Imsung : တောင်းပန်ပါတယ် ကလေးရယ် ဟန်းနီးမွန်းတောင် လိုက်မပို့ရဘူး ကိုယ်တကယ် အလုပ်ပေါ်လာလို့ပါ
KyungSoo : ကျစ်... အပိုတွေ မပြောစမ်းနဲ့ဗျာ နားခါးတယ် ခင်ဗျားနဲ့ ကျွန်တော်က ချစ်လို့လက်ထပ်ထားတာမဟုတ်ဘူး မမေ့နဲ့
Insung : ကိုယ့်ကို ဘာလို့ အဲ့လောက် မုန်းနေတာလဲ ကလေးရယ်
KyungSoo : ခင်ဗျားကို ကျွန်တော် ပြောစရာရှိတယ်
Insung : ပြောလေ ကလေး ကိုယ် ဘာလုပ်ပေးရမလဲ
KyungSoo : ကျွန်တော် အလုပ်လုပ်မလို့
Insung : ဟာ မဖြစ်နိုင်တာ ကလေးကလဲ ဘာလိုအပ်တာရှိလို့လဲ
KyungSoo : ညီမလေးရဲ့ ကျောင်းစရိတ်အတွက်လေ
Insung : ကိုယ်ထောက်ပံ့နေတာပဲကိုကွာ
KyungSoo : အကိုက သူဌေးတစ်ယောက်ကို အပိုင်ချုပ်ပြီချုစားတဲ့ပိုင်လုံးဖြစ်တဲ့အပြင် ညီမကိုပါ အဲ့သူဌေးရဲ့ အရှိုန်အဝါနဲ့ ထောက်ပံ့ပေးနေတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး ကျွန်တော့ကြောင့်နဲ့ ညီမလေးကို စိတ်အားမငယ်စေချင်ဘူး ညီမလေးအတွက် လိုအပ်တာမှန်သမျှကို ကျွန်တော်ကပဲ လုပ်ပေးချင်တယ် ညီမလေး အိမ်ထောင်မကျသေးသရွေ့ ကျွန်တော်ကိုယ်တိုင် ညီမလေးကို စောင့်ရှောက်ပေးချင်တယ်
Insung : အင်းပါ ဒါဆိုလဲ ကလေးသဘောပါ ကလေးဆန္ဒရှိရင် ကိုယ်ခွင့်ပြုပါတယ်
KyungSoo : ကျွန်တော်က ခင်ဗျားဆီက ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး အသိပေးတာ ခင်ဗျားလက်ခံခံမခံခံ ကျွန်တော်က လုပ်ဖို့ ဆုံးဖြတ်ပြီးသား
Insung : အင်းပါ ကိုယ်ပြောလဲ ကလေးလက်မခံဘူးဆိုတာ ကိုယ်သိပါတယ် ဖြစ်နိုင်ရင် ကိုယ့် omma ကိုတော့ အသိပေးပေးပါကွာ နော်
KyungSoo : အဲ့တာတော့ စိတ်ချပါ ကျွန်တော် မိသားစုတွေကို အသိပေးမှာပါ ကျွန်တော်က ခင်ဗျားကိုမုန်းပေမဲ့ ခင်ဗျားရဲ့ မိသားစုဝင်တွေကိုတော့ တန်ဖိုးထားတယ်
*Byun Baekhyun ဆိုတဲ့ လူသားလေးက ထိပ်ဆုံးပဲပေါ့*
--------------------------------------------------
မနက်မိုးလင်းတော့ အခန်းပြင်ထွက်လာတော့ မျက်နှာချင်းဆိုင်ခန်းကနေ ခေါင်းစုတ်ဖွားနဲ့ ညအိပ်ဝတ်စုံအဖြူလေးနဲ့ စူပုတ်ပြီး ထွက်လာတဲ့ Bacon ရဲ့ ပုံစံလေးကြောင့် ခေါင်းငုံ့ပြီး ပြုံးလိုက်မိတာကို မြင်ဖြစ်အောင်မြင်သွားသေးတာ
'ဘာပြုံးတာလဲ' ဆိုပြီး စောင့်အော်လိုက်တာ လူက လိပ်ပြာတောင် လွင့်တော့မတတ် သူ ကျွန်တော့်ကို မုန်းလို့ အဲ့လို ပြင်းပြင်းထန်ထန် ဆက်ဆံပေမဲ့ ခင်ဗျားတို့သိတဲ့အတိုင်း Bacon က စိတ်ဆိုးနေတဲ့ အချိန်တောင် ချစ်ဖို့ကောင်းလွန်းတယ်မလား သူ ကျွန်တော့်ကို မုန်းနေတဲ့ပုံစံလေးကိုက ကျွန်တော် သူ့ကို ပိုချစ်လာစေတယ်
(ပိုလိုက်တာလို့ မပြောနဲ့ စာရေးသူရဲ့ Bacon လေး ဘယ်လောက်ချစ်ဖို့ကောင်းလဲ စာရေးသူ အသိဆုံး)
အောက်ဆင်းလာတော့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ Mama Byun နားကို သွားလိုက်ကာ
KyungSoo : Ommonyi ကျွန်တော် ဘာကူညီပေးရမလဲ
Mrs.Byun : ဟယ် Kyung လေး နိုးလာပြီလား အစောကြီးရှိသေးတာကို
KyungSoo : Ommonyi ကို ကူညီချင်လို့ပါ
Mrs.Byun : အံမယ်လေး ရပါတယ်ရှင်
KyungSoo : Ommonyi ကလဲ ကျွန်တော့်ကို ခိုင်းပါ ကျွန်တော်က ဟင်းချက်တာ အရမ်းတော်တာ
Mrs.Byun : အံမယ်လေး ဟုတ်ပါပြီ ကိုတတ်ပလေးရယ် ဒါဆိုလဲ ဟင်းချိုလေးချက်ပေး လက်ရာလေး မြည်းစမ်းကြည့်ရပေါ့
KyungSoo : Nae Ommonyi လုံးဝ ဆွေမျိုးမေ့သွားအောင် ချက်ပေးမယ်
Mrs.Byun : ဟုတ်ပါပြီရှင် ဟုတ်ပါပြီ
မီးဖိုးချောင်မှာ ချက်ရင်းပြုတ်ရင်း လွတ်လွတ်လပ်လပ်ရယ်မောနေတဲ့ ကောင်လေးကို နောက်ကနေကြည့်ပြီး ပြုံးနေမိတဲ့ ကောင်လေး တစ်ယောက်လဲ ရှိနေသေးသည်
-------------------------------------------------
KyungSoo : GoodMorning Appunyi
Mr.Byun : အေး GoodMorning ပါကွာ အစောကြီးနိုးနေတာလား
Mrs.Byun : အစောကြီးနိုးပြီး ကျွန်မကို ကူညီပေးနေတာလေ
Mr.Byun : ဟုတ်လား
KyungSoo : Ommonyi Appunyi ထိုင်ပါ ကျွန်တော် ဟင်းတွေ သွားယူပေးပါ့မယ်
Mrs.Byun : ဟုတ်ကဲ့ပါရှင်
KyungSoo လဲ မီးဖိုချောင်ထဲမှာ ပြင်ဆင်ထားတဲ့ ဟင်းပန်ကန်တွေကို အရင်သွားပို့လိုက်ပြီး ဟင်းချိုအိုးကို သေချာပြင်ဆင် ပန်းကန်ထဲထည့်ပြီး နောက်ကိုလှည့်အထွက် အခန်းဝမှာ လက်ပိုက်ပြီး သူ့ကို ရပ်ကြည့်နေတဲ့ လူတစ်ယောက်ကြောင့် လန့်ပြီး လက်ထဲက ဟင်းချိုပန်းကန်ပြုတ်ကျကာ ခြေဖမိုးပေါ်ကို လောင်းချလိုက်သလို ဖြစ်သွားလေတယ်
Baekhyun : ကျစ် အာရုံတွေက ဘယ်ကို ရောက်နေလို့ ပန်းကန်ကို သေချာမကိုင်ရတာလဲ
KyungSoo : ဟို တောင်း...တောင်းပန်ပါတယ်
Baekhyun : နမော်နမဲ့နဲ့ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ
Mrs.Byun : ဟဲ့ ဘာတွေဖြစ်နေတာလဲ ဟယ် သား ဘာဖြစ်တာလဲ
KyungSoo : Om...Ommonyi
Bacon ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး
KyungSoo : ကျွန်တော် ဟင်းချိုပန်းကန်ယူပြီး လှည့်အထွက် အဲ့တာ ခြေချော်ပြီး ပန်းကန်လွတ်ကျလို့ပါ
Mrs.Byun : အယ် ဖြစ်မှဖြစ်ရလေ သားရော ထိမိသွားသေးလား
KyungSoo : Arnyi ကျွန်တော် ဘာမှမဖြစ်ပါဘူး
Mrs.Byun : လာ သား လာတော့ အဲ့တာတွေ ခြံစောင့်ကို ခေါ်ပြီး ရှင်းခိုင်းလိုက်မယ်
KyungSoo : တောင်းပန်ပါတယ်
Mrs.Byun : ရပါတယ် လာ Baekhyun သားလဲ လာတော့ မနက်စာလာစား
KyungSoo ရဲ့ အဖြေစကားတွေကြောင့် ကြောင်အနေသော Baekhyun မှာတော့ သူ့အမေဆွဲခေါ်ရနောက် တန်းလန်းပါသွားရလေသည် သူတွေးနေမိတာက KyungSoo ဘာလို့ လိမ်တာလဲ သူ့ကြောင့် မှောက်ကျသွားတာလို့ ဘာလို့ မပြောတာလဲ
KyungSoo : Ommonyi! Appunyi!
Mrs.Byun : omm ပြောလေ
KyungSoo : ကျွန်တော် အလုပ်လုပ်ချင်လို့ ကိုကြီးကိုတော့ ပြောပြပြီးပါပြီ Ommonyi တို့ကို အသိပေးတာပါ
Mr.Byun : မင်း လိုအပ်တာဘာရှိလို့လဲ မင်းကိုကြီးကိုပြောလိုက်လေ
KyungSoo : ကျွန်တော် လိုအပ်တာမရှိပါဘူး
Mrs.Byun : အဲ့တာနဲ့များ ဘာလို့ လုပ်မှာလဲကွယ်
KyungSoo : ညီမလေးရဲ့ ကျောင်းစရိတ်ကို ကျွန်တော်ကိုယ်တိုင် ထောက်ပံ့ပေးချင်လို့ပါ
Mr.Byun : ညီမလေး! မင်းမှာ ညီမလေးရှိလို့လား
KyungSoo : ဟုတ်
Baekhyun : ဒါဆို ဟိုတစ်နေ့က ကော်ဖီဆိုင်မှာ တွေ့တဲ့ ကောင်မလေးက မင်းညီမလေးလား ဂျင်းဘောင်းဘီတိုလေးနဲ့ ဆံပင်စည်းထားတဲ့ တစ်ယောက်လေ
KyungSoo : ဟုတ် အဲ့ဒါ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီမလေးပါ
Baekhyun : aww
Baekhyun သူ့ထမင်းသူ ခေါင်းငုံ့ပြီး ဆက်စားနေပေမဲ့ သူ့နှုတ်ခမ်းတွေ ပြုံးနေခဲ့တယ် သူ့စိတ်ထဲမှာတွေးမိတာက 'တော်သေးတာပေါ့' တဲ့
Mrs.Byun : အဲ့ဒါများ ညီမလေးကို ဒီမှာ ခေါ်ထားပါလား
Baekhyun : Omma!!
သူတို့ရဲ့ စကားဝိုင်းကို ဝင်မပါပေမဲ့ သူ့ညီမကို ခေါ်ထားမဲ့ကိစ္စမှာတော့ ကျွန်တော် ဝင်အော်ရလေသည် ဟုတ်တယ်လေ အိမ်မှာ မိန်းကလေးမရှိစေချင်လို့ မိန်းကလေးအိမ်စေတောင် မခေါ်ပဲထားတာကို
Baekhyun : Omma ခေါ်ထားလို့တော့ ဘယ်ဖြစ်ပါ့မလဲ အိမ်မှာ ကျွနိတော် ရှိနေတာကို
Mrs.Byun : ဟဲ့ သားငယ်
KyungSoo : ဟို ကိုကြီးက ညီမလေး နေဖို့ တိုက်ခန်းတစ်ခန်းဝယ်ပေးထားပါတယ် အဲ့တိုက်ခန်းမှာ ညီမလေးရယ် ညီမလေးအဖေိာရအောင် ကျွန်တော့် သူငယ်ချင်းရယ် သူ့အစ်မကိုခေါ်ထားပါတယ်
Mrs.Byun : aww အေးပါ
Mr.Byun : ဒါဆို သားက ဘာလုပ်ဖို့ စဉ်းစားထားလဲ
KyungSoo : အဲ့တာတော့ မစဉ်းစားရသေးပါဘူး
ရုတ်တရက် ကျွနိတော့် ခေါင်းထဲ အကြံတစ်ခုဝင်လာတာကြောင့်
Baekhyun : arr ဒါဆို မင်း ငါတို့ ကုမ္ပဏီမှာ အလုပ်လုပ်မလား နေရာကောင်းကောင်းတော့ ရမှာမဟုတ်ဘူး ဒါမဲ့ အရမ်းလဲ မနိမ့်အောင် ငါပြောပေးလို့ရပါတယ်
KyungSoo : arr ဟုတ် လုပ်လို့ရရင် အဲ့ဒီမှာပဲ လုပ်ချင်ပါတယ်
Baekhyun : Ok ငါ ဒီနေ့ Ent: သွားရင် မေးခဲ့ပေးမယ်
KyungSoo : Nae~ Gomawow.
Baek'pov : သူ့ကို ကျွန်တော်နဲ့ အနီးဆုံးမှာ ထားရမယ် ဘယ်လောက်ပဲ သူ့ကို သဘောမကျပါစေ သူက ကိုယ့်အကိုရဲ့ ယောက်ျား ကိုယ့်မှာ စောင့်ရှောက်ရမဲ့ တာဝန်ရှိတယ်လေ
-----------------------------------------------
Baekhyun : Chanyeol!
Chanyeol : အင်း ပြော!
Baekhyun : Ent: မှာ Staff တွေ လိုသေးလား
Chanyeol : မပြောတတ်ဘူးလေ လိုဦးမယ် ထင်တယ် မေးကြည့်လိုက်ပေါ့ ဒါနဲ့ ဘာလုပ်ဖို့လဲ
Baekhyun : ဟိုကောင်လေး အလုပ်လုပ်မယ်ဆိုလို့ပါ
Chanyeol : ဟိုကောင်လေး! အာ မင်းယောက်ဖလား
Baekhyun : omm
Chanyeol : အဲ့တာများ မင်း မန်နေဂျာနေရာ ပေးလိုက်ပေါ့
Baekhyun : မပေးပါဘူး ငါ့မန်နေဂျာနေရာက တန်ဖိုးရှိတယ် သူနဲ့ မထိုက်တန်ဘူး
Chanyeol : ဟူး မင်း တော်တော် အငြိုးကြီးနေတာပဲ
Baekhyun : ထားလိုက်ပါကွာ
Chanyeol : အေး ငါလဲ မင်းကို မပြောတော့ဘူး တကယ်ပဲ
------------------------------------------------
Insung : ကလေး!!
KyungSoo : Omoya! လန့်လိုက်တာ ဟင် ခင်...ခင်ဗျား ဘယ်တုန်းက ပြန်ရောက်တာလဲ
Insung : ညနေကပဲ ပြန်ရောက်တာ ကလေးက ညီမလေးဆီ သွားနေတာလား
KyungSoo : ဟုတ်တယ် ခင်ဗျားက ပြန်လာမယ်ဆို ဖုန်းလေးဘာလေး ကြိုဆက်ပေါ့
Insung : ကလေးကို Suprise ဖြစ်စေချင်လို့
KyungSoo : တော်စမ်းပါဗျာ Suprise လုပ်ရလောက်တဲ့အထိ ခင်ဗျားနဲ့ ကျွန်တော် ရင်းနှီးတဲ့ ဆက်ဆံရေးမဟုတ်ဘူးဆိုတာ မမေ့နဲ့
Insung : အင်းပါ ဒါနဲ့ ကလေး အလုပ်ဆိုတာ ရှာတွေ့ပြီလား
KyungSoo : omm Bac... အဲ့ အကို Baekhyun က သူ့ Ent: မှာ လုပ်ခိုင်းတယ် မနက်ဖြန်စသွားရမှာ
Insung : aww
KyungSoo : ကျွန်တော် သွားနားတော့မယ်
Insung : အင်း ကလေး GoodNight
Goodnight လို့တောင် ပြန်မပြောဘဲ အခန်းထဲ တန်းဝင်သွားတဲ့ ကလေးကြောင့် နှလုံးသားလေးက နာကျင်သွားပေမဲ့ မသိချင်ယောင်ဆောင်ကာ ကိုယ့်အခန်းကိုဝင်ပြီး မျက်ရည်တွေ အဖော်ပြုရင်း တစ်ညတာကို ကုန်ဆုံးရပြန်တယ်
-------------------------------------------------
ဒေါက်~ဒေါက်~ဒေါက်
Insung : Hyunee ရေ Hyunee Hyung ဝင်လာလို့ရမလား
ခေါင်းလျှော်ထားတာမို့ Dryer မှုတ်နေတုန်း တံခါးလာခေါက်တဲ့ Hyung ကြောင့် အခန်းတံခါးကို ထဖွင့်ပေးလိုက်တယ် ငယ်ငယ်ထဲက ကျွန်တော်က အခန်းခွဲအိပ်ပြီး ကိုယ့်အခန်းကိုယ် အမြဲ လော့ချထားတတ်တဲ့ အကျင့်ရှိတယ်လေ
Baekhyun : Hyung! Wae?
Insung : ဒီနေ့ ကလေးကို မင်းရဲ့ Ent: မှာ အလုပ်သွင်းပေးမယ်ဆို
Baekhyun : ဟုတ်တယ်
Insung : အကူအညီတောင်းပါတယ်ကွာ သူ့ကို အမြင်မကြည်လဲ Hyung မျက်နှာကို ထောက်ပြီး နည်းနည်း ဂရုစိုက်ပေးပါ
Baekhyun : စိတ်ချပါ Hyung ရာ
Insung : အင်းပါ ဆံပင်တွေခြောက်အောင် သုတ်ဦးနော်
Baekhyun : Nae~
--------------------------------------------------
အိပ်ခါနီး နွားနို့သောက်တတ်တဲ့ အကျင့်ကြောင့် အောက်ထပ်မှာ နွားနို့ဆင်းသောက်ပြီး အပေါ်ထပ် ပြန်တက်လာတော့ အခန်းရှေ့မှာ လက်ပိုက်ပြီး ရပ်နေတဲ့ Bacon ကြောင့် အူကြောင်ကြောင်ဖြစ်သွားရလေသည်
Kyung'pov : Ommonyi တို့လဲ အိပ်နေပြီ ဟိုလူကြီးကလဲ အိပ်နေပြီ သူ ဘယ်သူ့ကို စောင့်နေတာပါလိမ့် မဟုတ်မှ ငါ့ကိုများလား မဖြစ်နိုင်ပါဘူးလေ
Baekhyun : ဘာလုပ်နေတာလဲ ငါ စောင့်နေတာ ကြာပြီ
KyungSoo : နွားနို့သောက်နေတာပါ Baekhyun shi
Baekhyun : Hyung လို့ခေါ်
KyungSoo : Nae~
Baekhyun : ကျစ် ဘယ်လိုဖြစ်နေတာလဲ ငါ စကားတစ်ခွန်းကို နှစ်ခါမပြောချင်ဘူး
KyungSoo : Nae~Nae Baek...အဲ့ Hyung ဟို ဒါနဲ့ ကျွန်တော့်ကို စောင့်နေတာလား ဟင်
Baekhyun : အာ စောင့်နေတာတော့ မဟုတ်ပါဘူး မနက်ဖြန် Ent: သွားရမှာလေ အဲ့တာ စောစောအိပ်လို့ ပြောမလို့
KyungSoo : ဟုတ် ကျွန်တော် အခု အိပ်တော့မှာပါ
Baekhyun : omm လိမ်မာတယ်
KyungSoo : O_O!!
ကျွန်တော် အခုထက်ထိ မအိပ်ရသေးတာလား ဒါမှမဟုတ် အိမ်မက်မက်နေတာလား မဟုတ်ပါဘူး ကျွန်တော် အခုထိ မအိပ်ရသေးတာပါ ဒါပေမဲ့ အိမ်မက်လို့ပဲ ထင်နေရတယ် Bacon လေးက ကျွန်တော့် ဆံပင်တွေကို ဖွသွားတယ် အံမယ်လေး အခု သေမယ်ဆိုရင်တောင် သေပျော်ပါပြီနော်
--------------------------------------------------
Baekhyun : KyungSoo ပြီးပြီလား
KyungSoo : Nae Hyung
Baekhyun : ပြီးရင် သွားမယ်
KyungSoo : ဟုတ်
ဒုတိယအကြိမ် Bias နဲ့ ကားတူတူ စီးရမဲ့ဘဝ ဟဲဟဲ ခင်ဗျားလေးတို့ အားကျနေကြပြီမလား
ဒါပေမဲ့လဲ ကားပေါ်မှာ နှစ်ယောက်လုံး ဘာစကားမှမဆိုမိကြပေ ကားလမ်းဆုံးမှာ မီးပွိုင့်ပိတ်တော့ ထွက်လာတဲ့ ဂွီ ဆိုတဲ့ အသံတစ်ခုကြောင့် နှစ်ယောက်သား မျက်နှာတွေပူပြီး နေရထိုင်ရခက်လာရသည်
Baek'pov : အား shit အရှက်ကွဲတာပဲ ဘာလို့ ဒီအချိန်မှလဲ တကယ်ပါပဲ
မျက်နှာလေးကို ရှုံ့မဲ့ပြီး ခေါင်းလေး တစ်ခါခါနဲ့ ကျွနိတော့်ကို အကြည့်လွှဲနေပြန်တယ် ခ် ရှက်နေတာပေါ့လေ ရှက်တာလေးကိုက ချစ်ဖို့ကောင်းနေပြန်ရော
KyungSoo : Baekhyun shi
Baekhyun : .........
KyungSoo : အဲ့ Hyung!
အံမယ်လေး သူ့ကို နာမည်ခေါ်လို့တဲ့ မျက်မှောင်ကြီးကြုတ်ပြီး ကြည့်လိုက်တာများ ဒီလူက ချစ်လွန်းလို့ အသက်ထွက်တော့မလို့ Hyung လို့ ပြင်ခေါ်လိုက်မှ ဘာလဲဆိုသော သဘောဖြင့် မေးဆတ်ပြတယ် တော်တော်လေးကို Hyung ဖြစ်ချင်နေတဲ့ ကျွန်တော့်နတ်သားလေး အကြီးဖြစ်ချင်နေတဲ့ ကောင်လေး သူက အမြဲ ကလေးလေးလို ဖြူစင်ပြီး ချစ်ဖို့ကောင်းနေတယ်ဆိုတာ သူကိုယ်သူမသိဘူး
Baekhyun : ဟိတ် ဘာလုပ်ဖို့ ခေါ်တာလဲ ပြောလေ
KyungSoo : aww အဲ့ ဟုတ် ဒီ...ဒီဟာလေး စားထားလိုက်ပါလား
Baekhyun လက်ထဲ ထည့်ပေးလိုက်တာ အသားညှပ်ပေါင်မုန့်လေး တစ်ခု အခုချိန်မှာတော့ မာနတွေလဲ မထားနိုင်တော့ သူအတော်ဗိုက်ဆာနေပြီလေ
Baekhyun : omm ကျေးဇူးပဲ
အသားညှပ်ပေါင်မုန့်ဘေးက စက္ကူစတွေကို ခွာပြီး စားမလို့လုပ်တုန်း
KyungSoo : အာ ခဏလေး
ဆိုပြီး သူ့လက်ထဲက အသားညှပ်ပေါင်မုန့်ကို ပြန်ဆွဲယူလိုက်တဲ့ KyungSoo ကြောင့် မျက်လုံးအပြုးသားလေးနဲ့ ပြန်ကြည့်နေမိတယ်
KyungSoo : အင့် ရပြီ
ပေါင်မုန့်ကိုယူပြီး သူလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ပိုပြီး အံသြရတယ် သူက ပေါင်မုန့်ထဲမှာ ပါတဲ့ သခွားသီးတွေကို ဖယ်လိုက်ခြင်းပါ ကျွန်တော် သခွားသီးမကြိုက်တာ သူ ဘယ်လိုသိပါလိမ့် ကျွနိတော်က စိတ်ထဲ မတင်မကျဖြစ်သွားရင် အချိနိဆွဲမနေပဲ ချက်ချင်း ပြောတတ်တဲ့ အကျင့်ရှိတော့
Baekhyun : မင်း ငါ သခွားသီးမစားတာ ဘယ်လိုသိလဲ
KyungSoo : ဟင် အဲ့တာက...
ကျွန်တော် မေးလိုက်တော့ သူ မျက်နှာပျက်သွားပြီး ကျွန်တော့်ကို အကြညိ့လွှဲဖို့ ကြိုးစားနေတာကြောင့် စိတ်မရှည်တော့ပဲ သူ့ရဲ့ ပုခုံးကို ဆွဲလှည့်လိုက်ပြီး
Baekhyun : ငါမေးတာဖြေလေ မင်း ဘယ်လိုသိတာလဲလို့ မဟုတ်မှ မင်းက ငါ့ရဲ့ Fan လား
KyungSoo : Nae? Ar...Arnyi ဟို ကိုကြီး...ကိုကြီး ပြောတာ ကြားဖူးလို့ပါ
Baekhyun : aww Hyung ပြောထားတာလား
KyungSoo : ဟုတ်
Baekhyun : အင်း အင်း
သူ့ရဲ့ ပုခုံးကို ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေကို လွှတ်လိုက်ပေမဲ့ စိတ်ထဲမှာ သူ့အဖြေကို သံသယဝင်နေမိတယ် သူလိမ်နေတယ်လို့ ခံစားရတာ ဘာကြောင့်ပါလိမ့်
--------------------------------------------------
ဒီအပိုင်းက နည်းနည်းပေါသွားမှန်းသိပါတယ် ဟိုတစ်လောက အပိုင်းသုံးပိုင်းတောင်ကြိုရေးပြီးသား Publish မလုပ်ရသေးတာပဲရှိတာ အဲ့ကြားထဲ နေမကောင်းလို့ ဖုန်းမကိုင်ပဲ သုံးရက်လေးပဲ ဖုန်းမကိုင်ပဲထားလိုက်ပြီး ဖုန်းပြန်ကိုင်ပြီး Publish လုပ်လိုက်တာ ဘာဖြစ်မှန်းမသိဘူး ရေးပြီးသားသုံးပိုင်းပါ ပျက်သွားတယ် ဘယ်လိုတွေဖြစ်သွားမှန်းမသိဘူး စိတ်တော်တော်လေသွားပြီး ဒီဘက်ကို အာရုံစုလို့မရတော့ဘူး အဲ့ဒါကြောင့် ခုမှ Up ရတာ စောင့်နေတဲ့သူတောင်ရှိသေးရဲ့လားမသိဘူး
--------------------------------------------------
YOU ARE READING
Spring and Love
Fiksi Penggemarအရူးအမူး သဘောကျခဲ့ရတဲ့ idol ရဲ့ အကိုနဲ့မှ လက်ထပ်လိုက်ရတဲ့ ကောင်လေးနဲ့ အထင်လွဲမှုတွေနဲ့ အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ယောက်ဖ idol လေးတို့ကြားက အချစ်ဇာတ်လမ်း