Part3 : Let Me Go With You

192 14 4
                                    

Unicode :
"မင်းက တော်တော်ထူးဆန်းတာပဲ။ ဘယ်သူကများညဘက်ကြီး အမြဲအလုပ်များနေပြီး အပြင်တောင်မထွက်ဘဲ နေနိုင်ရတာလဲ? ငါ မင်းကို ညဘက်အပြင်သွားဖို့မေးလိုက်တိုင်း မင်းက မအားဘူးချည်းပဲ ပြန်ပြောနေတာ။ ဟမ်.....မင်းဘာတွေလုပ်နေလဲဆိုတာ ငါသိချင်လိုက်တာ။ အလုပ်လုပ်နေတာလား? တစ်ယောက်ယောက်နဲ့များ ကိစ္စတွေဘာတွေရှိနေတာလား? ဒါမှမဟုတ်...ငါကပဲ မင်းကို စိတ်ပူလွန်းနေတာလား မသိတော့ဘူး။ မင်းက အာလူးကောင်ပဲ။ နေပါဦး! ငါက ဘာတွေစိတ်ပူနေတာလဲ?"
သူ့ဖုန်းထဲမှာ ရှိတဲ့ Max ရဲ့ပုံကို ကြည့်ပြီး Tul ပြောနေမိတာပါ......
P'May : "Tullie ဘယ်သူနဲ့စကားပြောနေတာလဲ?"
Tul : "ဗျာ? ဘယ်သူနဲ့မှမဟုတ်ဘူး! ကိုယ့်ဟာကိုယ်ပြောနေတာပါ"
P'May : "မင်း အဆင်ပြေရဲ့လား?"
Tul : "ကျွန် ကျွန်တော်အဆင်ပြေပါတယ်။ သူငယ်ချင်းကို စိတ်ပူနေလို့ပါ"
P'May : "မင်း သူငယ်ချင်းက ဘာဖြစ်လို့လဲ?"
Tul : "ကျွန်တော်မသိဘူး။ သူက ကျွန်တော်တို့နဲ့ ညဘက်အပြင်သွားဖို့ဆို ငြင်းနေတာ။ ပြီးတော့ သူအမြဲပြောတယ် သူက ညဘက်တို အလုပ်များလို့ နေ့ဘက်တွေပဲ အပြင်သွားလို့ရမယ်တဲ့။ P' ရော သူဘာတွေလုပ်နေတယ်လို့ ထင်လဲ?"
P'May : "မင်း သူ့ကိုရော မေးကြည့်သေးလား?"
Tul : "ကျွန်တော်မေးကြည့်တယ်။ သူက အလုပ်မအားဘူးလို့ပဲ ပြန်ဖြေတာ"
P'May : "သူအလုပ်လုပ်နေတာနေမှာပါ မဟုတ်ရင်လဲ မိသားစုပြဿနာတွေကြောင့် ဖြစ်နိုင်တာပဲ။ မင်း သူ့ကို အပြစ်တင်လို့မရဘူးလေ"
Tul : "ကျွန်တော်သူ့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ကျွန်တော်က ဒီလိုပဲစိတ်ပူလို့ပါ။ တော်ကြာညဘက်ကြီး မကောင်းတာ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ?"
P'May : "Tul P' တစ်ခုလောက်မေးလို့ရမလား?"
Tul : "ဟုတ် ဟုတ်ကဲ့ ကျွန်တော့်အမပဲဟာ မေးလို့ရပါတယ်"
P'May : "မင်း သူ့ကို သဘောကျနေတာလား?"
Tul : "ကြိုက်ရမယ်? ဘယ် ဘယ်သူ့ကိုလဲ?"
P'May : "မင်း သူငယ်ချင်းကိုပေါ့"
Tul : "ကျွန်တော် ကြိုက်... မဟုတ်ပါဘူး ကျွန်တော် မကြိုက်ဘူး။ ကျွန်တော်က ဒီတိုင်း။ မဟုတ်ဘူးနော် P' "
Tul ဖြေနေရင်း သူ့မျက်နှာက နီရဲလာတယ်.....
P'May : "P' မင်းကိုမယုံပါဘူး။ မင်းမျက်နှာကြီး နီရဲလာတာကိုကြည့်ပါဦး ဟားဟားဟား"
Tul : "ဒါပေမယ့် မဟုတ်ဘူးလေ"
P'May : "မင်းရဲ့ အမကိုတော့ မင်းလိမ်လို့မရပါဘူး။ မင်းသိလား? P' မင်းအကြောင်းကို ကောင်းကောင်းကြီးသိတယ်။ပြီးတော့ အချစ်ဆိုတာ ဆိုးတဲ့အရာမဟုတ်ဘူးဆိုတာရော သိရဲ့လား? အဲ့ဒါက အရမ်းကိုလှပတယ်။ ယောက်ျားလေး ၊ မိန်းကလေးဆိုတာနဲ့မ‌ဆိုင်ဘူး။ အချစ်က အချစ်ပဲ။ မင်းကြောက်စရာလဲမလို၊ ရှက်စရာလဲမလိုဘူး။ P' ကိုယုံပါ။ မင်းသူ့ကိုချစ်တယ်ဆိုရင် မင်းချစ်ချင်သ‌လိုသာ ချစ်လိုက်။ သူ့ကို အဆုံးရှုံးမခံနဲ့။ P' တုန်းကလိုမျိုး မင်းကို မနာကျင်စေချင်ဘူး။  P' ရဲ့ ချစ်စရာကောင်းတဲ့မောင်လေး P' ပြောတာနားလည်လား? "
Tul : "ဟုတ်တယ် P' ပြောတာမှန်တယ်"

You've reached the end of published parts.

⏰ Last updated: Sep 23, 2020 ⏰

Add this story to your Library to get notified about new parts!

My Man is a Werewolf (Myanmar Translation)Where stories live. Discover now