(19)

1.3K 76 4
                                    

Unicode

ဒေါက် ...ဒေါက်... ဒေါက်..

"မေမေ ဝင်ခဲ့ပြီနော် သမီး...."

"ဘာပြောစရာရှိလို့လဲ မေမေ...."

ပုံမှန်ဆို အခန်းထဲ သိပ်လာလေ့မရှိတဲ့ မေမေက ဒီနေ့မှ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာကြောင့် မေးလိုက်မိသည်....

"သမီး...ဟိုကောင်လေးအပေါ်  ဘယ်လိုစိတ်တွေရှိနေတာလဲ..."

"ရှင်...ဘယ်ကောင်လေးလဲ မေမေ..."

"မေမေက သမီးရဲ့‌အမေပါ သမီးရဲ့ အပြုအမူတွေကို
ကြည့်ကတည်းက သမီး မြူငွေ့ခိုးဆိုတဲ့ ကောင်လေးအပေါ်မှာ ဘယ်လိုစိတ်ရှိလဲဆိုတာ မေမေသိတယ်..."

"ဪ...အဲ့တာလား မေမေသိနေပြီဆိုတော့လဲ သမီးမလိမ်တော့ပါဘူး။ ဟုတ်တယ်မေမေ သမီးသူ့ကို
သဘောကျတယ်..."

"မေမေ အဲ့ကောင်လေးကို ငယ်ငယ်လေးထဲက သဘောမကျဘူးဆိုတာ သမီးသိတယ်မလား..."

"အဲ့တာ ငယ်ငယ်ကလေ မေမေရယ် အခု မြူက အဖက်ဖက်ကပြည့်စုံတဲ့ လူဖြစ်နေပြီ ရုပ်ရည်ရော ပိုင်ဆိုင်မှုတွေရော တစ်ခုမှ ပြောစရာမရှိဘူးလေ အဲ့လိုလူတစ်ယောက်ကို မေမေ့ရဲ့သမီး သဘောကျတာကို
မေမေလက်မခံဘူးလား...."

"မဟုတ်သေးဘူး သမီး ဒါပေမဲ့...သူ့ပုံစံက သမီးကို
သဘောကျတဲ့ ပုံမပေါ်ဘူးလေ..."

"မေမေကလဲ သမီးသူသဘောကျအောင် ကြိုးစားမယ်လေ
မေမေက သဘောတူပေးလေနော်  နော်လို့..."

"ဒါပေမဲ့ သမီးအကို..."

"ကိုကိုလဲ သဘောတူမှာပါ....နော် မေမေကခွင့်ပြုရင်
ကိုကိုလဲ ခွင့်ပြုမှာပါ....."

"အင်းပါ မေမေ့သမီးလေးသဘောပဲ။ ကဲ အိပ်တော့သမီး...
နောက်ကျနေပြီ...."

"ဟုတ် မေမေ...."

ရှေ့ဆက်ဖြစ်လာမယ့်  နင်နဲ့ငါရဲ့ ဇာတ်လမ်းလေးက
လှတော့မယ်ထင်ပါရဲ့ မြူရယ်.......

ငါနင့်ကို တကယ်ချစ်နေမိပြီထင်တယ်......

.....................................

"Boss...သန်ဘက်ခါ လုပ်မယ့် အစည်းအဝေးမှာ
ရှယ်ယာရှင်တွေ အတွက် ဘာစားစရာ စီစဉ်ပေးထားရမလဲ...."

Reflection.. (Completed)Where stories live. Discover now