Ch-4 END

11K 1.7K 156
                                    

Unicode

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ နန်းတွင်းညီလာခံက မှူးမတ်တွေအကုန် ဘုရင်ကြီးရဲ့ဘေးမှာ ဖြူစင်ချင်ယောင်ဆောင်တဲ့နေရာမှာ သိပ်ကိုတော်တဲ့ လှပပြီးမြူစွယ်တတ်တဲ့ အပျက်ကောင်တစ်ကောင်ရှိနေတာကို သိသွားကြတယ်။

ပြီးတော့ ယောကျာ်းတစ်ယောက်လည်း ဖြစ်နေသေးတယ်။

သူတို့ဘုရင်ကြီးက အစကတည်းကကွေးနေတာ။ ဒါကြောင့် ဒီသတင်းကြားတော့ မှူးကြီးမတ်ရာတွေအကုန် ထိတ်လန့်ကုန်တော့တယ်။

ဘုရင်ကြီး - "ကိုယ်တော် ယောကျာ်းတွေကိုကြိုက်တယ်၊ ကိုယ်တော် မိဖုရားကြီးတင်မြှောက်မှာ မဟုတ်ဘူး"

မှူးကြီးမတ်ရာတွေဟာ သူတို့ခေါင်းတွေကို မြေပြင်ထိဦးတိုက်ကာ မိုးနတ်မင်းဆီမှာ တိုင်တည်ပူဆွေးကြလေတယ်။ ပုံစံအမျိုးမျိုးနဲ့ စောဒကတက်ကြတယ်။

ဘုရင်ကြီး - "ကိုယ်တော် အမျိုးသားမိဖုရားခေါင်တစ်ပါး တင်မြှောက်လိုက်ရင်ရော ဘယ်လိုလဲ?"

မှူးကြီးမတ်ရာတွေဟာ ရေတွင်းထဲခုန်ချပြီးပဲ သတ်သေသလိုလို ဆွဲကြိုးချသေသလိုလို ဟန်ဆောင်နေကြတော့တယ်။

ဘုရင်ကြီး - "ထားလိုက်တော့ ကိုယ်တော်မင်းတို့စကား နားထောင်ပြီး အမျိုးသမီးမိဖုရားခေါင်တစ်ပါး တင်မြှောက်လိုက်မယ်"

မှူးကြီးမတ်ရာတွေဟာ သူတို့အိမ်က သမီးပျိုလေးတွေကို တစ်ယောက်ပြီးတစ်ယောက် စတင်မိတ်ဆက်အကြံပြုကြတော့တယ်။

ဘုရင်ကြီး - "ကိုယ်တော့်သဘောနဲ့ကိုယ်တော် တင်မြှောက်ခွင့်မပေးရင်တော့၊ ကိုယ်တော်မလုပ်တော့ဘူး"

မှူးကြီးမတ်ရာတွေအကုန် တစ်ယောက်ပြီးတစ်ယောက် ပြောကြတော့တယ်။

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့ တင်မြှောက်ပါ တင်မြှောက်ပါ အရှင်ကြိုက်နှစ်သက်တဲ့ ဘယ်သူပဲဖြစ်ဖြစ် တင်မြှောက်ပါ၊ မိန်းမဖြစ်နေရင်ကို ရပါပြီ"

ဘုရင်ကြီး စိတ်ကျေနပ်သွားတော့တယ်။

~~~~~~~~

ယနေ့ တော်ဝင်စာကြည့်ဆောင်ထဲတွင်....

ဘုရင်ကြီး သဝဏ်လွှာတွေ ဖတ်ရှုနေတဲ့အချိန်မှာ မြေခွေးလေးဟာ ပလ္လင်ပေါ်မှာ ထိုင်နေခဲ့တယ်။

🎉 You've finished reading နန်းပလ္လင်ကိုနေ့တိုင်းလာလုနေတဲ့မြေခွေးမိစ္ဆာလေး (ဘာသာပြန်) 🎉
နန်းပလ္လင်ကိုနေ့တိုင်းလာလုနေတဲ့မြေခွေးမိစ္ဆာလေး (ဘာသာပြန်)Where stories live. Discover now