PART(5)

425 17 7
                                    

UNICODE

(Wan yibo)
ငါ ဘယ်ရောက်နေတာလဲ
ဒါဘယ်နေရာကြီးလဲမသိဘူး
ငါ စောနကလေယာဉ်ကွင်းကိုသွားနေတာပါ
ဘယ်လိုလုပ်.........

(Xaio Zhan)
မားမားကျန့်ကျန့်ဘယ်ရောက်နေတာလဲ
မသိဘူး ကျန့်ကျန့်ကြောက်တယ်

ရှောင်ကျန့် မင်းရဲ့ဝိညာဉ်ဟာ
အရင်ခေတ်ကိုပြန်ရောက်သွားတာပါ

အရင်ခေတ်ကိုဟုတ်လား
ကျန့်ကျန့်အရင်ခေတ်ကိုမသွားချင်ဘူး
ကမ်းခြေကိုပဲသွားချင်တယ်

ကမ်းခြေဆိုမှအခုကျန့်ကျန့်ကမ်းခြေသွားနေတာမဟုတ်ဘူးလား
ဘာလို့ဒီကို ဧကန္တကျန့်ကျန့်ကိုပြန်ပေးဆွဲလာ
တာလား

ဘာ...ဒီကလေးစုတ် သေမင်းကိုမြန်း
ပြန်ပေးဆွဲလာတာလားတဲ့
တခါတည်းယုန်ဘဝတန်းပို့လိုက်လို့ကတော့
ဟင်း..ဟင်း...

ပြန်ပေးဆွဲရအောင်ငါကပြန်ပေးဆွဲသမား
မဟုတ်ဘူးကွ သေမင်းကွ
သေမင်း

သေမင်းဟုတ်လားဒါဆိုကျန့်ကျန့်က
သေသွားပြီလားဟင်

မသေသေးပါဘူးဒါပေမယ့်ငါပြောတာ
နားမထောင်ရင်သေရလိမ့်မယ်

နားထောင်ပါ့မယ်ကျန့်ကျန့်နားထောင်ပါ့မယ်
ကျန့်ကျန့်ကိုကြိုက်တာပြောပါ

ကောင်းပြီမင်းကိုငါသေတော့မသေခိုင်သေး
ဘူး ဒါပေမယ့်အလကားမဟုတ်ဘူး
မင်းကိုငါတာဝန်တစ်ခုပေးမယ်
မင်းလက်ခံလား လက်မခံဘူးလား

လက်ခံပါတယ်ကျန့်ကျန့်လက်ခံပါတယ်
ဘာတာဝန်လဲပြောပါ

ငါပေးမယ့်တာဝန်ကငါပြောပြမယ်
သေချာနားထောင်
ဟိုးအရင်ခေတ်တုန်းက မင်းသားလန်ဝမ့်ကျီး
နဲ့ ဝေ့ဝူရှန်ဆိုတာရှိတယ်
အဲ့မင်းသားနှစ်ပါးကရိုးရိုးသာမာန်မင်းသားနှစ်ပါးမဟုတ်ဘူး နတ်နဂါးနဂါးဖြူနဲ့နဂါးနက်ဝင်စားတဲ့မင်းသားနှစ်ပါးပဲ
နောက်ပြီးအဲ့ဒီလန်နိုင်ငံမှာ မိတ်ယွင်ဆိုတဲ့
စုန်းမိစ္စာမတစ်ကောင်ရှိတယ်
အဲ့မိစ္စာကိုဘယ်မှမတွန်းလှန်နိုင်ကြဘူး
လန်မင်းကြီးကိုယ်တိုင်တောင်မှ မတွန်းလှန်နိုင်ဘူး အိမ်နီးခြင်းနိုင်ငံတွေကို
အကူအညီတောင်းလည်း အသုံးမဝင်ခဲ့ဘူး
အခုလန်မင်းကြီးကစိတ်ဓာတ်ကျပြီးအိပ်ယာ
ထဲလဲနေပြီ ပြည်သူတွေကလည်း မိစ္စာမကိုမလွန်ဆန်နိုင်ကြဘူး

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Sep 22, 2020 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ရာစုဆက်ကချစ်သက်သေ(ရာစုဆက်ကချစ်သက်သေ)Z+UCompletedOù les histoires vivent. Découvrez maintenant