#Unicode
လေညှင်းလေးက တိုးတိုးလေး တိုက်ခတ်သွားတယ်....၊
လေရဟတ်လေးက ဖြည်းဖြည်းလေး လည်တယ်...၊
သူ့မျက်နှာပေါ် နွေရဲ့အပူရှိန်က ပါးပါးလေးပုတ်တယ်....၊
အတွေးတွေက မနှစ်က နွေရာသီကို နှေးနှေးလေးခြေဆန့်တယ်.....။
.
.
.
.
.မတ်လလယ်တစ်ရက်ပေါ့....
Wedding တစ်ခုအတွက် မှာထားတဲ့ အနီရောင် ခပ်ရဲရဲ Tulip အပွင့် ၂၀၂၈ ပွင့်....
သေသေချာချာလေး စီမံပြီး အလှဆုံးဖြစ်အောင်ပြင်ဆင်လို့ ပို့ဖို့ အဆင်သင့်...
သိပ်ကံကောင်းတဲ့ သတို့သမီးလေးအတွက် ပန်းရောင် Tulip လေးတစ်ပွင့် လက်ဆောင်ပေးဖို့ ထုပ်ပိုးလာခဲ့တယ်...။
Wedding ချိန်ထက်စောစောသွားခဲ့တာကြောင့် ကားပေါ်က တယုတယချလိုက်တဲ့ Tulip တွေကို ခန်းမတစ်လျှောက် အလှဆင်ဖို့ အချိန်လုံလောက်စွာရတယ်....။
သူ့စိတ်ကြိုက် အလှဆင်ပြီးချိန်မှာတော့ မင်္ဂလာအချိန်အတော်ပဲ နီးကပ်နေခဲ့ပြီ ။
လက်ထဲမှာ လှပစွာထုပ်ပိုးထားတဲ့ ပန်းရောင် Tulip လေးကိုကိုင်လို့ သတို့သမီး ပြင်ဆင်ပြီးနားနေရာအခန်းဆီ ခြေလှမ်းတွေကို ရွှေ့လိုက်တယ်.....၊
အသံခပ်အုပ်အုပ်နဲ့ ရုတ်ရုတ်ရက်ရက်အသံတွေကြောင့် လူတွေရဲ့စပ်စုချင်တဲ့မသိစိတ်က တံခါးနား အသာတိုးလို့ နားစွင့်ကြည့်လိုက်တယ် ။
တီးတိုးရေရွတ်သံက လေညှင်းသံလေးလို...။
သေချာ နားစိုက်ထောင်မိတော့ ....
'ကိုယ် မင်းနဲ့ မခွဲနိုင်ဘူး... ကိုယ်တို့ ထွက်ပြေးကြရအောင်'
'ရှင် ရူးနေလား... ကျွန်မမိဘရဲ့ ဂုဏ်သိက္ခာတွေ၊ ကျွန်မရဲ့ ဂုဏ်သိက္ခာတွေ အကုန် ရေစုန်မျောကုန်မှာပေါ့'
'မင်း!! ကိုယ် တောင်းပန်ပါတယ် honey... ကိုယ့်ဘက်ကိုကော နည်းနည်းငဲ့ကြည့်ပေးပါဦး'
'ရှင့်ကို အများကြီးငဲ့ခဲ့ပြီးပြီ... ဘာမှဖြစ်မလာမှတော့ နောက်ဆုတ်ရုံပေါ့'
ESTÁS LEYENDO
Summer of Tulips
Historia Cortaပြီးဆုံးခဲ့တဲ့ နွေရာသီလေးရယ် ၊ မပေးဖြစ်ခဲ့တဲ့ ပန်းလေးအကြောင်းရယ် ၊ မပြောဖြစ်လိုက်တဲ့ စကားလေးများစွာရယ်.....။ အင်း..... တစ်ကျော့ပြန်လာမယ့် နွေရာသီ ၊ တစ်ဖန်ပွင့်လန်းလာမယ့် ပန်းလေးက စကားလုံးတွေကို ဖော်ပြနိုင်ပါ့မလား....လေ.....။ ပြီးဆုံးခဲ့တဲ့ နွေရာသ...