နှလုံးသားကချစ်ပေမယ့်ဦးနောက်ကတော့မုန်းပါရစေ Part 3
ရက်အနည်းငယ်အကြာ
Minaဆီကိုအမည်မသိစာလေးတစ်စောင်ရောက်လာခဲ့တယ်စာလေးထဲမှာကသို့/
ကျနော့်ရဲ့ချစ်ရပါသောမမ မမဒီစာကိုဖတ်နေတဲ့အချိန်မှာ ကျနော်ကမမနဲ့အဝေးဆုံးတစ်နေရာကို အချိန်အနည်းငယ်လောက်ကြာကြာနေဖို့ ထွက်သွားနေပါတယ် မမကျန်းမာရေးဂရုစိုက်ပါ ကျနော်ပြန်လာတဲ့အချိန်ကျရင် မမကျနော့်ကို မင်းက ကလေးဘဲရှိသေးတယ်လို့ထပ်မပြောရဖူးနော် ကျနော်မမကိုMina Sharon Myouiဆိုတာလေးဘဲသိတာပါ မမရဲ့အကြောင်းတွေလဲကျနော်မသိပါဖူး နောက်တစ်ခုကျနော်သိတာရှိသေးတယ် ကျနော်မမကိုသိပ်ချစ်တယ် မမဆီကျနော်ပြန်လာမှာပါ မမကျနော့်ကိုစောင့်နေပေးပါလားဗျာ ကျနော်ပြန်လာတဲ့အချိန်ကျရင် မမဆီက အချစ်တွေ လိုချင်ပါတယ်ဗျာ အဲ့လိုဘဲ ကျနော့်Ommaဆီကအချစ်တွေလဲကျနော်လိုချင်ခဲ့တာ ဘယ်တော့များမှ ရမလဲမသိဖူးပေါ့ ကျနော်က ငယ်ငယ်ထဲက appaဆီကအချစ်ခံရပေမယ့် ကျနော်အချစ်ခံချင်တာ Ommaဆီက အဲ့လိုဘဲ မမဆီကလဲ ကျနော်အချစ်ခံချင်တယ်ဗျာ မမကိုကျနော်သိပ်ချစ်တယ်
#မမကိုအမြဲနှောက်ယှက်နေတဲ့ကောင်လေး မမရဲ့အပယ်ခံကောင်လေး မမရဲ့အချစ်ဆုံးလူသားဖြစ်ချင်တဲ့ကောင်လေး.............Minaစာလဲဖတ်ပြီးရော ငိုပါတော့တယ် ငိုနေရင်းကနေ
ဝုန်း.....ဒုန်း.....ခလွမ်း.....
Minaလဲရုံးခန်းထဲမှာသောင်းကျန်းနေတော့တယ်Nayeon လဲ ရုံးခန်းထဲအသံတွေကြောင့်အမြန်ဝင်လာတော့ လန့်သွားတယ် ဘာလို့လဲဆိုတော့ Minaလိုအေးဆေးတည်ငြိမ်ပြီး စည်းနဲ့ကမ်းနဲ့နေတတ်တဲ့ မိန်းကလေးက အခုတော့ ရှုပ်ပွနေတဲ့ပစ္စည်းတွေကြားမှာ ငုတ်တုပ်လေးထိုင်ပြီး ငိုနေလို့ဘဲ Nayeon လဲ Minaအနားကိုအမြန်သွားလိုက်ပြီး
Mina yaဘာဖြစ်တာလဲ ငါ့ကိုပြောပြလေ ဘာလို့ဒီလိုတွေဖြစ်နေရတာလဲ
သူဒီနိုင်ငံကထွက်သွားပြီဟ ငါသူ့ကိုမချစ်လို့မဟုတ်ဖူး ငါသူ့ကိုသိပ်ချစ်တာပါဟာ ငါကြောင့်သူ့ကိုအရင်ထဲကမချစ်တဲ့သူ့Ommaကပိုမုန်းသွားမှာ ငါစိုးရိမ်တယ် ပြီးတော့လေ ငါကသာသူ့အကြောင်းတွေကိုသူမပြောခင်ကထဲက အစအဆုံးသိနေတာ သူက ငါ့နာမည်ကလွဲပြီးဘာမှသိတာမဟုတ်ဖူးဟ😭😭 ငါ့အကြောင်းဘာမှမသိတဲ့ကလေးကို ငါအဖြေပြန်ပေးလိုက်ပြီးဘဲထားဦး ငါသူ့ကိုလှည့်စားတယ်လို့ သူထင်သွားမှာ
YOU ARE READING
နှလုံးသားကချစ်ပေမယ့် ဦးနှောက်ကမုန်းပါရစေ (Complete)''U+Z''
FanficMina×Chaeyoung တို့မင်းကိုချစ်ပေမယ့် ဘယ်တော့မှ မင်းကိုချစ်တယ်လို့ ပြောမှာမဟုတ်ဖူး -Mina မမနှလုံးသားက chaeကိုချစ်ပေမယ့် မမဦးနှောက်က ဘာလို့မချစ်ဖူးလို့ လိမ်နေရတာလဲ-Chaeyoung (Complete)