အပိုင်း(၅)

70 9 0
                                    

ဟုတ်သားပဲ။အကြံရပြီ။
ဒီနည်းလမ်းကကြာရှည်မခံနိုင်ပေမယ့်လည်းအသုံးတော့ပြုကြည့်ရမှာပေါ့လေ။
အလုပ်ဖြစ်မယ်လို့တော့ထင်ပါရဲ့။
အလုပ်မဖြစ်လည်းကိစ္စတော့မရှိပါဘူးလေရတော့လည်အရင်းမရတော့လည်းအမြတ်ပေါ့။
ဒီအစီအစဥ်သာအောင်မြင်ရင်ကြိမ်းသေပေါက်နွေးပိုက်ဆံများများရမည်လေ။
မအောင်မြင်ရင်လည်းပိုက်ဆံရဖို့ရာခိုင်နှုန်းရှိပါသည်။
သူမ၏အစီအစဥ်ကသိပ်မထူးခြားပါရိုးရိုးလေးပင်။
သို့သော်အချိန်တော့ပေးရမည်။
ပထမဆုံးလုပ်ရမည်ကအချိန်သတ်မှတ်ဖို့ပင်။
အင်း.......၄နာရီကနေ၆နာရီဆိုမကောင်းဘူးလား?......မကောင်းပါဘူးလေ၆နာရီပြန်ရင်တော်တော်မှောင်နေလောက်ပြီ။
အင်း၅နာရီခွဲလောက်ဆိုရမယ်ထင်ပါရဲ့ok၅နာရီခွဲပြန်လာရမယ်။
သူမ၏အစီအစဥ်အကောင်အထည်ဖော်နိုင်ရန်အဓိကလိုအပ်သောနေ့တစ်နေ့အားပြန်စဥ်းစားလိုက်မိသည်။

*********

လွန်ခဲ့သောရက်နှစ်ဆယ်

"နွေးချစ်စရာနော်သမီးက"

"ဟုတ်ပါတယ်"

"အေးကွယ်အန်တီ့သမီးပြောလို့သိထားပါတယ်။ဘယ်လိုမှတော့မထင်ပါနဲ့ကွယ်။သမီးလက်မခံလည်းဖြစ်တယ်။ဒါပေမယ့်သမီးနဲ့ဆိုပိုအဆင်ပြေတယ်မလား။ဟင်းဟင်း"

ဟင်း......ငါနော်လိုရင်းကိုမပြောဘူးဟိုကဝေ့လိုက်ဒီကဝေ့လိုက်နဲ့ကြားထဲကဝါးပင်ဖြစ်နေပြီ။
ဒါကြောင့်ပြောတာပေါ့လူကြီးတွေများလိုရင်းကိုဒဲ့မပြောဘူးဝေ့နေတာမပြီးတော့ဘူး။
တကယ်လိုရင်းရောက်တော့ကိုယ်ကငိုက်နေပြီအန်တီကြီးရေမြန်မြန်ပြောပါနော်။
နွေးကတော့ပြောထွက်လို့မရသဖြင့်စိတ်ထဲမှပင်ကြိတ်ပြောနေမိသည်။
ခုအချိန်သာနွေးစိတ်ကိုဖတ်နေသူရှိပါကနားအူသွားမှာပင်

"ကိစ္စကတော့ဒါပဲသမီးရေ"

သူ့စကားအဆုံသတ်မှပဲသူမမျက်လုံးပြူးသွားသည်။
သူမတကယ်ပဲငိုက်သွားတာလား။
ဒီအန်တီကြီးရဲ့ဒါပဲသမီးရေဆိုတာပဲကြားလိုက်မိသည်။
အလယ်ကပြောစကားကိုမကြားမိလိုက်ပါ။
ပြန်လဲမမေးချင်နေတော့၍ဟင်းဟင်း......ဝါးချလိုက်ပါသည်။

"ဟုတ်အန်တီနွေးစဥ်းစားပါ့မယ်"

မကြားတော့လည်းမတတ်နိုင်ဘူးပြန်ချိန်ကျမှပဲသူငယ်ချင်းဖြစ်သူအပြုံးပန်းချီဆီကပဲပြန်မေးရတော့မည်။

"စဥ်းစားပေါ့ကျောင်းဖွင့်ဖို့ကလည်းလိုပါသေးတယ်။အန်တီ့သမီးကလည်းသင်ရခက်တဲ့လူမဟုတ်ပါဘူး။"

ပြောပြီးတော့ထိုအန်တီကြီးထွက်သွားသည်။
နွေးကတော့ခေါင်းကုတ်ရင်း ဟဲဟဲပြုံးဆီကပဲပြန်မေးပါမယ်လေ။

ကမ္ဘာခြားချစ်သူWhere stories live. Discover now