အပိုင်း(၁)
☯☯☯☯☯☯☯☯☯☯☯
အရည်အသွေးကောင်းသော စုတ်တံတစ်ခုကို မြဲမြံစွာကိုင်ရင်း ချောမွတ်သော စာရွက်ပေါ်၌ ကဗျာစာသားအချို့ကို သိမ်မွေ့ပေါ့ပါးစွာရေးဆွဲနေသည့်
ကောင်လေးအနားကို အဖိုးကြီးတစ်ယောက်ရောက်လာပြီး မင်စုတ်ချက်တွေကိုစူးစိုက်ကြည့်ကာ ပြန်လည်ရွတ်ဆိုပြသည်လေကတိမ်းနွဲ့...... ဝေ့ဝိုက်နံ့သာ
မွှေးပျံ့သော်လည်း....ဘေးမကင်းပါ
အဆိပ်မောင်အကျွန်....နောက်ဆုံးအပြုံး
မင်ရည်ကုန်ကြောင်း....အသင်သာသိစေ
ဘဝစာမျက်နှာ....မင်ချက်များက
ပန်းကလေးများမွှေးပျံ့စေ.....(လေယူလေသိမ်းဖြင့်ဖတ်ပါ /ပုံ သံသာလဲ့မြူး)
(စိတ်ကူးပေါက်ရာရေးတာမို့ စိတ်မရှိပါနဲ့😁)လီဟန်.....မင်လီဟန်...
ဗျာ ဆရာ.....
မင်းဒီစာသားကိုဘယ်ကသင်လာတာလဲ.....
အားမင် စိတ်ကူးပေါက်ရာရေးသားထားတာပါဆရာအဖိုး
လီဟန်....မင်းကပါရမီရှင်ဘဲ....လာလိုက်ခဲ့အဖိုးပြစရာရှိတယ်..
အမိန့်တိုင်းပါ ဆရာအဖိုး...
ဆရာအဖိုး၏ခေါ်ဆောင်ရာဂူအတွင်းသို့ဝင်စတွင်
အတော်ကျပ်တည်းနေသော်လည်း အတော်လျှောက်ပြီးသည့်အချိန်တွင်အပြင်လောကသို့ပြန်ရောက်သွားသည် သို့သော်လည်းထိုနေရာတွင်ညိုးနွမ်းသော သို့မဟုတ် ပျက်စီးနေသည့်အပင်တစ်ခုမျှမရှိပေ... ထိုနေရာကလည်းရေပြင်ကျယ်ကြီးဖြစ်နေပေမင့်အပင်များကမမှုသည့်အလားပင်ကြီးထွားနေကြသည်...ရေရှိလျှင်ကြာရှိသည်ဆိုသည့်အတိုင်းကြာပန်းတို့ကလည်းရောင်စုံအရွယ်အစားမျိုးစုံတို့ဖြင့်စွံ့ကားနေသည်ဆရာအဖိုး...ဒီနေရာက....?
အားမင်လေးရဲ့အမေသိုင်းကျင့်စဥ်တွေတက်ခဲ့တဲ့နေရာ.....
ဟင်....
အဖိုးရဲ့အတော်ဆုံးတပည့်နဲ့ လမ်းမှားရောက်သွားခဲ့တဲ့တပည့်ဖြစ်တဲ့မင်းရဲ့အမေ နှင်ယွဲ့ဟန် ရဲ့လောကလေးပေါ့
အမေ....!
မျက်ရည်များက အမေကိုသတိရနေသည်ဟု ထင်ရအောင်ကျလာသည်.အမှန်တော့မင်လီဟန်ကအမေကိုမတွေ့ဖူးပါ သတိရသည်ဆိုသည်ထက် နားကျည်းသည်ဆိုသည်ကပိုမှန်ပါလိမ့်မည်