တစ္ျခမ္းေကြးလေရာင္ေအာက္မွာ ေတာက္ပစူး႐ွတဲ့ လက္စြဲေတာ္ဓားရဲ့ ေငြေရာင္အသြား.......
ညေကာင္းကင္ယံရဲ႕ ေသာက္႐ွဴးၾကယ္ေတြလို ၿပိဳးျပက္လင္းလက္ေနတဲ့ မ်က္ဝန္းတစ္စံု.....
အေနာက္ေဆာင္ေ႐ွ႕ တဖြဲဖြဲက်ဆင္းေနတဲ့ ခ်ယ္ရီပြင့္ဖတ္ေတြလို နုေထြးလို့ ပန္းေသြးေျပးတဲ့ ႏႈတ္ခမ္းပါး.........
ျဖဴစင္တဲ့ ႏွလံုးသားက ပဏၰာအျဖစ္ ေဆာင္ယူလာတဲ့ အမုန္းတရားလွလွ.........
ဒါေတြက ငါ့အတြက္ ဘယ္ပံုမွ ႏိႈင္းမရတဲ့ အလွတရားေတြ......
မတုပႏိုင္တဲ့ တစ္ေခတ္တစ္ခါက ဂနၱဝင္ကဗ်ာတစ္ပုဒ္......
ငါမင္းကို ေျပာဖူးပါတယ္ ထယ္။
မင္းက အေရာင္မတင္သင့္တဲ့ ရတနာ႐ိုင္းေလးပါလို႔.....
ဘယ္သူမွ မစူးစမ္းသင့္တဲ့ မပိုင္ဆိုင္သင့္တဲ့ ႐ွားပါးတည္႐ွိမႈေလး...
ဒါေပမယ့္ အသိစိတ္နဲ႔ ဆန္႔က်င္စြာပဲ ငါကေတာ့ ေလာဘတက္ခဲ့မိတယ္။
ဒါဟာ အမွားဆိုရင္ေတာင္ မင္းဆိုတဲ့ အမွားမို႔ က်င္လည္ရာ သံသရာတစ္ေလ်ွာက္ ဒီေလာက္လွပတဲ့ အမွား႐ွိေတာ့မွာ မဟုတ္ဘူးထင္ပါရဲ႕။
____________________My Muse
သူေျပာဖူးတယ္.......ကြၽန္ေတာ္နဲ႔ ေတြ႔ဆံုမႈက အမွားတစ္ခုပဲတဲ့။
ကြၽန္ေတာ့္အတြက္ေတာ့ အသက္နဲ႔ လဲမရႏိုင္တဲ့ ဘုရားေပးတဲ့ ဆုလာဘ္ပဲလို႔။
ဘဝမွာ သူ႔ကို ခ်စ္ရတာေလာက္ ထူးျခားဆန္းၾကယ္တာမ်ိဳး မ႐ွိခဲ့ဘူး။သူဟာ ကြၽန္ေတာ့္ရဲ႕ ေန႔နဲ႔ ည၊မနက္ခင္းရဲ႕ ေနမင္းနဲ႔ ညခင္းရဲ႕ လတစ္စင္း။တစ္ေယာက္တည္း အပိုင္မသိမ္းသင့္တဲ့ ေလာကႀကီးရဲ႕ နတ္ဘုရားတစ္ပါး။
သူဟာ သူ႔နားမွာ အပါးေတာ္နား ခစားခြင့္ေပးသလို ကြၽန္ေတာ့္ဘက္ကလည္း တန္ရာတန္ေၾကး ေပးခဲ့ရရဲ႕။
စိတ္နဲ႔ ခနၶာ......
အ႐ိုးအသားပါမက်န္......
ဝင္သက္ထြက္သက္ပါမက်န္.....
အရာအားလံုးဟာ သူ႔အတြက္ပါပဲလို႔ရယ္ေလ။
သူ႔အတြက္.....ေဂ်ာင္ဟိုေဆာ့ဆိုတဲ့....သူ႔အတြက္ေလ...
_______________________Your Muse
အျမည္းေလးပါဗ်😘😘
Unicode
တစ်ခြမ်းကွေးလရောင်အောက်မှာ တောက်ပစူးရှတဲ့ လက်စွဲတော်ဓားရဲ့ ငွေရောင်အသွား.......
ညကောင်းကင်ယံရဲ့ သောက်ရှူးကြယ်တွေလို ပြိုးပြက်လင်းလက်နေတဲ့ မျက်ဝန်းတစ်စုံ.....
အနောက်ဆောင်ရှေ့ တဖွဲဖွဲကျဆင်းနေတဲ့ ချယ်ရီပွင့်ဖတ်တွေလို နုထွေးလို့ ပန်းသွေးပြေးတဲ့ နှုတ်ခမ်းတစ်စုံ..........
ဖြူစင်တဲ့ နှလုံးသားက ပဏ္ဏာအဖြစ် ဆောင်ယူလာတဲ့ အမုန်းတရားလှလှ.........
ဒါတွေက ငါ့အတွက် ဘယ်ပုံမှ နှိုင်းမရတဲ့ အလှတရားတွေ......
မတုပနိုင်တဲ့ တစ်ခေတ်တစ်ခါက ဂန္တဝင်ကဗျာတစ်ပုဒ်......
ငါမင်းကို ပြောဖူးပါတယ် ထယ်။
မင်းက အရောင်မတင်သင့်တဲ့ ရတနာရိုင်းလေးပါလို့.....
ဘယ်သူမှ မစူးစမ်းသင့်တဲ့ မပိုင်ဆိုင်သင့်တဲ့ ရှားပါးတည်ရှိမှုလေး...
ဒါပေမယ့် အသိစိတ်နဲ့ ဆန့်ကျင်စွာပဲ ငါကတော့ လောဘတက်ခဲ့မိရဲ့။
ဒါဟာ အမှားဆိုရင်တောင် မင်းဆိုတဲ့ အမှားမို့ ကျင်လည်ရာ သံသရာတစ်လျှောက် ဒီလောက်လှပတဲ့ အမှားရှိတော့မှာ မဟုတ်ဘူးထင်ပါရဲ့။
____________________My Muse
သူပြောဖူးတယ်.......ကျွန်တော်နဲ့ တွေ့ဆုံမှုက အမှားတစ်ခုပဲတဲ့။
ကျွန်တော့်အတွက်တော့ အသက်နဲ့ လဲမရနိုင်တဲ့ ဘုရားပေးတဲ့ ဆုလာဘ်ပဲလို့။
ဘဝမှာ သူ့ကို ချစ်ရတာလောက် ထူးခြားဆန်းကြယ်တာမျိုး မရှိခဲ့ဘူး။သူဟာ ကျွန်တော့်ရဲ့ နေ့နဲ့ ည၊မနက်ခင်းရဲ့ နေမင်းနဲ့ ညခင်းရဲ့ လတစ်စင်း။တစ်ယောက်တည်း အပိုင်မသိမ်းသင့်တဲ့ လောကကြီးရဲ့ နတ်ဘုရားတစ်ပါး။
သူဟာ သူ့နားမှာ အပါးတော်နား ခစားခွင့်ပေးသလို ကျွန်တော့်ဘက်ကလည်း တန်ရာတန်ကြေး ပေးခဲ့ရရဲ့။
စိတ်နဲ့ ခန္ဓာ......
အရိုးအသားပါမကျန်......
ဝင်သက်ထွက်သက်ပါမကျန်.....
အရာအားလုံးဟာ သူ့အတွက်ပါပဲလို့ရယ်လေ။
သူ့အတွက်.....ဂျောင်ဟိုဆော့ဆိုတဲ့....သူ့အတွက်လေ...
_______________________Your Muse
အမြည်းလေးပါဗျ😘😘
YOU ARE READING
The Unfinished Diary of an Infamous Muse
Fanfictionေနနဲ႔ လဟာ ဘယ္ေတာ့မွ ေဝးကြာမသြားပါဘူး။အခ်စ္ႀကီး႐ွာတဲ့ လမင္းငယ္က ေ႐ွာင္ေျပးေနတဲ့ ေနမင္းႀကီးရဲ႕ ရင္ေငြ႔ေႏြးေႏြးနဲ႔ ညတိုင္းကို အလွဆံုးျဖစ္ေအာင္ ထြန္းပေနတာပဲေလ။ Written byးayechanmoe2012 Cover by JaeJoong Htike