ချစ်သူရေးသောပြဇာတ် / ချစ်သူရေးသောပြဇာတ်

161 20 0
                                    

This is GL one shot. Unicode Version is below.

*ချစ်သူရေးသောပြဇာတ်* (One Shot)
________________________

"ဟယ်လို! မ နေကောင်းလား?"

မက တစ်ခွန်းမှပြန်မဖြေပဲ သူ့ကို လျစ်လျူရှုထားသည်။

ကိစ္စမရှိ။ သူ မ ကိုယ်ပေါ်ကို အုပ်မိုးကာ မ တစ်ကိုယ်လုံးကို အနမ်းတွေ တစ်ပွင့်ချင်းနူးညံ့စွာချွေချလိုက်သည်။

ခြေဖမိုး၊ ခြေသလုံး၊ ပေါင်၊ ဗိုက်၊ ရင်ဘတ်၊ လည်ပင်း၊ မေ့စေ့၊ ပါး၊ နှာခေါင်း၊ နဖူး.. ဆံနွယ်တွေကအစ တစ်ခုမှမကျန်အောင်..။

နောက်ဆုံး သူ မနမ်းတာကြာလို့ အေးစက်နေတယ်ထင်ရတဲ့ မရဲ့နူးညံ့နွေးထွေးတဲ့နှုတ်ခမ်းတစ်စုံကို ခပ်ဖွဖွလေးအနမ်းတစ်ချက်ပေးရင်း မတစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားလိုက်သည်။

မ က သူ့ကိုသိပ်ချစ်သည်။ မ စိတ်ဆိုးနေတုန်းမို့ သူဘာလုပ်လုပ်ငြိမ်ခံနေခြင်းသာဖြစ်သည်။

မ က သူနဲ့ မတွဲခင်တုန်းကပြောဖူးသည်။

"ဟေး ယူ အိုင်က ခပ်ရှုပ်ရှုပ်မိန်းကလေးနော်.. ယူ စိတ်ညစ်ရလိမ့်မယ်"

"ရှုပ်တယ်ဆိုတာ အချစ်စစ်နဲ့ မတွေ့သေးလို့ပါ.. ပြီးတော့ အဲတာ ယောကျာ်းလေးတွေနဲ့မှလား? မ မှ မိန်းကလေးနဲ့ မချစ်ဘူးတာ.. မိန်းကလေးတွေက သစ္စာရှိတယ်။ တကယ်ပြောတာ မယုံရင် နွေးနဲ့ တွဲကြည့်.."

"ယူက သစ္စာရှိပြီး အိုင်က မရှိရင် မကောင်းဘူးလေ.. အိုင်က ကိုယ့်ဘာသာကိုယ် အာမမခံဘူး"

"ရပါတယ် အရာအားလုံး ချစ်ခြင်းမေတ္တာနဲ့ နွေးကတည်ဆောက်ယူသွားမယ် .. မ က ဒီအတိုင်း နွေးကိုလက်ခံပေး ချစ်သူရည်းစားအဖြစ်"

"တွဲနေတုန်းမှာ အိုင်လိုချင်တာတွေ အကုန်ဖြည့်ဆီးပေးမှာ သေချာလား? သေချာဂရုစိုက်ပေး ချစ်ပေးမှာရော သေချာလား?"

"သေချာတာပေါ့ မ ဘာလိုချင်လဲသာပြော.."

မ လိုချင်တာတွေက သူထင်ထားတာတွေမဟုတ်ခဲ့။ အပတ်တိုင်း ဘိုးဘွားရိပ်သာတွေ၊ မျက်မမြင်ကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေကိုသွားကာ ပရဟိတလုပ်ခြင်းသာ။ မ က သိပ်ကိုရိုးရှင်းပြီး ပျော်ပျော်နေတတ်သည်။ စိတ်ကိုလည်း ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ထားကာ ဘေးနားက လူတွေကိုပါပျော်ရွှင်စေသည်။

One Shot StoriesWhere stories live. Discover now