Chapter 3

3.1K 349 18
                                    

Zawgyicode

Ch 3

ညနေအိမ်ပြန်လာတော့ကိုကိုကပြန်မရောက်သေး။
အဲ့တာမို့ ရေချိုးကာ Ph ခဏသုံးနေလိုက်သည် ။ထို
အချိန် တွင် ချာတိတ်ဆီက Ph ဝင်လာတာကြောင့်
ကို်င်သင့်မကိုင်သင့်စဉ်းစားလိုက်သည် ။ဒါပေမဲ့ထို
ချာတိတ်ကိုနည်းနည်းလေးစိတ်ဝင်စားသလိုရှိနေ
တာကြောင့် answer ဆိုတာလေးကိုနှိပ်လိုက်ပြီး...

" အင်း...ချာတိတ်...ဘာဖြစ်လို့လဲ "

( ကိုကို အခုဘာလုပ်နေတာလဲဟင် )

" ဘာမှမလုပ်ပါဘူး ဒီလိုပါပဲ "

( အာ...အဲ့တာဆိုရင်လေညဈေး အတူတူသွားကြမ
လား တစ်ယောက်ထဲသွားရမှာပျင်းလို့ )

ရိပေါ်နာရီကိုကြည့်တော့ ၆ နာရီထိုးနေပြီဖြစ်သည်။
ကိုကို ကလဲမလာသေးသောကြောင့်အိမ်မှာပျင်းနေ
တာနဲ့လာမယ်လို့ပြောလိုက်သည် ။သူလာမယ်လို့
ပြောလိုက်သောအခါတစ်ဖက်ကကောင်လေးရဲ့အသံသည်သိသိသာသာကိုပျော်ရွှင်နေသောအသံ
ဖြစ်တာကြောင့်ရိပေါ်လဲပျော်ရွှင်သွားသည် ။

အဝတ်အစားလဲကာ ကောင်လေးနေတဲ့Condo
ကိုသွားလိုက်သည်။အောက်မှာရောက်နေကြောင်း
ပြောပြီးမကြာပင် all black ဝတ်ကာ ကြယ်သီးနှစ်လုံးကိုဖြုတ်ထားသောကောင်လေးရဲ့ပုံကရိပေါ်
ကိုအနည်းငယ်ဆွဲဆောင်နေသလို ။

" ကိုကို သားကိုမုန့်ဝယ်ကြွေးနော် သားပိုက်ဆံမယူ
ခဲ့ဘူး "

" ဟုတ်ပါပြီ ကိုကို ဝယ်ကြွေးမယ်နော် "

ပြုံးရွှင်နေသောကောင်လေးရဲ့ဆံပင်တွေကိုဖွကာ
လက်တစ်ဖက်နဲ့ကားစတီယာတိုင်ကိုကျွမ်းကျင်စွာ
လှည့်ပြီးမောင်းထွက်ခဲ့သည် ။ညဈေးတန်းကိုရောက်
တော့ချာတိတ်ရဲ့မျက်ဝန်းတွေကအရောင်တောက်လာပြီးကလေးတစ်ယောက်လိုမျိုးသူ့ကိုပူဆာသည်။

သူကလဲချာတိတ်ရဲ့ကလေးဆန်ဆန်ချွဲမှုတွေမှာကျ
ရှုံးသွားပြီးချာတိတ်အလိုကျ အကုန်လိုက်လျောလိုက်
သည်။ကိုကိုနဲ့ရှိနေရင်တောင်မရနိုင်တဲ့အပျော်တွေကို
ချာတိတ်နဲ့အတူနေတုံးရနေသောကြောင့်သူချာတိတ်
အပေါ်ကိုသဘောကျနေတာလားလို့စိတ်ထဲမှာပင်ထင်မှတ်မိသည်။

ADULTERY( Completed )Where stories live. Discover now