2006 May 6
ကျွန်တော့်ရဲ့14နှစ်မြောက်မွေးနေ့ကို ommaရဲ့ဇာတိမြို့မှာရှိတဲ့ မိဘမဲ့ဂေဟာမှာကျင်းပဖို့ ဖြစ်လာတယ်
လက်ရှိဂေဟာမှူးက ommaငယ်သူငယ်ချင်းမို့ ommaက သူ့မွေးရပ်မြေလည်း ပြန်လာလည်ရင်း ကျွန်တော့်မွေးနေ့ကိုပါ ဒီမှာပဲလုပ်ဖြစ်သွားတယ်ဂေဟာရောက်တော့ ကြိုနေတဲ့လူတွေရှိတယ်
Ommaက ကားပေါ်ကဆင်းဆင်းချင်းပဲ အန်တီတစ်ယောက်ကိုပြေးဖက်တယ်"မတွေ့ရတာတောင်ကြာပြီ နင်နေကောင်းတယ်မလား "
"အင်း ငါနေကောင်းတယ် နင့်အမျိုးသားရော မပါဘူးလား "
"သူအလုပ်မအားလို့ မလိုက်လာနိုင်ဘူး ငါ့သားပဲ ပါတယ် Baekhyun ရေ သား လာ "
"ဒါ omma သူငယ်ချင်း မီယောင်းတဲ့ နှုတ်ဆက်လိုက်ဦး "
"တွေ့ရတာ၀မ်းသာပါတယ် အန်တီ "
"ဟယ် ကြည့်ပါဦး Baekhyun လေးတောင် ကြီးလာပြီပဲ
ဟို တစ်ခါလာတုန်းကတောင် ငယ်ငယ်လေးရှိသေးတာ
အခုကျ လူပျိုပေါက်တောင်ဖြစ်နေပြီ။ အရပ်လည်းရှည်လာသလို ချောလည်းချောလာတယ် ""ငါ့သားပဲလေ ချောမှာပေါ့ နင်လည်း ဘယ်အချိန် အိမ်ထောင်ပြုမှာလည်း နင့်အသက်လည်းမငယ်တော့ဘူးနော် "
ommaနဲ့ အန်တီမီယောင်းနဲ့စကားလက်ဆုံကျရင်းအထဲ၀င်သွားတယ်
လူကြီးတွေကနေ့လည်စာအတွက် ပြင်ဆင်စရာရှိတာပြင်ဆင်နေတာမို့
ကျွန်တော်ကူညီနိုင်တာမရှိတဲ့အတွက် ဂေဟာ၀င်းထဲလျှောက်ကြည့်နေလိုက်တယ်ဂေဟာအဆောက်အအုံရဲ့ ဘေးဘက်ခြံကွက်လပ်မှာ ကလေးတွေဘောလုံးကန်တာကိုထိုင်ကြည့်ရင်း
"ဟင့် . . . . အဟင့် .... အဟင့်..."
ကလေးငိုသံကြားလိုက်တယ်
ကျွန်တော်ထိုင်နေတဲ့ နားကနေ တရှုံ့ရှုံ့ ငိုနေသံကြားလို့ ပတ်ပတ်လည်ကိုကြည့်လိုက်တော့
ကောင်လေးတစ်ယောက် အသံမထွက်အောင်ကျိတ်ငိုနေပုံပဲ"ဘာလို့ငိုနေတာလဲ ကောင်လေး" လို့မေးတော့ ခေါင်းရမ်းပြတယ်
"ကိုကိုကူညီပေးမယ် ကိုကို့ကိုပြောကြည့်"
"သားဘောလုံးကို မင်ဂျူတို့လုသွားလို့"ဆိုပြီး ကလေးတစ်သိုက်ဆီကို လက်ညှိုးထိုးပြတယ်
