★Part (8)★

1.2K 173 18
                                    


(မမှတ်မိတော့ရင် အပေါ်က partတွေ ပြန်ဖတ်ရန်😍)

#Zawgyi

ကျိုးချန်းလည်း အတွေးတွေကယောင်ခြောက်ချားနဲ့
မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်

ရိပေါ်တို့ ဒီနေ့ ခရီးစထွက်ပီး တာဝန်ထမ်းဆောင်ရမှာ ဒါကြောင့် အထုပ်အပိုးတွေ ပြင်ဆင်နေတာ ကျိုးကောကိုကြည့်လိုက်တော့ ပန်ဒါဝက်ဝံနဲ့ နင်လားငါလားပဲ

"ဒေါက်...ဒေါက်..."

တံခါးခေါက်သံကြောင့် ရိပေါ် တံခါးဖွင့်လိုက်သည် တွေ့ရသည်က မှူးမတ်တစ်ယောက်

ရိပေါ် လည်း မှူးမတ်ကို ပြောဆိုသည့်သဘောနှင့် မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်

"အိမ်ရှေ့စံက သခင်လေးတို့ကို ပြင်ဆင်လို့ပီးရင် မြင်းစောင်းဆီ လာခဲ့ပါတဲ့"

"ဒါပဲမလား "

"ဟုတ်"

မှူးမတ်ဆိုသူရဲ့ စိတ်ထဲကတော့ ဒီ
သခင်လေးဟာ ရုပ်က ကလေးရုပ်လိုလို ပေါ်က်စီလုံး လိုလိုနဲ့ တော်တော် မျက်နှာကြောတင်းတာပဲတဲ့

ရိပေါ်တို့သုံးယောက်လည်း ပြင်ဆင်ပီးလို့ မြင်းစောင်းရှိတဲ့ ဘက်သွားလိုက်သည်
ကျိုးကောနဲ့ ရွမ်းကောကိုတော့ အခုထိစိတ်ဆိုးတုန်းပဲ

မြင်းစောင်းဆီရောက်တော့ အိမ်ရှေ့စံတို့တောင်ရောက်နှင့်ပီ အိမ်ရှေ့စံတို့သုံးယောက် ဝတ်စားထားသည်က သာမန်အရပ်သားလို ကျတော်တို့လိုပေါ့

"အိမ်ရှေ့စံကို ဂါဝရပြုပါသည်"

ဝက်ပေါက်လေးအစ်ကိုနှစ်ယောက်ကတော့ ကိုယ့်ကို ဂါဝရပြုသလောက် ဝက်ပေါက်လေးကတော့ သူနှင့်မဆိုင်သလို မြင်းတွေကို လျှောက်ကြည့်နေတယ်

ထိုအချိန် ဝက်ပေါက်လေးအစ်ကိုနှစ်ယောက် ဝက်ပေါက်လေးကို ဟိုအရင်တခါလို ဆူမှာစိုးတာကြောင့် ရှောင်းကျန့် ခပ်မြန်မြန် ဆိုလိုက်သည်

"ခရီးကဝေးတော့ မြင်းနဲ့ သွားကြမယ် ဒါကြောင့် အသင်တို့ ကြိုက်ရာ မြင်းရွေးနိုင်တယ်"

မြင်းရွေးခိုင်းတာတောင် တစ်ယောက်မှ တုပ်တုပ်မလုပ် ဝက်ပေါက်လေးရဲ့ အစ်ကိုကြီးဆိုသူက တစ်ခုခုကို ပြောရန် ခက်ခဲနေတယ်

★ My Sweety Dacoit★Where stories live. Discover now