သိုင်းအရှင်၏အဆိပ်မောင်

290 11 0
                                    

အပိုင်း(၁)

☯☯☯☯☯☯☯☯☯☯☯

အရည်အသွေးကောင်းသော စုတ်တံတစ်ခုကို မြဲမြံစွာကိုင်ရင်း ချောမွတ်သော စာရွက်ပေါ်၌ ကဗျာစာသားအချို့ကို သိမ်မွေ့ပေါ့ပါးစွာရေးဆွဲနေသည့်
ကောင်လေးအနားကို အဖိုးကြီးတစ်ယောက်ရောက်လာပြီး မင်စုတ်ချက်တွေကိုစူးစိုက်ကြည့်ကာ ပြန်လည်ရွတ်ဆိုပြသည်

လေကတိမ်းနွဲ့...... ဝေ့ဝိုက်နံ့သာ
မွှေးပျံ့သော်လည်း....ဘေးမကင်းပါ
အဆိပ်မောင်အကျွန်....နောက်ဆုံးအပြုံး
မင်ရည်ကုန်ကြောင်း....အသင်သာသိစေ
ဘဝစာမျက်နှာ....မင်ချက်များက
ပန်းကလေးများမွှေးပျံ့စေ.....

(လေယူလေသိမ်းဖြင့်ဖတ်ပါ /ပုံ သံသာလဲ့မြူး)
(စိတ်ကူးပေါက်ရာရေးတာမို့ စိတ်မရှိပါနဲ့😁)

လီဟန်.....မင်လီဟန်...

ဗျာ ဆရာ.....

မင်းဒီစာသားကိုဘယ်ကသင်လာတာလဲ.....

အားမင် စိတ်ကူးပေါက်ရာရေးသားထားတာပါဆရာအဖိုး

လီဟန်....မင်းကပါရမီရှင်ဘဲ....လာလိုက်ခဲ့အဖိုးပြစရာရှိတယ်..

အမိန့်တိုင်းပါ ဆရာအဖိုး...

ဆရာအဖိုး၏ခေါ်ဆောင်ရာဂူအတွင်းသို့ဝင်စတွင်
အတော်ကျပ်တည်းနေသော်လည်း အတော်လျှောက်ပြီးသည့်အချိန်တွင်အပြင်လောကသို့ပြန်ရောက်သွားသည် သို့သော်လည်းထိုနေရာတွင်ညိုးနွမ်းသော သို့မဟုတ် ပျက်စီးနေသည့်အပင်တစ်ခုမျှမရှိပေ... ထိုနေရာကလည်းရေပြင်ကျယ်ကြီးဖြစ်နေပေမင့်အပင်များကမမှုသည့်အလားပင်ကြီးထွားနေကြသည်...ရေရှိလျှင်ကြာရှိသည်ဆိုသည့်အတိုင်းကြာပန်းတို့ကလည်းရောင်စုံအရွယ်အစားမျိုးစုံတို့ဖြင့်စွံ့ကားနေသည်

ဆရာအဖိုး...ဒီနေရာက....?

အားမင်လေးရဲ့အမေသိုင်းကျင့်စဥ်တွေတက်ခဲ့တဲ့နေရာ.....

ဟင်....

အဖိုးရဲ့အတော်ဆုံးတပည့်နဲ့ လမ်းမှားရောက်သွားခဲ့တဲ့တပည့်ဖြစ်တဲ့မင်းရဲ့အမေ နှင်ယွဲ့ဟန် ရဲ့လောကလေးပေါ့

အမေ....!

မျက်ရည်များက အမေကိုသတိရနေသည်ဟု ထင်ရအောင်ကျလာသည်.အမှန်တော့မင်လီဟန်ကအမေကိုမတွေ့ဖူးပါ သတိရသည်ဆိုသည်ထက် နားကျည်းသည်ဆိုသည်ကပိုမှန်ပါလိမ့်မည်

သိုင်းအရှင်၏အဆိပ်မောင် Where stories live. Discover now