(11)

1.9K 128 4
                                    

Unicode

"ဟူး!!!!ပျင်းလိုက်တာ~~~"

ရောက်ထဲက ဟိုဟာလေး သောက်ချင်လို့ လုပ်ပေးပါဦး~~
ဒီဟာလေးစားချင်လို့ လုပ်ပေးပါဦး ဆိုပြီး ရစ်တဲ့ အချ်ိန်မှ
လွဲ၍ လူက တစ်ချိန်လုံး ငုတ်တုတ်ထိုင်နေရတော့
တကယ်ကို ပျင်းလာပြီ~~~~

သူရစ်တဲ့ဒဏ်တော့ မခံနိုင်ပေမယ့် ဒီတိုင်းကြီး
ဘာမှမလုပ်ပဲ ထိုင်နေရတာက ပိုပြီး ပျင်းဖို့ကောင်းသည်~~~

"အား!!!!ပျင်းလာပြီကွာ!!!!!"

ခုံပေါ်ထိုင်ပြီး မျက်နှာကို မဲ့လိုက် တောင်ကြည့် မြောက်ကြည့်
လုပ်လိုက် သတင်းစာတွေ ကောက်ဖတ်လိုက် လုပ်နေတဲ့
လူကြီးပေါက်စကို သတိထားမိတာကြာပါပြီ~~~

ဘာများ ပြောလာမလဲသိချင်တာကြောင့် မသိမသာ
နားစွင့်နေရင်း ခုတော့ ထအော်လေပြီ!!!!

"ဘာဖြစ်နေတာလဲ!!!!"

"လောရှည်ကောင် ငါတစ်နေ့လုံးဒီလိုပဲ ထိုင်နေရမှာလား~~~"

"Omm ထိုင်မနေချင်ရင် ထနေလေ နေလို့ရပါတယ်!!"

"မင်းတော့!!!!ကျစ် !!!ငါပြောတာက ငါ့ကို ဘာအလုပ်မှ
မလုပ်ခိုင်းပဲ ဒီလိုပဲ ထိုင်ခိုင်းနေမှာလား လို့ပြောတာ
မင်းပြောတော့ ငါက မင်းရဲ့ ကိုယ်ရေးအတွင်းရေးမှူးဆို!!!"

"ဟုတ်တယ်လေ!!!!"

"အဲ့ဒါဆို ငါလုပ်ရမယ့်စာရင်းတွေက ဘယ်မှာလဲ~~~"

"စွမ်းခန့် လုပ်နေတယ်လေ !!!!!"

"ဟမ်!!!!အဲ့တာဆို ငါ့ကို ဘာလုပ်ဖို့ ခန့်ထားတာလဲ!!!"

"ကျွန်တော့် ဝေယျာဝစ္စ လုပ်ပေးဖို့လေ!!!!!"

"ဘာ!!!! မင်း ဘာပြောလိုက်တာ!!!"

"ကျစ်!!!!ကျွန်တော်ပြောတာက လူကြီးပေါက်စက
ကျွန်တော့်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးဆိုတာလဲ ဟုတ်တယ်
ဒါပေမယ့် ဟိုလို စာရင်းတွေ ဘာတွေ လုပ်ခိုင်းဖို့တော့
မဟုတ်ဘူး ကျွန်တော် လိုအပ်တာ လုပ်ပေးဖို့ပဲ
နားလည်လား!!!!"

"ဒါပေမဲ့ ငါက စာရင်းတွေပဲ လုပ်နေကြဆိုတော့
ငါဒီလို နေရတာ ပျင်းတယ်~~~~"

"သြော်!!!!ပျင်းနေလို့လား~~~"

ညစ်ကျယ်ကျယ် တစ်ချက်ပြုံးကာ မေးလိုက်တော့
ယောကျာ်းဆန်ဆန် မျက်စောင်းထိုးကာ ခေါင်းငြိမ့်ပြလာတဲ့သူ~~~~

Reflection.. (Completed)Where stories live. Discover now