~ငါ့နှလုံးသားတစ်နေရာက အမာရွတ်စုတ်~
(Unicode)"တောင်းပန်ပါတယ် မထားခဲ့ပါနဲ့..."တဲ့
ငါ့မျက်စိရှေ့မှာ သူကဒူးထောက်လို့ အခါခါ တောင်းပန်နေရှာတယ်။
ဘာကြောင့်မှန်းတော့မသိ အဲ့ဒီအပြာရောင်မျက်ရည်တွေဟာ သူနဲ့သိပ်ပြီး လိုက်ဖက်တာပဲလို့ ငါတွေးမိတယ်။
သူ့ကို ဒဏ်ရာတွေပေးပြီး နှိပ်စက်ရတာ ငါကြိုက်တယ်။
သူ့လက်ကောက်ဝတ်နားက သူကိုယ်တိုင်ဘရိတ်ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာတစ်ချို့ဟာ အညိုအမဲစွဲလို့ အမာရွတ်တွေတောင် ဖြစ်နေရောပေါ့...
ဒါကိုလည်း ငါကကျေနပ်နေတာပဲ။
ငါမရှိရင်သူမဖြစ်ဘူးလို့တွေးမိတဲ့ အချိန်တဒင်္ဂဟာ
ဘဝမှာ ဂုဏ်အယူဆုံးဖြစ်ခဲ့တယ်။"Scar...မင်းကအဲ့လိုသနားစရာပုံလေးနဲ့ သိပ်လိုက်တယ်သိလား
ဟားဟား"သူ့မျက်ရည်တွေကို မျက်ကွယ်ပြုပြီး ဟားတိုက်ရယ်မောလိုက်တယ်။
ဒါကိုလည်း သူက စိတ်ဆိုးမယ်မထင်မိဘူး။ ဘာလို့လဲဆိုတော့ ငါသူ့အပေါ်ဘယ်လိုပဲ ရက်စက် ရက်စက်၊ သူကအပြစ်မှမမြင်တတ်ပဲကို၊ ဒါကလည်း ထုံအနည်းတစ်မျိုးပါပဲ။Scarဟာ ငါ့ကိုချစ်တယ်လို့ အကြိမ်ကြိမ်ပြောဖူးတယ်
ဘဝမှာ အသက်ရှင်ဖို့ နောက်ဆုံးအနေနဲ့ အချိန်တစ်ရက်ပဲရတော့မယ်ဆိုရင်တောင် ငါ့အနားမှာပဲ အတူနေသွားချင်တာလို့ သူဖြေတယ်။
ဒါဟာ ငါကျေနပ်လောက်စရာအဖြေမျိုးပါပဲ။ ငါ့ကိုဘယ်လိုနည်းနဲ့
စိတ်ချမ်းသာအောင်ထားရမလဲဆိုတာပဲ သူအမြဲတွေးတတ်တယ်။
ငါကတော့ သူ့ဘက်ကို ဘယ်တုန်းကမှပြန်မကြည့်ခဲ့ဖူးဘူး။.....................လွန်လေခဲ့ပြီးသော ရက်တွေတုန်းက Scarနဲ့ စသိခဲ့ဖူးတဲ့ အချိန်တွေကို သတိရတယ်။
"I want somebody to talk to me at night"
ငါ့စိတ်တွေမွန်းကျပ်တဲ့နေ့က အယောင်ယောင်အမှားမှားနဲ့ တင်ခဲ့တဲ့storyအောက်မှာ replyပြန်လာခဲ့ဖူးတဲ့ accတစ်ခုက
စတင်ခဲ့တယ်လို့ပဲ ပြောရမှာပေါ့..."I don't know well what you're feeling rn but if you need someone, I'm here for you..."
ဆိုပြီး
အသည်းပုံemojiလေးနဲ့ ဝင်လာတဲ့စာတစ်ကြောင်း...ရုတ်တရက်ကြီးဆိုတော့ ငါတောင်ကြောင်အမ်းအမ်းဖြစ်သွားမိတယ်။
ငါ့accountထဲမှာ ရှိလို့ရှိနေမှန်းတောင်မသိတဲ့ လူစိမ်းတစ်ယောက်ဆီက replyတစ်ခုဟာ ခဏတာတော့ စိတ်ကိုနွေးထွေးစေခဲ့တာအမှန်ပဲ။
ESTÁS LEYENDO
ငါ့နှလုံးသားတစ်နေရာက အမာရွတ်စုတ်(U+Z)Completed
RomanceScar in my heart; but it was beautiful... OC (one-shot)