New Fic or S2(Part 2)

390 27 0
                                    

နှလုံးသားကချစ်ပေမယ့်ဦးနှောက်ကမုန်းပါရစေ
Season 2 ''ဘာဖြစ်လဲချစ်တယ်'' Part 2

Chae- Appa
Minaအဖေ- ဘာပြောချင်လို့လဲ Chaeလေး
Chae- Chaeကိုရီးယားပြန်ချင်ပြီAppa
Minaအဖေ- အေးပေါ့လေ မင်းလဲ ငါ့အလုပ်တွေကို လုပ်ပေးနေတာ 16နှစ်လောက်ရှိပြီလေ မင်းလဲတော်တော်တည်ငြိမ်လာပြီဆိုတော့ မင်းပြန်သင့်ပြီပေါ့လေ
Chae- chae appaအလုပ်တွေကိုဆက်လုပ်မှာပါ Chaeပြန်ချင်တာ မမကိုသတိရလို့ မမရဲ့အရိပ်လေးတွေနဲ့အမှတ်တရလေးတွေကျန်ခဲ့တဲ့ဆီကိုပြန်ချင်လို့ပါ
Minaအဖေ- မင်းငါ့သမီးကိုတော်တော်ချစ်တာဘဲနော် ပြန်တည်ငြိမ်လာတာတောင်ငါ့သမီးကိုသတိရတာ
Minaအမေ- ကျမသမီးကလဲChaeလေးကိုတော်တော်ချစ်ပါတယ်
Chae- ဟုတ်ပါတယ်မမကChaeကိုတော်တော်ချစ်တာပါ
Minaအမေ- Chaeလေးဘယ်နေ့ပြန်မလဲ
Chae- တစ်ပတ်ခါလောက်ပြန်ဖြစ်မယ်omma
Minaအဖေ- အေးကွာ မင်းလဲသွားနားတော့ ငါ့အလုပ်တွေအတွက်ကမင်းကိုအကုန်လွဲထားတာမို့ မင်းစိတ်ကြိုက်မင်းကြိုက်သလိုလုပ်လိုက်ကွာ ငါတို့လင်မယားက ဒီလိုလေးဘဲ အေးအေးချမ်းချမ်းလေးဘဲ နေချင်တယ်တော့တယ်ကွာ
Chaeလဲအခန်းထဲပြန်ရောက်တော့ ဖုန်းcontentလေးတစ်ခုကိုနှိပ်ပြီးခေါ်လိုက်တယ်
Chae- Hello Jeongyeonie
Jeongyeon- Hello Chaengမင်းလား
Chae- ဟုတ်တယ်
Jeongyeon - မင်းကွာ ဟိုရောက်ကထဲက ငါ့ကိုအဆက်အသွယ်တောင်မလုပ်တော့တာ ငါ့သမီးတောင်၁၆နှစ်ပြည့်တော့မယ်
Chae- Jeongyeonieသမီးတောင် တော်တော်ကြီးလာပြီဘဲ အင်းလေ ကျနော်တောင်ဒီမှာနေတာ၁၆နှစ်လောက်ရှိနေပြီဆိုတော့ဖြစ်နိုင်ပါတယ်လေ
Jeongyeon - မင်းပြန်မလာတော့ဖူးလား ငါ့မှာမင်းအံံ့သြစေမယ့် လက်ဆောင်ရှိတယ် မင်းမပြန်လာတော့ ငါမင်းကိုပေးလို့မရဖူးပေါ့
Chae- ကျနော်တစ်ပတ်ခါပြန်လာတော့မှာလေ ဒါနဲ့Jeongyeonieက ဘာလက်ဆောင်ပေးမလို့လဲ
Jeongyeon - မင်းပြန်လာရင်သိမှာပေါ့လေ
Chaeနဲ့Jeongစကားတွေ အများကြီးပြောဖြစ်ကြတယ်

Timeskip
Chaeလဲမတော်လိုက်ရတဲ့ယောက်ခထီးနဲ့ယောက်ခမကိုနှုတ်ဆက်ပြီး လေယာဉ် ပေါ်တတ်လိုက်တယ် a few minutes later
Chaeလေယာဉ်ပေါ်ကဆင်းပြီးTaxiလေးနဲ့အိမ်ပြန်လာတယ်
Chae'spov- မမရယ်အခုဆိုမမသာရှိရင်အသက်40လောက်ရှိပြီပေါ့ ကျနော်တောင်38ထဲဝင်လာပြီလေ မမကိုတော်တော်စလို့နောက်လို့ကောင်းမှာဘဲ မမကအဖွားကြီးပေါက်စလေးလို့စရင်သိပ်စိတ်ဆိုးမှာ ဒီမြေကိုခွဲခွာလာရတာ 16နှစ် ဆိုတော့ အရာရာကအသစ်အဆန်းတွေလိုဖြစ်ကုန်ပေမယ့် မမကိုလွမ်းတဲ့အလွမ်းတွေက အခုချိန်ထိအသစ်လဲမဖြစ်လာသလိုအဟောင်းလဲဖြစ်မနေဖူးမမရယ် မမကိုလွမ်းတိုင်းရင်ဘတ်ထဲက မမပေးထားတဲ့မမနှလုံးသားလေးနဲ့စကားတွေပြောရတာ အမော
Taxi driver- ရောက်ပါပြီခင်ဗျ
Chaeလဲအတွေးတွေကိုဖြတ်လိုက်ပြီး ကျသင့်ငွေရှင်းပြီး Driverကိုကျေးဇူးတင်စကားပြောလိုက်တယ်(တကယ်အောက်သက်ကျေတဲ့ကလေးပါ)
Chaeခြံတံခါးလေးကိုတွန်းဖွင့်ပြီးဝင်လိုက်တယ် chaeထင်ထားတာ အိမ်ကြီးက အပင်တစ်ချို့နဲ့ အုံ့မှိုင်းနေပြီးရှုပ်ပွ နေမယ်ထင်ထားပေမယ့် Chae အထင်နဲ့အမြင်လွဲမှားနေတာအမှန်ဘဲ ခြံကြီးက မမရှိစဉ်ကလိုဘဲ သန့်ရှင်းနေတော့တယ်
Chaeလဲခြံထဲဝင်လိုက်ပြီး အိမ်တံခါးလေးကိုဖွင့်ပြီးအထဲဝင်ပြီးလုပ်စရာရှိတာလုပ်ပြီး ရေချိုးအဝတ်စားလဲပြီး Minaအမြဲလိုလိုရပ်ပြီးတွေးတတ်တဲ့ဝရံတာလေးကိုထွက်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ခြံထဲမှာအိမ်ဘက်ကိုကျောပေးပြီးပန်းခူးနေတဲ့ကောင်မလေးကိုတွေ့တော့တစ်ချက်စိတ်တိုသွားတယ်
Chae'spov- ဘယ်ကမိန်းကလေးလဲ ငါ့ခြံထဲကိုဝင်ပြီးပန်းခူးနေတာ ငါအမြန်သွားမှဆိုပြီး ပန်းခူးနေတဲ့မိန်းကလေးဆီကိုလျှောက်သွားလိုက်တယ်
ကောင်မလေးနားရောက်တော့ ကောင်မလေးရဲ့ အင်္ကျီ ကိုအ​​​နောက်ဂုတ်ကဆွဲလိုက်ပြီး
Chae- မင်းဘယ်သူလဲ ငါ့ခြံထဲဘာလို့ပန်းဝင်ခူးတာလဲ
Girl- ပန်းလေးခူးတာဘဲကိုဘာဖြစ်မှာကြနေတာလဲ
Chae'spov- စွာလိုက်တာ
Chae- မင်းဘယ်လိုမိန်းကလေးလဲငါ့ဘက်လှည့်စမ်း
Chaeက အော်သလို ဟောက်သလိုပြောလိုက်တော့
Girl - ဆွဲထားတာကိုလွှတ်သင့်တယ် ဘယ်မှမထွက်ပြေးဖူး
Chaeလဲ ဆွဲထားတဲ့အင်္ကျီကိုလွှတ်လိုက်တော့ ကောင်မလေးက Chaeဘက်ကိုလှည့်လာတယ်
Chaeလဲရပ်နေရာကနေနောက်ဆုတ်သွားရလောက်တဲ့အထိ လန့်သွားတယ်
Chae- ဟင်........

နှလုံးသားကချစ်ပေမယ့် ဦးနှောက်ကမုန်းပါရစေ (Complete)''U+Z''Where stories live. Discover now