သိုင်းအရှင်၏အဆိပ်မောင်

100 5 0
                                    

အပိုင်း(၂)

☯☯☯☯☯☯☯☯☯☯☯

အသက်ရှုသံများကပြင်းထန်နေပြီး ဇောချွေးများကဝတ်ရုံကိုပင်စိုစွတ်စေသည်ပင်
ရုတ်တရက်အမှောင်အတွင်းမှလန့်နိုးလာပြီး
မင်လီဟန်အမောဖြေနေမိသည်

ဟူး...ဟူး......ဒီအိမ်မက်ကိုအခုဆယ့်လေးခါမြောက်မက်တာဘဲ
(အိမ်မက်ကိုနောက်မှပြောပြမယ်နော်)

အမောဖြေပြီးသည်နှင့် မက်မွန်ပင်ပေါ်မှဆင်းကာ
မက်မွန်အမြစ်ပေါ်ကိုတက်ထိုင်ရင်း ရေချိုးသန့်စင်ဖို့ဝတ်ရုံများကိုတစ်လွှာခြင်းချွတ်ပြီး အောက်ဆုံးအဖြူထည်သာကျန်ရှိစေပြီး ကြာကန်ထဲခုန်ဆင်းလိုက်သည် ရေကလူတစ်ရပ်စာမရှိတရှိပေမို့ ရေချိုးဖို့အဆင်ပြေသည်

ဟူး....အခုမှအေးသွားတော့တယ် ကြာပန်းအနံ့လေးကမွေးနေတာဘဲ...ကြာလာရင်ငါလဲ ကြာပန်းအနံ့စွဲသွားမလားမသိဘူး..ဟ.ဟ.

တစ်ကိုယ်တည်းအထီးကျန်မှုကိုပြေပျောက်စေဖို့
စကားများပြောနေသည်နှင့် အချိန်ကအတော်ပင်ကြာသွားလေသည်

အင်း...ငါလဲဒီအဆိပ်ကျမ်းကိုအကုန်ရနေပြီဆိုပေမဲ့
လက်တွေ့အသုံးပြုဖို့ အချိန်မကျသေးဘူးပြီးတော့.....

ပြောရင်းဝတ်ရုံကိုအသာလှပ်လိုက်တော့ရင်ဘက်တည့်တည့်တွင် နှင်းပွင့်ပုံစံလိုလိုကြာပန်းပုံစံလိုလို
အဆိပ်များစုနေသောခရမ်းရောင်အမှတ်ဖြစ်နေသည် ဤသို့အမှတ်မျိုးကမျက်နှာတွင်မဖြစ်လာသည်ဘဲကျေးဇူးတင်ရပေမည်

ဟူး...ငါအဆိပ်မောင်တစ်ယောက်ဆိုတာလူတွေသိလို့မဖြစ်ဘူး....ခနနေကြရင်ငါအပြင်လောကကိုပြန်ထွက်ရတော့မယ်.......

အားမင်.......မင်လီဟန်...

ဗျာ...ဆရာအဖိုး......ကျနော့်ကိုလာခေါ်တာလား...

အင်းအချိန်နှနှစ်ရှိသွားပြီလေမြေးလေးရဲ့.....

ဟုတ်တယ်လေဆရာအဖိုး...ဒါပေမယ့်....အဖိုးလာခေါ်မယ်မထင်ထားလို့ပါ....

လာခဲ့မြေးလေးပြန်ရအောင်.....

ဟုတ်

တစ်လုံးထဲသာတိုတိုတုတ်တုတ်ပြောပြီးဆရာအဖိုးနောက်လိုက်ခဲ့ပေမင့် နောက်သို့တစ်ခေါက်ပြန်လှည့်ကြည့်ဖြစ်အောင်ကြည့်လိုက်သေးသည်

သိုင်းအရှင်၏အဆိပ်မောင် Where stories live. Discover now