"sehun shi .... "
"ဟာ လာပြန်ပြီလားကွာ sehun shi လို့ မခေါ်ပါနဲ့ ဆိုကွာ ကိုယ်တို့က ချစ်သူတွေလေကွာ မောင်လို့ ခေါ်လေနော် မောင် လို့ခေါ် ဟုတ်ပြီလား "
ကျနော် ငြူစူစူပြောလိုက်တော့ သူက ပါးလေးတွေရဲနေကာ
"ရှက်တယ်ဗျ ကျနော် အဲ့လိုကြီး မခေါ်ရဲဘူး "
"ဘာရှက်စရာရှိလို့လဲ "
"မသိဘူးဗျာရှက်တယ် "
"ဟင်း..... lu က မခေါ်ချင်လဲအတင်းမခေါ်ခိုင်းတော့ပါဘူးလေ "
"............"
"ကိုယ်က lu အချစ်ကို အတင်းယူခဲ့တာဆိုတော့တကယ်မချစ်လို့နေမှာပေါ့ အဲ့ဒါကြောင့် မခေါ်ချင်တာနေမှာ ကိုယ်အတင်းမခေါ်ခိုင်းတော့ပါဘူး lu သဘောပါ ကိုယ်က lu ကို ချစ်နေရရင်ပဲ ကျေနပ်နေတာမို့ "
အဝေးတစ်နေရာကို ကြည့်ကာ ဝမ်းနည်းသလိုပြောနေလိုက်တော့ သူက မနေနိုင်မထိုင်နိုင် ဖြစ်လာပုံရသည်
"se..sehun..shi.. "
"ဟင်း ~~~~.... "
"ဟိုလေ ကျနော်က sehun shi ကို တကယ်ချစ်တာပါ စိတ်မဆိုးနဲ့နော် ကျနော်.. ကျနော်က .."
"ကိုယ်သိပါတယ်ကွာ ကိုယ်စိတ်ချမ်းသာအောင်ပြောမနေပါနဲ့ "
"မ.မဟုတ်ဘူးလေ.. "
"အင်းပါ... ကိုယ် သွားတော့မယ်. ညနေကျမှ တွေ့မယ်နော် "
ထိုင်ခုံမှာ ထိုင်နေရာမှ ထရပ်လိုက်ကာ ထွက်သွားရန် ပြင်လိုက်တော့ သူက စိတ်ရှုပ်သလို ခေါင်းကုတ်နေသည်ကို မျက်လုံး ထောင့်စွန်းမှမြင်လိုက်ရသည်
"ကိုယ်သွားတော့မယ်. "
ခြေလှမ်းသုံးလေးလှမ်းလောက် လှမ်းလိုက်မှ ကြားလိုက်ရတဲ့အသံသဲ့သဲ့လေးနဲ့ အပြုအမူလေး က ကျနော့် ဘဝကြီးကိုပြည့်စုံသွားစေသည်
ESTÁS LEYENDO
ချစ်ရပ်ဝန်းငယ် 18+
Fanficအကြောင်းအမျိုးမျိုးကြောင့် ကိုယ်ချစ်တဲ့လူကို ဦးနောက်က မေ့သွားရင်တောင် နှလုံးသားက အမြဲမှတ်မိနေမှာ oh sehun ... xiaoluhan Yaoi