အား
သူမအသံထွက်၍ပင်ညည်းညူလိုက်သည်။
ညည်းဆိုခေါင်းကတော်တော်ဒုက္ခပေးနေသည်လေ။
ညကအိပ်ရေးပျက်၍ထင်သည်ခေါင်းကဆိုးဆိုးဝါးဝါးကိုက်နေသည်။
အိပ်ရေးပျက်ဆိုတစ်ညလုံးဂိမ်းကစားနေသည်လေ။
နွေးကားဂိမ်masterဂိမ်းကိုနေ့မှာလည်းကစားသည်ညမှာလည်းကစားသည်။
မျက်ရည်ထွက်သည်အထိကစားသည်။
ခုနောက်ပိုင်းမှမျက်လုံးပျက်မည်ကြောက်၍ကတစ်ကြောင်း၊စာမေးပွဲနီးသည်ကတစ်ကြောင်းမို့မဆော့ဖြစ်တာပါ။
ခုတော့အိမ်မှာပျင်းလွန်း၍ပြန်ဆော့နေသည်။
ဂိမ်းဆော့ရင်မရပ်နိုင်တော့သည့်သူမ၏ပုံစံအတိုင်ဆော့လိုက်တော့ဖုန်းကိုလက်မှချလို့မရတော့ချေ။
ထို့ကြောင့်တော်တော်ညနက်သွားတာပင်။
ဂိမ်းအကြောင်းတွေးနေရင်းနဲ့မှရုတ်တရက်တခုခုကိုသတိရ၍ချက်ချင်းထထိုင်လိုက်သည်"ငါinternetဖွင့်ပြီးအိပ်သွားတာတော့မဟုတ်ပါဘူးနော်"
သူမ၏မျက်လုံးအစုံတို့သည်ချက်ချင်းပြူးကျယ်သွားပြီးခုနကခေါင်းမူးနေတာတောင်သတိမရတော့။
ခုတင်ပေါ်ကချက်ချင်းဆင်းပြေးလိုက်ပြီးဖုန်းဖွင့်ကြည့်လိုက်သည်။
ကြည့်မိလိုက်တော့internetကမဖွင့်ထားပါ။
တော်ပါသေးရဲ့နို့မို့ဆိုရင်မုန့်မစားဘဲဘေလ်ဝယ်ထားတာကုန်ပြီဆိုကိုယ်ကျိုးနည်းရချည်ရဲ့။
အရင်တုန်းဆိုinternetဖွင့်ပြီးအိပ်သွားရင်လည်းသိပ်မပူရချေ။မေမေ့ဆီမှလက်ဖြန့်တောင်းရုံသာ။
သို့သော်ကိုကိုနှင့်စကားများပြီးတည်းကမေမေကသူမအားတစ်နေ့လျှင်ငါးရာသာပေးတော့ပါသည်ထို့ကြောင့်သူမတွင်ပိုက်ဆံပြတ်လပ်နေပါသည်။
မေမေ့ဆီတောင်းရင်လည်းမေမေကကိုကိုနှင့်ပြန်စကားပြောမှပေးမည်တဲ့။
ကိုကို့ဆီတောင်းဖို့ကလည်းကိုကိုနှင်သူမစကားမပြောတာ၁၃ရက်လောက်ရှိနေပြီမို့နွေးအလျော့ပေးကာစကားစမပြောသောကြောင့်ကိုကိုနှင့်နွေးခုထိအဆင်ပြေသေးချေ။
လွန်ခဲ့သော၁၃ရက်ကရန်ပွဲမှာအကျိုးယုတ်နေသူကသူမတစ်ယောက်ထဲပင်။
မေမေကသူမတို့ရဲ့ရန်ပွဲဇာတ်မြစ်ကိုသိပြီးနောက်ကိုကို့ဘက်ကိုလိုက်ကာသူမအားမျက်နှာသာမပေးပါ။
မမေဝတီကလည်းသူ့ဟာနှင့်သူအဆင်ပြေပြေ၊တူမဖြစ်သူကလည်းမုန်းဖို့ကောင်းစွာမေမေ့ကိုချွဲနေသည်။
ဖေဖေကလည်းသူ့ဟာသူနေပြီးဘယ်သူ့ဘက်မှမပါ။
ဖေဖေ့ဆီမှလည်းနွေးပိုက်ဆံတောင်းလို့ရမည်မဟုတ်ပါ။ဖေဖေကမေမေစကားကိုနားထောင်လှသည်ဖြစ်ရာမေမေတစ်ခွန်းဆိုတစ်ခွန်းပြန်မငြင်းချေ။
အိမ်၏အာဏာရှင်မေမေကနွေးဘက်မပါနေ၍နွေးအတော်ပင်ဦးနှောက်စားရသည်။
မဖြစ်သေးဘူးမုန့်ဖိုးအောင်ကြံစည်မှပဲထိုနေ့ကတစ်မနက်လုံးမေမေ့ဆီမှ၅ရာမဟုတ်သောပိုက်ဆံများများရရေးအတွက်စဥ်းစားနေမိသည်
YOU ARE READING
ကမ္ဘာခြားချစ်သူ
Romanceဒီဖြစ်ရပ်ဟာအိမ်မက်လားတကယ်လား တကယ်လို့အိမ်မက်ဖြစ်နေရင်တောင် ငါပျော်ရွှင်ခဲ့ပါတယ် {28.9.2020}