?"
Max : "ငါက...."
"ဆရာမလာနေပြီ အတန်းထဲဝင်ကြတော့"
ဒါနဲ့ပဲ Max တစ်ယောက် Tul နောက်ကနေပဲ အတန်းထဲဝင်လာခဲ့လိုက်တော့တယ်.....

အတန်းပြီးသွားတာနဲ့ အကုန်လုံး စကား‌များနေကြလေရဲ့
အဲ့အချိန် Tul ကတော့ ဟိုကြည့်ဒီကြည့်နဲ့ ခေါင်းရှုပ်နေရှာတယ်...
Tul : "ဟမ် သူက ဒီလောက်မြန်မြန်ကြီး ဘယ်ရောက်သွားပါလိမ့်? ငါ သူ့နာမည်တောင် မသိလိုက်ရဘူး"
Pharm : "ဟေ့ကောင် မင်းဘာတွေပြောနေတာလဲ?"
Tul : "ဟမ် ဘာမှမဟုတ်ပါဘူး"
Pharm : "ဟုတ်လို့လား? မင်းတစ်ယောက်ယောက်အကြောင်းပြောလိုက်တာ ငါကြားပါတယ်"
Tul : "ဘာမှမဟုတ်ပါဘူး‌ဆိုကွာ...နေ့လည်စာသွားစားကြမယ် လာ"
Pharm : "အိုခေလေ ငါလဲ ဗိုက်ဆာနေတာ"
အဲ့လိုနဲ့ Tul နဲ့ Pharm ထမင်းစားနေတုန်းက Max သူ့ရဲ့ နေ့လည်စာကိုကိုင်ပြီး လမ်း‌လျှောက်လာတာကို Tul တွေ့သွားတယ်။ Max က သူတို့ဝိုင်းနားမှာက စားပွဲမှာဝင်ထိုင်လိုက်တာကိုး။ သူထမင်းကို အေးအေးဆေးဆေးနဲ့ ဖြေးဖြေးချင်းပဲ စားလို့ပြီးသွားတယ်။ ပြီးတာနဲ့ လွယ်အိတ်ထဲကစာအုပ်ထုတ်ပြီး စာဖတ်နေတယ်။
Tul ကတော့ သူ့ကိုပဲ ငေးကြည့်နေမိတယ်။သူ အဲ့တစ်ယောက်အကြောင်းကိုသိချင်နေပြီ။ သူ့နာမည်ကဘာလဲ? တခြားသူနဲ့ပတ်သတ်တာအကုန်လုံးရောပဲ...
"Pharm!!!" သူအော်လိုက်တယ်
Pharm : "-ျီးပဲ မင်းကငါ့ကိုလန့်အောင်လုပ်နေတာပဲ။ဘာလဲကွာ?"
Tul : "ငါနဲ့လိုက်ခဲ့စမ်းပါ...လာစမ်းပါကွာ"
Pharm : "ဘယ်လဲဟ?"
Tul : "ဒီတိုင်း လိုက်သာလိုက်လာခဲ့ပါ"
Pharm : "အေးပါ လာပါပြီကွ"
Tul ဦးတည်ပြီး လျှောက်သွားကတော့ Max ထိုင်နေတဲ့စားပွဲစီကိုပါ... Pharm ကတော့ ဘာမှမသိဘဲ သူ့နောက်ကနေလိုက်လာရှာတယ်...
Tul သူစနှုတ်ဆက်လိုက်တယ်
"Hello"
Max : "အင်း Hi"
Tul : "ငါ မင်းကိုလိုက်ရှာနေတာ နှံ့နေပြီ။ မင်းက အတန်းကနေအစောကြီးထွက်သွားတာပဲ"
Max : "မင်း တခုခုများလိုအပ်လို့လား?"
Tul : "အာ..အင်း..ငါက မင်းနာမည်ကိုသိချင်လို့ ပြီးတော့ ဟိုဟာ..ငါ မင်းသူငယ်ချင်းလုပ်လို့ရမလားလို့ပါ"
Max : "ငါ့နာမည်က Max ပြီးတော့ ရပါတယ်"
Tul : "နာမည်က ချစ်စရာကောင်းသားပဲ။ မင်း ငါ့နာမည်တော့ မှတ်မိတယ်မဟုတ်လား?"
Max : "မင်းနာမည်က Tul.. ငါတို့က အတန်းတူတူပဲ"
Tul : "Wow မင်း တကယ် ငါ့နာမည်ကိုမှတ်မိတာပဲ"
Max : "သေချာပေါက်ကို မှတ်မိတာပေါ့"
Tul : "ငါ မင်းရဲ့သူငယ်ချင်းဖြစ်ခွင့်ရှိမလား?"
Max : "သေချာတာပေါ့"
Tul : "မင်းက introvert လား?(တစ်ယောက်ထဲသီးသန့် ဘာသိဘာသာနေတတ်သူ) မင်း ကြည့်ရတာ ရှက်နေသလိုပဲ"
Max : "အင်း ဟုတ်တယ်"
Tul : "ဒါပေမယ့် ရပါတယ်။မင်းက ငါ့အတွက် ကောင်းတဲ့သူငယ်ချင်း ဖြစ်နိုင်ပါသေးတယ်"
Max : "Hahaha...မင်းက ချစ်ဖို့ကောင်းတာပဲ" သူ့ဟာသူပြောပြီး ရယ်လိုက်တယ်..
Tul : "ဟမ်? ငါက ချစ်ဖို့ကောင်းတယ်?"
Max : "ဟုတ်တယ်လေ"
Tul : "ငါက ချစ်ဖို့ကောင်းတာမဟုတ်ဘူး ချောတာကွ"
Max : "အင်းပါ မင်းကချောပါတယ်"
Tul : "အဲ့လိုလုပ်ပါ Hehe"
အဲလိုနဲ့ ထမင်းစားနေရင်း စကားဆက်ပြောနေကြတယ်...

My Man is a Werewolf (Myanmar Translation)Where stories live. Discover now