သူငယ်ချင်းတွေ ညီအစ်မတွေလို ခင်တယ်ဆိုတာသိပေမယ့် skinship မလုပ်ခိုင်းတာတို့ကိုချုပ်ချယ်တယ်လို့ မထင်လိုက်ပါနဲ့
သိပ်ချစ်လို့ သဝန်တိုမိတာ ဟန်နီ...
ဟန်နီ က ဘာရယ်မဟုတ် နမ်းလိုက် လက်ကိုင်လိုက်လုပ်ပေမယ့်...
ဒို့ကို jဝင်တယ်ပြောပြော အလုပ်သဘော ဇာတ်ညွှန်းအရလုပ်ရတာကိုသိရက်နဲ့ သဘောထားမကြီးဘူး နားလည်မှုမရှိဘူးလို့ ပြောပြော ဒို့အပြောခံလိုက်မယ်...
ဟန်နီ က ဒို့ရဲ့လူ ဖြစ်တာမို့ အလုပ်သဘောအရလည်း သိပ် သဝန်တိုပါတယ် အချစ်ရယ်...
အချစ်သဘော အချစ်အလိုတိုင်း
အမြဲလို အချစ်အနားကပ်ပြီးတီတီတာတာ ကလူ၍ကျီစယ်၍ နေချင်တာပေါ့...သို့ပေမယ့် ကိုယ်တို့အလုပ်က စည်းတွေဘောင်တွေ ကန့်သတ်ချက်တွေနဲ့မို့ လူအများရှေ့မှာ ကင်မရာပေါင်းများစွာရှေ့မှာ ကိုယ် မင်းကို ခနတော့ လျစ်လျူရှူ့ရမယ် ဆိုတာ အချစ်လည်း သိရက်နဲ့...
သဝန်တိုတာ သိပ်ချစ်လို့ ဆိုတာကိုယ်သိပါတယ်နားလည်ပါတယ်...
ဒီအတိုင်း ကိုယ်တို့ဘဝလေးကိုအေးအေးချမ်းချမ်းနေတာတောင် haterတွေရဲ့တိုက်ခိုက်မှု နှမချင်းကိုယ်ချင်းမစာမနာအပြောခံနေရတဲ့အတွက်
ကိုယ်ကလည်းမင်းကို သိပ်ချစ်တော့
ကာကွယ်ပေးချင်တယ်စောင့်ရှောက်ပေးချင်တယ်ဒါ့ကြောင့်မို့
တစ်ဇွတ်ထိုးသိပ်မဆန်ပါနဲ့လား အဆိုးလေးရဲ့
သိပ်ချစ်ပေမယ့်(publicမှာထက်) ကန့်လန်ကာနောက်ကွယ်မှာပဲ ကိုယ်တို့ချစ်ကြရအောင်လား
ကိုယ့်ရဲ့ အချစ်(nini)ရယ်#JL
#K🔥
21.9.2020