Part2: You Look So Good Today

141 16 0
                                    

Unicode :
ဒီနေ့လဲ Tul တစ်ယောက်ပြေးနေရပါတယ်...အကြောင်းက
"အိုးမိုင်ဂေါ့ထ် ငါဒီနေ့လဲ ထပ်ပြီးနောက်ကျပြန်ပြီ"
"မင်္ဂလာပါ Tchel ကျွန်တော်နောက်ကျနေတာက ဒီမနက် နှိုးစက်ကမမြည်လို့ အဲ့ဒါ ကျွန်တော်....."
"အထဲပဲသွားဝင်ထိုင်လိုက်တော့ နောက်တစ်ခါနောက်မကျစေနဲ့။ ဟိုမှာ Max ဘေးမှာနေရာလွတ်နေတာတွေ့လား? အဲ့နားမှာ သွားထိုင်လိုက်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ" Tul ပြောပြီး Max  ဘေးမှာဝင်ထိုင်လိုက်တယ်

Tul : "ဟယ်လို ဒီနေ့မင်းကြည့်ကောင်းနေတာပဲ" သူ Max ကို ကြည့်ပြီးပြောလိုက်တာပါ
Max : "ဘယ်သူက ကြည့်ကောင်းနေတာလဲ?"
Tul : "မင်းကို ပြောနေတာလေ ဒါပေမယ့် မင်းဆံပင်တွေကတော့ နည်းနည်းရှုပ်နေတယ်"
Max : "ကျေးဇူးပဲ ငါက ညဘက်‌ဆို အလုပ်များပြီး မနက်ဆို နောက်ကျမှနိုးတော့ ဆံပင်ပြင်ဖို့တောင် မေ့နေတာ"
Tul : "ညဘက်အလုပ်များတယ်? မင်းက အချိန်ပိုလုပ်နေရတာလား?"
Max : "ဟမ် အဲ့လိုမဟုတ်ပါဘူး"
Tul : "ဒါမှမဟုတ် မင်းကောင်မလေးနဲ့ အချိန်ဖြုန်းနေတာလား?" Tul ဟန်လုပ်ပြုံးပြီး မေးလိုက်တယ်...
Max : "ငါ့မှာ ကောင်မလေးမရှိပါဘူး"
Tul : "မရှိဘူးလား?သေချာလို့လားမင်းက?ဒါ‌ဆို မင်းက အလုပ်လဲမလုပ် ရည်းစားရှိတာလဲမဟုတ်ဘူးဆိုရင် ညဘက်တစ်ညလုံး ဘာလုပ်နေရလို့လဲ?"
Max : "အင်း သေချာပါတယ်... ဆရာမစာသင်တာပဲ အာရုံစိုက်စမ်းပါ မင်းကနားညည်းလိုက်တာ"
Tul : "ဘာ နားညည်းတယ်?မင်းက မပြောချင်လို့ တမင်ခေါင်းစဉ်ပြောင်းနေတာမလား" သူ လှောင်ပြုံးပြုံးလိုက်မိတယ်...
Max : "အချစ်ကလေး တိတ်တိတ်လေးနေပါကွာ"
Tul : "မင်း ငါ့ကိုအချစ်ကလေး လို့ခေါ်လိုက်တာလား?"
MaxTul စကားများနေတာ မခံနိုင်တဲ့အဆုံး Pharm တစ်ယောက်ဝင်ပါလာတယ်...
"တိတ်တိတ်နေကြစမ်း! မင်းတို့တွေ တော်တော်စကားများတယ် နောက်နာရီဝက်နေရင် ထမင်းစားဆင်းပြီ အဲ့ကျမှပြောကြတော့"
Tul : "ငါတို့ကိုမအော်ပါနဲ့ကွ။အိုခေ အိုခေ ပြီးရော"

.....

နောက်နာရီဝက်လောက်နေတော့ သူတို့ထမင်းစားဖို့ထွက်လာကြတယ်.....
Tul ထမင်းစားနေရင်း‌တောင် Max ကို စကားပြောဖို့မမေ့ရှာဘူး...
Tul : "ဒီနားမှာ ဆိုင်သေးသေးလေးတစ်ခုရှိတယ် အဲ့ကဟာတွေပ အရမ်းစားကောင်းတယ်သိလား? ဒီည အဲ့မှာငါနဲ့ bbq တူတူသွားစားကြမလား?"
Max : "ဒီညလား?"
Tul : "အင်း ဒီည မင်းအလုပ်ရှိလို့လား?"
Max : "အာ ဒီညငါသွားလို့မရဘူး။ ငါက ညဘက်‌ဆို အလုပ်များတယ်။ မင်း ဒီပိတ်ရက်မှာ နေ့လည်ဘက် bbq စားချင်ရင်တော့ မင်းသွားလို့ရတယ်။ အဲ့ဒါပိုကောင်းမယ်"
Tul : "အင်း...ဒါပေမယ့် ရာသီဥတုက နေ့ဘက်ထက် ညဘက်ကပိုအေးတာကို။ ပြီးတော့ ကောင်းပါတယ် ရတယ် ကိစ္စမရှိပါဘူး။ ငါတို့ ဒီပိတ်ရက် သွားကြမယ်"
Max : "အင်း ငါတကယ်တောင်းပန်ပါတယ်။ ငါက ညဘက်ဆို အလုပ်များလို့ပါ။ နေ့လည်စာစားရတာလဲ ကောင်းပါတယ်"
Tul : "ဒါနေ့ မင်းကိုငါ ဒီနေ့ပြောပြီးပြီလား?"
Max : "ဘာကိုပြောမှာလဲ?"
Tul : "မင်း တော်တော်ကြည့်ကောင်းနေတယ်လို့" ပြောနေရင်းနဲ့ Tul မျက်နှာက နီလာတယ်...
Max : "ဘယ်သူကြည့်ကောင်းတာလဲ? ငါလား?"
Tul : "အင်း ဟုတ် ဟုတ်တယ် မင်း"
Max : "hahaha ကျေးဇူးပဲ " သူရယ်ပြီး Tul ရဲ့ခေါင်းကို ပုတ်လိုက်တယ် "မင်း သိရဲ့လား? မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"
Tul : "ငါကလား?"
Max : "ဟုတ်တယ် မင်းပေါ့" သူ မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလိုက်တော့
Tul : "အာ ငါက ချစ်ဖို့မကောင်းပါဘူး" ‌
Tul တဖြည်းဖြည်းရှက်လို့ ခေါင်းငုံ့သွားပြီး သူ့မျက်နှာက ခုနကထက်ပိုနီလာတယ်...
Max : "မင်းမျက်နှာက နီလာပြန်ပြီ ဟားဟား ချစ်စရာလေး"
Tul : "ငါ့ကို ချစ်စရာကောင်းတယ်လို့ မပြောနဲ့တော့။ပြီးတော့ ငါ့မျက်နှာနီလာတာမဟုတ်ဘူး။ ဒီနားမှာက ပူနေတာ"
Max : "ပူလို့ ဟုတ်လား? ဟားဟား"
Tul : "စားစရာရှိတာသာ စားစမ်းပါ။ စကားပြောနေတာရပ်တော့"
Max : "ဟုတ်ပါပြီ စားပါ့မယ်" သူပြုံးနေမိတယ်
Tul : "မင်းက တော်တော်စိတ်အနှောင့်အယှက်ပေးတာပဲ ဟင်း"
Max : "မင်းက စိတ်ညစ်နေပြီလား?"
Tul : "အင်း ဟုတ်တယ်"
Max : "မင်း ငါ့‌ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်ကို သဘောကျတယ်"
Pharm ဒီတစ်ခါလဲ ထအော်လိုက်ပြန်တယ်...
"မင်းတို့ နှစ်ကောင်လုံး ငါစားနေတဲ့ရှေ့မှာ ကျီစယ်နေတာရပ်ပေးလို့ရမလား?ငါ အခုဗိုက်တောင်မဆာတော့ဘူး။ -ျီးပဲ ငါကဘာလို့ဒီရောက်နေရတာလဲ?"
Tul : "ဘယ်သူက ကျီစယ်နေလို့လဲ?"
Pharm : "မင်းတို့နှစ်ကောင်လုံးလေ"
Tul : "ငါတို့ မကျီစယ်ပါဘူးကွ"
Pharm : "ဒါဆို ငါကအဲ့ဒါကို ဘယ်လိုပြောရမလဲ? အာလူးဖုတ်နေတာလား?"
Tul : "ဟမ်?"
Pharm : "မင်းတို့ နှစ်ကောင်ကျီစယ်နေတာလေ ပြီးတော့ ငါသိတယ် မင်းတို့တစ်ယောက်ကိုတစ်ယောက်ကြိုက်နေတာမလား?မင်းတို့ နှစ်ကောင်လုံးအဲ့လိုခံစားနေရတာသိ‌နေပြီးတာကို ဘာလို့မပြောကြတာလဲ?"
Pharm နောက်တစ်ခေါက် ထပ်အော်လိုက်တော့မှ
Tul နဲ့ Max နှစ်ယောက်လုံး ရှော့ရသွားပြီး
"ဘယ်သူက ကြိုက်နေလို့လဲ?"
Pharm : "ငါဒီနေရာက သွားတော့မယ်။ ဟဲဟဲ ငါသင်္ချာလုပ်စရာရှိသေးလို့ ခွင့်ပြုပါဦး"

My Man is a Werewolf (Myanmar Translation)Where stories live. Discover now