ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ပြုံးဖြီးနေတဲ့ ကောင်လေးတစ်ယောက် ကွန်ပျူတာ စခရင်ပေါ်မှာတော့ ချယ်ရီဖူးရောင် နှုတ်ခမ်းပါးလေးကို အစွမ်းကုန်ထော်ထားတဲ့ ချစ်စဖွယ်ကောင်လေးတစ်ယောက်
'မင်းလဲ အဲ့စိတ်နဲ့ ရူးမှာပဲ'
'ဟုတ်ပါ့ မိန်းကလေးတွေထက် သူက ပိုဆိုးနေတယ်'ကြည်နူးဖွယ်အတွေးလေးတွေကို ဖျက်စီးလိုက်သူက နှစ်ယောက်မရှိတဲ့ ချစ်သူငယ်ချင်း Chen ခေါ် Kim Jongdae နဲ့ တမိုးအောက် ချစ်ညီမလေး Kim Aeri
KyungSoo : ya မင်းတို့နှစ်ကောင် ငါ့ကို စပြန်ပြီ သေချင်လို့လား
Chen : တွေ့လား Aeri လူပု စိတ်တိုဆိုတာ ဒါမျိုး
Aeri : ဟုတ်ပါ့နော် ကျန်သေးတယ်လေ ကိုChen ရဲ့ လူပုစိတ်တို ဘာပုရန်လိုဆိုလား
Chen : aww ခွေးပု ရန်လိုလေ Aeri ရဲ့
Aeri : Marja! Marja! ကိုChen ပြောတဲ့ဟာပြောပြီး နှစ်ယောက်သား လှစ်ကနဲ ပြေးသွားလိုက်တာများ လူပု ခြေတိုသလောက် အပြေးမြန်တဲ့ဟာတွေ ငါ့များ လူပုတဲ့ သူတို့နှစ်ယောက်ကျ မပုတာ ကျနေတာပဲ Aeri က မိန်းကလေးမို့ ပုတာ ထားပါ ငChen ဆိုတဲ့ကောင် သူလဲ ဂျပုပဲဟာကို ကိုယ့်ဟာကိုယ် Bacon လေးကို ကြည့်တာပဲ ကောင်းတယ် သူ ကျွန်တော့်ရဲ့ သူ ကျွန်တော့်ရဲ့ puppy လေး ကျွန်တော့်ရဲ့ idol Power Ent: ရဲ့ အတောက်ပဆုံး အနုပညာ ကြယ်ပွင့်လေးတစ်ပွင့် ဟုတ်တာပေါ့ ကျွန်တော်က Byun Baekhyun ဆိုတဲ့ ထိုလူသားရဲ့ ညို့ငင်မှုအောက်မှာ ကျဆုံးနေတဲ့ သူရဲ့ fanboy လေး လူကြားကောင်းအောင်တော့ fanboy လို့ ပြောရတာပေါ့ တကယ်တော့ ကျွန်တော် သူ့အပေါ်မှာ idol ဆိုတဲ့ အဖြူရောင် အစည်းအတားလေးထက် ကျော်လွန်နေတဲ့ အချစ် ထူးဆန်းနေတယ်မလား idol တစ်ယောက်ကို Fanboy တစ်ယောက်က ချစ်သူရည်းစားလို ချစ်နေတယ်ဆိုတာ နောက်ပြီး fangirl ဆိုရင်တောင် တော်သေး ကျွန်တော်က fanboy ဖြစ်နေတော့ ထူးဆန်းတာပေါ့ မင်းတို့ပဲ မဟုတ် ကျွန်တော့်ကို ကျွန်တော်လဲ ထူးဆန်းနေတယ် သူ့ကို စတွေ့တဲ့အချိန်ထဲက ကိုယ့်ရင်ခုန်သံကိုယ် မယုံနိုင်ခဲ့ဘူး ဘာလို့လဲ ဘာလို့ ကိုယ်နဲ့ အဝေးကြီးက လူသားတစ်ယောက်ကို ချစ်မိသွားတာလဲ သူ့ကို သဘောကျလွန်းလို့ အခန်းထဲမှာလဲ သူ့ပုံတွေချည်း ကျွန်တော့်ရဲ့ coffee shop လေးကိုတောင် Bacon ဆိုပြီး သူမသိပေမဲ့ သူ့ကို ကျွန်တော် တိတ်တခိုး ပေးထားတဲ့ နာမည်ပြောင်လေးကို ပေးထားတာ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားလေး idol တစ်ယောက်ကို သဘောကျနေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတွေ မေးနေကြ စကားတစ်ခွန်းရှိတယ် 'မင်းက gay လား' တဲ့ အဲ့ကိစ္စနဲ့ပဲ အဖေက အရိုးတွေ ကျိုးမတတ်ထိုးတာလဲ ခံရဖူးတယ် ဘယ်လောက်ပဲ အပြောအဆိုတွေ ခံခဲ့ရပါစေ သူ့အပေါ် မပြောင်းလဲဘဲ ဆက်ချစ်မြဲ ဆက်ချစ်နေခဲ့တယ် ပိုပိုပြီးတောင် တိုးလာသေးတယ် နောက်ဆုံးတော့ မိဘတွေလဲ ကျွနိတော့်ကို လက်လွှတ်ပေးလိုက်တာလား ဥပေက္ခာ ပြုလိုက်တာလားတော့ မသိဘူး အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မပြောတော့ဘူး သူငယ်ချင်းတွေကတော့ အပေါင်းအသင်း သိပ်မလုပ်ကြတော့ဘူး အခုချိန်ထိ ကျွန်တော့်ကို နားလည်ပေးပြီး ကျွနိတေိာ့နားမှာ ရှိနေပေးတဲ့ သူငယ်ချင်းကောင်း JongDae နဲ့ မိဘတွေ ဆူတိုင်း ကျွန်တော့်ဘက်က ကာကွယိပေးတဲ့ ချစ်စရာ ညီမလေး Aeri နှစ်ယောက်သာ တစ်ခါတစ်လေ စောစောကလို ထဖောက်တာက လွဲရင်ပေါ့ ကျွန်တော်တို့ မောင်နှမက အမြွှာပီသတယ် ကျွန်တော်ကလဲ Bacon (Baekhyun) ကို ကြိုက်တယ် သူငယ်ချင်း ငChen ကလဲ အဲ့ Ent: လက်အောက်က XiuXiu ဆိုတဲ့ မော်ဒယ်မလေးကို ကြိုက်နေသလို ကျွန်တော့် ညီမ Aeri ကလဲ အဲ့ Ent: က Dj Loey ဆိုတဲ့ Chanyeol Hyung ကို ကြိုက်နေတာပဲ အမျိုးတူခြင်း စုမိနေတာပေါ့ဗျာ အခုတော့ ဟို ငမွှေထိုးနှစ်ကောင်ကို လိုက်ရှာပြီး ကောင်းကောင်းအပြစ်ပေးလိုက်ဦးမယ်
-------------------------------------------------
ဆိုင်မှာ လူရှင်းနေတာနဲ့ ဖုန်းလေး ဖွင့်လိုက်တုန်း ကျက်သရေရှိလှတဲ့ Bacon လေး live လွှင့်တာနဲ့ တည့်တည့်တိုးတဲ့ ကျွနိတော့်လောက် ကံကောင်းတဲ့ fanboy ရှိပါ့ဦးမလားဗျာ Aigoo ကြည့်ပါဦး ခုမှ အိပ်ရာနိုးနိုးချင်း live လွှင့်တာတဲ့ဗျာ မျက်နှာလေးကို ဖောင်းကားနေတာပဲ ကျွန်တော့်နဲ့ ညားမှ သူ့ပါးဖောင်းဖောင်းလေးကို ဆွဲကိုက်ပစ်ဦးမယ် အမယ်လေး အိပ်ချင်မူးတူးလေးနဲ့ ချွဲနေတာဗျာ ချစ်စရာလေး Oh~ fangirl တွေရဲ့ com: တွေကလဲ နဲနဲနောနော မဟုတ်ဘူး ဟွန့် မိန်းကလေးတွေလဲ မလွယ်ပါလား တစ်ခါတစ်လေ ကိုယ်တစ်ခါမှ မပိုင်ဆိုင်ရဖူးတဲ့ လူတစ်ယောက်ကို သဝန်တိုရတာလဲ ဝဋ်ကြွေးတစ်ခုအလား တစ်ချိန်ချိန် သူ့ဘဝရဲ့ Angel လေးကို လက်တွဲသွားတဲ့အချိန် အမှောင်ထဲမှာ တစ်ယောက်ထဲ ငိုကြွေးပြီး ကျန်ခဲ့ရမှာ သိရက်နဲ့လဲ ဆက်ချစ်မိတုန်း မီးကို ပူမှနိးသိရက် တိုးဝင်နေမိတဲ့ ပိုးဖလံကောင်တွေလိုပေါ့ အရူးလို့ ပြောချင်ပြောပါစေ ဖယောင်းတိုင်တွေက သူတို့ သဘာဝအတိုင်း နေနေကြတယ်ဆိုပေမဲ့ ပိုးဖလံကောင်လေးတွေအတွက်က အရမ်းပူလောင်လွန်းတယ် ဒါပေမဲ့လဲ အရူးလို မီးထဲ တိုးဝင်နေတဲ့ ပိုးဖလံတွေနဲ့ ကျွန်တော်က ဘဝတူတွေပဲ aww live တောင် ပြီးသွားပြီ ဟွန့် ဆယ်မိနစ်ထဲ တစ်နာရီလောက် လွှင့်ရင် ဘယ်သူ တရားစွဲမှာမို့လို့လဲလို့ Bacon လေးရဲ့
(တကယ်တော့ အုပ်ကြီးကို ပြောချင်တဲ့ စကားပါ)
ထိုစဉ် ဆိုင်ထဲကို ဝင်လာတဲ့ လူတစ်ယောက်ကြောင့် မြန်မြန်ထပြီး အရိုအသေပေးလိုက်ရတယ်
KyungSoo : Annyeonhasaeyo
နှုတ်ဆက်လိုက်တော့ ထိုလူက ကျွန်တော့်ကို လှည့်ကြည့်ပြီး မျက်လုံးအပြုးသားနဲ့ ကြည့်နေပြန်တယ် တော်တော်ကြာလာတာနဲ့ ကျွန်တော်လဲ မျက်နှာတွေပူလာလေပဲ
KyungSoo : ဒီမှာ ခင်ဗျ
Man : အာ ဆောရီး
KyungSoo : ဟုတ်ကဲ့ ဘာမှာမလဲ မသိဘူး
Man : arr black coffee တစ်ခွက်
KyungSoo : ဟုတ်ကဲ့
တစ်ယောက်ထဲလုပ်နေရတာ ဟိုငမွှေထိုးနှစ်ကောင် ဘယ်သွားနေပြန်ပြီလဲ မသိဘူး ပြန်လာမှ တွေ့မယ် တော်သေးတယ် စားသုံးသူတစ်ယောက်ထဲရှိလို့
KyungSoo : black Coffee ရပါပြီခင်ဗျ
Man : အာ ကျေးဇူး ဒါနဲ့ မင်းက EXODUS school ကလား
KyungSoo : Nae ကျွန်တော့်ကို သိလို့လား ခင်ဗျ
Man : ကိုယ့်သားလေးနဲ့ သမီးကလဲ အဲ့ကျောင်းမှာပဲ pre-school တက်နေတာပါ မင်းကို အဲ့မှာ တွေ့ဖူးလို့လေ
YOU ARE READING
Spring and Love
Fanfictionအရူးအမူး သဘောကျခဲ့ရတဲ့ idol ရဲ့ အကိုနဲ့မှ လက်ထပ်လိုက်ရတဲ့ ကောင်လေးနဲ့ အထင်လွဲမှုတွေနဲ့ အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ယောက်ဖ idol လေးတို့ကြားက အချစ်ဇာတ်လမ်း