unicode

3.5K 380 49
                                    

ခွပ်......!ခွပ်....!

အ..!

ဝမ်ရိပေါ် ရဲ့ လက်ချက်ကြောင့်ကျောင်းသား တစ်ယောက် မြေပြင်ပေါ် လဲကျသွားသည်။

ချင်းဟော်ကိုယ်ပိုင်အထက်တန်းကျောင်း
Cအတန်းမှာဆိုရင် ရုပ်ကလေးချောသလောက်ဆိုးသွမ်းတဲ့သူက ဝမ်ရိပေါ် ဆိုတဲ့ လူသားကလွဲရင် မည်သူဖြစ်နိုင်မလဲ။အတန်းထဲမှာသူ့ကိုမကြောက်တဲ့သူတစ်ယောက်မှမရှိပေ။ဆရာ၊ဆရာမတွေကအစ သူ့ကိုကြောက်နေရသည်။ဒီကျောင်းရဲ့ ဒါရိုက်တာကလည်း သူ့အဖိုးဖြစ်နေသည်။မြေးကိုသဲသဲလှုတ်ဖြစ်နေတဲ့ အဘိုးအဘွား မိဘတွေကသြဇာညောင်းရုံမက ကျိကျိတက်ချမ်းသာသည်။

အခုလည်း Bခန်းက ကောင်လေးက သူ့
အတန်းက မိန်းကလေးတွေကို အီစီကလီလာလုပ်လို့ဆိုပြီး ထိုးကြိတ်နေသည်။သူ့နောက်မှာတော့ ခပ်ဆိုးဆိုးဂျလေဘီ သူငယ်ချင်းနှစ်ယောက်ကအမြဲအမြီး လိုက်ဆွဲနေသည်။သနားစရာကောင်းတဲ့ အဖြူရောင်ယူနီဖောင်းလေးကမင်အပြာတွေနဲ့ ရေးချင်ရာလျှောက်
ရေးနေကြသည်။ အဖြူအပြာယူနီဖောင်းလေးကသူ့လိုလူဆိုးဝတ်ထားတော့ မိန်းကလေးတွေအတွက် ရင်ခုန်ချင်စရာကောင်းပြန်သည်။မိန်းကလေးမဟုတ်တဲ့ တခြားတစ်ယောက်လည်းပါနေသေးသည်။

ကျောင်းထဲအဝင် ရှေ့မှာလှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှောင်ကျန့်ခပ်မြန်မြန်လေး ပန်းပင်တွေအောက်ပုန်းနေလိုက်သည်။ခါတိုင်းဆို ကျောင်းကိုအစောကြီးရောက်လာတတ်ပေမယ့် မနေ့ညက စာအဖတ်လွန်ပြီး အိပ်ရာထနောက်ကျလို့ကျောင်းပါနောက်ကျနေသည်။ရှေ့တံခါးပေါက်ကနေ ဝင်လို့မရတော့ နောက်တံခါးပေါက်ကနေ ဝင်လာခဲ့သည်။ သူ့ရဲ့လူဆိုးက သူ့ကိုမြင်သွားမှာဆိုးတာကြောင့်ပုဏ္ဏာရိပ်ပင်တွေအောက်ပုန်းလျိုနေလိုက်သည်။

အပင်တွေ လှုတ်တာမြင်တော့ ဝမ်ရိပေါ် မျက်မှောင်ကြုတ်ကာ သူငယ်ချင်းနှစ်ယောက်ကို သွားကြည့်ဖို့ အမူအရာနဲ့ပြလိုက်သည်။

"ဟေ့...သြော်....ဘယ်သူများလဲလို့ ငါတို့အတန်းထဲက ရုပ်ဆိုးလေးပါလား"

ချောင်ဆုန်ဆိုရင်း ရှောင်ကျန့်ရဲ့ ဆံပင်ကောက်ကောက်လေးကို တစ်ချက်လှမ်း
ထိလိုက်သည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Oct 26, 2020 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

My ugly boyOpowieści tętniące życiem. Odkryj je teraz