{ZAWGYI}
ဆေးရုံကပြန်လာပြီးအိမ်တံခါးဖွင့်လိုက်တော့
အထုတ်တွေဆွဲပြီးလိုက်ပို့တဲ့ Taxi ဦးလေးကြီးက
အခန်းထဲကနည်းနည်းထူးဆန်းတဲ့အနံ့တစ်မျိုးရတယ်နော် လူမနေတာကြာပြီလားတဲ့
အင်းဟုတ်မယ် လို့ပဲ ကျမပြန်ဖြေလိုက်တယ်။
ပြီးတော့ ကျေးဇူးပါပဲ ဆိုပြီးတိုက်ခန်းတံခါးကိုပိတ်လိုက်တယ်။
ဒီအိမ်ထဲလူစိမ်းတွေပေးမဝင်ချင်ပါဘူး။
ကိုဘုန်းကအိမ်ကိုလူစိမ်းတွေလာတာမကြိုက်ဘူးလေ။
ကိုဘုန်းနဲ့အတူနေတဲ့ဒီအိမ်လေးထဲ လာလည်ဖူးတာဆိုလို့ ကျမသူငယ်ချင်းထရီဇာပဲရှိတယ်။
ဒါတောင် ကိုဘုန်းကသိပ်သဘောမကျချင်
ကျမမှာသူငယ်ချင်းဆိုလို့ ထရီဇာတစ်ယောက်ထဲပဲရှိတာပါဆိုပြီး အတင်းပြောယူခဲ့ရတာ
ကျမက Bisexual ဆိုတာကို ကိုဘုန်းကိုပြောပြထားတော့ ကိုဘုန်းကမိန်းကလေးတွေနဲ့မပတ်သက်စေချင်ဘူးတဲ့လေ
တကယ်တော့ ကိုဘုန်းက ကျမကိုဆိုမိန်းကလေးရော ယောက်ျားလေးရော ဘယ်သူနဲ့မှမပတ်သက်စေချင်တာ..။အိမ်ထဲကိုခြေချလိုက်တော့ ကျမနှာတစ်ချက်ချေမိသွားတယ်။
နံရံဖြူဖြူ ၊ မျက်နှာကျက်ဖြူဖြူ၊ ပြတင်းပေါက်ဘောင်တွေအပါအဝင် ကြမ်းပြင်ကပါ အဖြူရောင်ကြွေပြားတွေနဲ့
ဒါလည်းကိုဘုန်းစိတ်ကြိုက်ခြယ်ခဲ့တဲ့အဖြူရောင်တွေကိုဘုန်းကဆေးရုံကိုဆိုသိပ်မုန်းတယ်။
သူ့ဘဝမှာ ဘယ်သူကမှသူ့ကိုသာမာန်လူလိုမဆက်ဆံကြဘူးတဲ့
နှလုံးရောဂါကြောင့် ငယ်ငယ်ထဲကဆေးရုံမှာပဲနေခဲ့ရပြီး လူတိုင်းကသူ့ကို ရောဂါသည်ပဲသတ်မှတ်ထားတာတဲ့
အဲတာများကိုဘုန်းရယ် ဘာလို့တစ်အိမ်လုံးဆေးရုံနဲ့တူအောင် ဆေးအဖြူတွေသုတ်နေရတာလဲမေးတော့
အဖြူရောင်မှမမြင်ရရင် မနေတတ်တော့ဘူး အကျင့်ဖြစ်သွားပြီတဲ့လေ
ကိုဘုန်းက အဲလိုဆိုက်ကို
လူတွေကိုလည်းမုန်းတယ် အပြင်ကိုလည်းမထွက်ဘူး လူစိမ်းတွေလည်းအိမ်မလာရဘူး
ကျမတောင် သူ့ကိုပြုစုတဲ့သူနာပြုမို့လို့..ကျမအဝတ်အိတ်ကိုကြမ်းပြင်ပေါ်ပစ်ချလိုက်တော့ အဖြူရောင်အမှုန့်တချို့လေထဲပျံ့သွားတယ်
ကိုဘုန်းဆုံးပြီးနောက်ပိုင်း ကျမအိမ်သန့်ရှင်းရေးလည်းမလုပ်ဖြစ်တော့
မလုပ်ချင်လို့ မလုပ်တာဆို ပိုမှန်မယ်ထင်တယ်။
အိမ်ထဲကကိုဘုန်းအငွေ့အသက်တွေ ပျောက်မသွားစေချင်ဘူး။
နောက်ဆုံးတစ်ခေါက် ထရီဇာလာလည်တုန်းကတောင် အိမ်ကြမ်းပြင်မှာ နံရံသုတ်ဆေးမှုန့်ဖြူတွေကွာကျနေလို့ သန့်ရှင်းရေးလုပ်ဖို့တောင် ပြောသွားသေးတယ်။
ကျမက မသန့်ရှင်းပဲ ဒီအတိုင်းထားတော့ အခုဆို ကြွေပြားခင်းထားတဲ့ အိမ်ကြမ်းပြင်ပေါ်ကအဖြူရောင်အမှုန့်တွေက ပိုများလာတယ်။
YOU ARE READING
One Shot Stories
RandomHere you all can read my own creation one shot story. Thanks for reading.