Chapter 1.1
" Mao Er, Mao Er ရေ "
အချိန်ပြည့်လက်ထောက်ဖြစ်တဲ့ Ke Le အဝတ်လဲခန်းတံခါးကို တွန်းဖွင့်လိုက်တာနဲ့ ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မွှေးပွလုံးလေးကြောင့် တုန်လှုပ်သွားတော့သည်။ သူ ခပ်သွက်သွက်ပဲ အနောက်ကတံခါးကို လော့ခ်ချလိုက်သည်။
" ဘုရားရေ ! မင်း ဘယ်လိုတောင် မင်းပုံစံကို ပြောင်းလိုက်တာတုံး?? မိတ်ကပ်ဆရာ ဒါမှမဟုတ် တစ်ယောက်ယောက်ဝင်လာပြီး မင်းကိုမြင်သွားရင် ဘယ်လိုလုပ်မတုံး??
အိပ်နေတာကိုနှောက်ယှက်ခံလိုက်ရတဲ့ ယိုးဒယားကြောင်လေး (Siamese cat)ဟာ မပျော်မရွှင်နဲ့ အကြောဆန့်လိုက်ပြီး Ke Le ရဲ့ရှေ့မှာလူပုံစံပြောင်းလိုက်သောအခါ - ဆိုဖာပေါ်မှာတစ်ဝက်လျှောထိုင်ရင်း အပျင်းဆန့်နေတဲ့ နှစ်လိုဖွယ်ရာအဝတ်အစားတွေနဲ့ကောင်ချောလေးဖြစ်သွားတော့သည်။
" မိတ်ကပ်ဆရာက ထွက်သွားပြီ။ ခဗျားကလွဲပြီး ဘယ်သူက ဒီအတိုင်းဝင်လာမှာလဲ? " သန်းနေရင်း ပြန်ချေပလာသည်။
" မဟုတ်သေးဘူးလေ! တကယ်လို့များ မင်းကြောင်ပုံစံပြောင်းထားတုံး အမှတ်တမဲ့နဲ့ မျက်နှာသစ်လိုက်မိလို့ မိတ်ကပ်တွေပျက်သွားရင်ရော? " အိပ်ချင်နေတာကြောင့် မျက်ကြောစင်းနေသေးတဲ့ Ling Mao Er ကို Ke Le အခန်းအပြင်ကို တွန်းပို့လိုက်သည်။
" မြန်မြန်သွား ! ဓာတ်ပုံဆရာကရောက်နေပြီ၊ အခု လူတိုင်းက မင်းကိုပဲစောင့်နေကြတာ! "
မတွေ့ရသေးတဲ့ ဓာတ်ပုံဆရာကို Ling Mao Er မကျေမနပ်ဖြစ်နေပြီ။ " သူကလေထဲရောက်နေပြီပဲ*။ ကျွန်တော်က သူ့ကိုစောင့်ရလွန်းလို့ အိပ်တောင်ပျော်သွားတာ၊ ဒါပေမယ့် သူက ဒီမိနစ်လေး နည်းနည်းတောင် မစောင့်နိုင်ဘူးလား? "
" သူလေယာဉ်ဆိုက်ဆိုက်ချင်းပဲ အပြေးအလွှားလာရတာ၊၊ လေယာဉ်ကြန့်ကြာတယ်ဆိုတာ သူထိန်းချုပ်လို့ရတာမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? ပြီးတော့ ဆရာ Mu က ဓာတ်ပုံလောကမှာ နာမည်ကြီးပဲ၊၊ ငါတောင်းဆိုပါတယ်ကွာာ ... ကျေးဇူးပြုပြီး 'မင်းတို့ ငတုံး လူသားတွေ ' ဆိုတဲ့ အမူအယာမျိုး မပြလိုက်ပါနဲ့နော်။ အဲ့ဒါ လွယ်လွယ်ကူကူပဲ နားလည်မှုလွဲသွားနိုင်တယ်ကွ "

YOU ARE READING
(DROPPED) ချစ်ခြင်း၏ရနံ့ကို သယ်ဆောင်လာသော
Storie d'amoreThe Aphrodisiac-Carrying Man ( Myanmar Trans) all credit goes to ---- https://www.novelupdates.com/series/the-aphrodisiac-carrying-man/?pg=2 https://www.wattpad.com/story/216953626-the-aphrodisiac-carrying-man-completed Ling Mao Er met a man, his sc...