I loved You But...(Zaw)

8 3 0
                                    

မင်းမြတ်ပိုင် fb သုံးနေစဉ် message  တစ်စောင်ရောက်ထားတာကို တွေ့တော့မှ chat head ပိတ်ထားမှန်းသိလိုက်ရသည်။

ထို့ကြောင့် messenger ထဲဝင်ကြည့်မှ စာပို့ထားသူကား တစ်ခြားသူမဟုတ် သူတို့အုပ်စုထဲမှ သူစိတ်ဝင်စားနေသော အာကာ ပို့ထားခြင်းဖြစ်သည်။

Conversation ကိုမြင်ပြီးတဲ့နောက် မင်းမြတ်ပိုင် သူ့မျက်လုံးကိုသူမယုံနိုင်ဖြစ်ရသည်။ အကြောင်းမှာ အာကာ သည် သူ့ကိုဖွင့်ပြောထားခြင်းပင်

စာထဲမှာ သူ့ကို အာကာကတစ်ကယ်ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်းရေးဖွဲ့ထားပေမဲ့ သူမယုံနိုင်ပေ အာကာသည် မိန်းကလေးများနှင့်ရှုတ်သောသူဖြစ်၏ ။ ထို့ကြောင့် တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကိုလျစ်လျူရှုကာ

["မနောက်နဲ့ အာကာ နှလုံးသားဆိုတာ ဆော့ကစားလို့ကောင်းတဲ့ အရာမဟုတ်ဘူး"
"ငါမနောက်ဘူး မင်းမသိတာပါ မင်းအနားမှာပဲ အမြဲရှိနေတဲ့ငါ့ကိုကြည့်ပေးပါလား မင်းမြတ်ရယ်"
"တောင်းပန်ပါတယ် ဒီအတိုင်းလေးပဲ နေလို့မရဘူးလား"]

ထိုသို့စာပြန်ပို့ကာ မင်းမြတ်ပိုင်တစ်ယောက် data off ကာ အိပ်ဆက်ရန်ပြင်ဆင်လိုက်သည်။ တစ်ဖက်မှ အာကာသည် မင်းမြတ်စိတ်ဆိုးသွားသည်ဟုထင်တာ မနက်ဖြန်အကြောင်းပြ ချက်တစ်ခုခုပေးဖို့စဉ်းစားရင်း အိပ်ဆက်ခြင်းသို့,,,,,,

နောက်တစ်နေ့မနက်ပိုင်း ကျောင်းတွင်ဖြစ်သည်

"သီဟန်ခ! အာကာ မဟုတ်ဘူး ထက်အာကာရော"

"အဲ့ကောင် မနက်ပိုင်းမလာဘူးပြောတယ် နေ့လည်မှ ကျောင်းလာမယ်တဲ့ ဘာလဲ အကြောင်းမရှိဘဲတော့မရှာဘူး "

"အင်းးးး မနေ့က သူ ငါ့ကို ဖွင့်ပြောတယ် အဲ့တာ တစ်ကယ်ဟုတ်မဟုတ်သိချင်လို့ ဒါပဲ ကျန်တာတော့ဘာမှမရှိဘူး"

"အကယ်၍ အတည်ဆိုရင်ရော အဲ့ကောင်ကအတည်မင်းကိုဖွင့် ပြောတယ်ဆိုရင်ရော ....."

"မဖြစ်နိုင်ဘူး ထားတော့  canteen သွားမယ်"

"မသွားဘူး ဒီနေ့အတန်းတတ်မယ်"

"ဘာ ဘာ ဘာပြောလိုက်တာ အတန်းတတ်မယ်????"

"အေး ဒီနေ့ music club ကလာမှာလေကွာ အဲ့မှာ ငါသဘောကျတယ် အမပါမှာကွ....MC ထဲကိုဝင် အဲ့အမှာ ကောင်လေးမရှိဘူး ကြားတယ် အဲ့တော့ရင်းနှီးအောင်လုပ်မယ်
ပြောနေတာကြာတယ် အခန်းထဲသွားတော့မယ် မလိုက်ချင်လဲcanteen မှာစောင့်နေ သွားပြီ:

I Loved You But....(U + Z)Donde viven las historias. Descúbrelo ahora