Chapter 4

3.2K 337 14
                                    

Zawgyi code

အဲ့နေ့ကနေစပြီးရိပေါ်ဟာခြေလှမ်းတွေသိသိသာသာပျက်လာတယ်။ညဘက်ဆိုအိမ်ကိုတောင်တစ်လ
နေလို့တစ်ခါမှသာရောက်လာတတ်တယ်။နောက်ပြီး
ရိပေါ်ရဲ့ညီဖြစ်တဲ့ဟောက်ရွှမ်းကလဲ နည်းနည်းပါးပါး
မထိန်းတော့ဘူးလားဆိုပြီးသူ့ကိုလာပြောတယ်။

သူထိန်းချင်တယ်။ဒါပေမဲ့သူသာအဲ့လိုပြောလိုက်ရင်
ရိပေါ်ကသူ့အနားကနေထွက်သွားမှာ ။လက်ရှိအနေ
အထားလေးကိုသူသဘောကျတယ်။ရိပေါ်ကိုသူချည်
နှောင်ထားနိုင်တဲ့တစ်ခုထဲသောအရာကခွင့်လွှတ်ခြင်းဆိုတဲ့အရာလေးနဲ့ပဲ။

တစ်နေ့ကျရင်....ရိပေါ်ဟာသူ့ရဲ့ခွင့်လွှတ်ခြင်းတွေကို
သိမြင်လာပြီးသူ့အနားကိုပြန်လာမယ်လို့သူယုံကြည်
တယ်။အဲ့တာမို့သူသိသမျမြင်သမျအရာတွေကိုမသိ
သလိုမကြားသလိုမျိုးအနေအထားနဲ့မျက်စိပိတ်နားပိတ်ထားတယ် ။

အဝတ်အစားတချို့နဲ့သူကိုယ်တိုင်ပြင်ဆင်ထားတဲ့ထမင်းဗူးလေးကိုအိတ်ထဲထည့်လိုက်တယ်။ဒီရက်တွေ
ထဲမှာရိပေါ်ကအိမ်ပြန်မလာတဲ့အပြင်အဝတ်အစား
တောင်လူကြုံနဲ့လာမယူခိုင်းဘူး။အဲ့တာမို့်အဝတ်အ
စားတချို့ရယ်အစားအသောက်အချို့ရယ်ကိုသူကိုယ်
တိုင်ပြင်ဆင်ပေးထားတာ ။

Company ကိုရောက်တော့ကားကိုပါကင်ထိုးပြီး
ဓာတ်လှေကားနဲ့အပေါ်ကိုတက်ခဲ့လိုက်တယ်။
Company ကလူတွေကသူ့ကိုသိတာမို့လိုမတားပဲ
ရိပေါ်ရှိတဲ့ရုံးခန်းကိုရောက်လာတယ်။

ဒါပေမဲ့အလုပ်သမားတွေရဲ့အကြည့်ကိုသူမကြိုက်
ဘူး။အဲ့အကြည့်တွေထဲမှာသနားတဲ့အကြည့်တွေ၊
လှောင်ပြောင်နေတဲ့အကြည့်တွေ၊ဝမ်းနည်းနေတဲ့အ
ကြည့်တွေပါနေတယ် ။ကြည့်ရတာ ရိပေါ်ရဲ့အကြောင်းကို Company တစ်ခုလုံးကလူတွေသိနေကြပြီ
ထင်တယ် ။

ရိပေါ်ရဲ့အခန်းရှေ့ကိုရောက်တော့ကောင်မလေးတစ်ယောက်ကမျက်စိပျက်မျက်နှာပျက်နဲ့သူ့ကိုတားတယ်။ရှောင်းကျန့်ကဂရုမစိုက်သလိုအပြုံးနဲ့တံခါးကိုဖြေး
ညှင်းစွာဖွင့်လိုက်တယ် ။လက်တစ်ထွာလောက်ပဲပွင့်
နေတဲ့တံခါးကြားကနေအထဲကအခြေအနေကိုမြင်ရ
ပြီးတဲ့နောက် ရှောင်းကျန့်ခါးသက်စွာရီလိုက်တယ်။

ADULTERY( Completed )Where stories live. Discover now