Ep-6

855 56 1
                                    

𝙄 𝙬𝙞𝙡𝙡 𝙡𝙤𝙫𝙚 𝙩𝙝𝙚 𝙬𝙤𝙧𝙡𝙙 𝙛𝙤𝙧𝙚𝙫𝙚𝙧
                     ကမ္ဘာတည်သ၍ချစ်မယ် အပိုင်း(6)

🅻🅸🆂🅰 လဲ 🅹🅸🆂🅾🅾 နဲ့ 🆁🅾🆂🅴 ကို နှုတ်ဆတ်ပြီးတာနဲ့ ထွက်လာခဲ့တယ်
ကျောင်း Buss ကားရောက်တာနဲ့ တက်စီးလိုက်တယ် 🅻🅸🆂🅰 ကားပေါ်ရောက်လာတော့ ကားပေါ်ရှိတဲ့ သူအားလုံးက လန့်ပြီး
အံသြသွားကြတယ် 🅻🅸🆂🅰 ကလဲ အားလုံးကို ပြုံးပြ ပြီး လွတ်နေတဲ့ ထိုင်ခုံတခုမှာ ဝင်ထိုင်လိုက်တယ်
ကားက ခဏနေရပ်လိုက်တယ် ကျောင်းသားတယောက်တက်လာတယ်
အဲ့ဒီလို ခဏခဏရပ်တယ်ကားကလဲ ကျောင်းသားအများကိုခေါ်ရတာဆိုတော့
🅻🅸🆂🅰 က ကားရပ်တိုင်း ရင်တွေခုန်မိတယ် 🅹🅴🅽🅽🅸🅴 တက်လာမလားတက်လာမလား နဲ့ နောက်ဆုံးတော့ ကျောင်းကိုပဲ ရောက်သွားခဲ့တယ်

ကျောင်းရောက်သွားတော့လဲ 🅻🅸🆂🅰 ကျောင်းထဲမဝင်သေးဘဲ ကျောင်းတံခါးဝမှာရပ်ပြီး 🅹🅴🅽🅽🅸🅴 ဝင်အလာကိုစောင့်မျှော် နေတယ် အချိန်တွေ ကုန်ရင်းကုန်ရင်း ကျောင်းတက်ခေါင်းလောင်းထိုးလိုက်တယ် 🅻🅸🆂🅰 လဲ နောက်ကိုမျှော်ကြည့်ရင်း မျှော်ကြည့်ရင်း အတန်းထဲကို ဝင်သွားတယ်
အတန်းထဲ စာသင်နေပြန်တော့လည်းစိတ်ကမပါ ကျောင်းတံခါးဝကိုပဲ ငေးကြည့်နေတယ် အတန်းဆင်းသွားတော့
🅻🅸🆂🅰 က🅹🅴🅽🅽🅸🅴 ရဲ့သူငယ်ချင်းစီကို သွားခဲ့တယ်

🅻🅸🆂🅰...........ဟေ့ နင်က 🅹🅴🅽🅽🅸🅴 ရဲ့သူငယ်ချင်းမလား

🅹🅴🅽🅽🅸🅴သူငယ်ချင်း.........ဟုတ်တယ် ဘာဖြစ်လို့လဲ

🅻🅸🆂🅰..........ဟိုဟာလေ ဒီနေ့ 🅹🅴🅽🅽🅸🅴 ဘာလို့ ကျောင်းမလာလဲသိမလားလို့ပါ

🅹🅴🅽🅽🅸🅴သူငယ်ချင်း...........နင်တကယ်မသိဘူးလား 🅹🅴🅽🅽🅸🅴 ကိုဘယ်အယုတ်တမာက ယုတ်မာလိုက်လဲမသိဘူး သူခိုးလို့ စွပ်စွဲခံရလို့ 🅹🅴🅽🅽🅸🅴 ရှက်ပြီး ကျောင်းထွက်သွားပြီလေ

🅻🅸🆂🅰.........ဟင် သူတကယ်ကျောင်းထွက်သွားပြ်ိလား ပြီးရော ငါဘာလုပ်ရမလဲ စိတ်တွေ ရှုပ်လာပြ်ိ နင်ငါ့ကို တခုလောက်ကူညီပါလား  🅹🅴🅽🅽🅸🅴 ရဲ့ လိပ်စာလေးပြောပြပါလား

🅹🅴🅽🅽🅸🅴သူငယ်ချင်း...........နင်ဘာလုပ်မလို့လဲ ငါ့သူငယ်ချင်းကို ထက်ပြီး နှိပ်စက်အုံးမလို့လား နင်လုပ်လို့ ငါ့သူငယ်ချင်း အလုပ်လဲပြုတ်ပြီးပြီ သူငါ့ကို အကုန်ပြောပြတယ် သူကိုထက်ပြီး မနှောက်ယှက်ပါနဲ့ တောင်းပန်ပါတယ် 🅹🅴🅽🅽🅸🅴 နဲ့ငါက ဒီရက်ပိုင်းမှ စသိခဲ့တယ်ဆိုပေမဲ့လဲ 🅹🅴🅽🅽🅸🅴 စိတ်ကိုငါကောင်းကောင်းသိတယ် သူက အမှန်တရားဘက်မှာ ရပ်တည်ပြီး ဆင်းရဲတာကို ဒုက္ခလို့ မသတ်မှတ်ပဲ ဘဝကိုကြံကြံခံနိုင်အောင်ရပ်တည်ပြီး မြေးအဘွားနှစ်ယောက်အတူကြိုးစားခဲ့တာပါ နင်သူတို့ကို ထက်ပြီး မနှောက်ပါနဲ့ Sorry ပါပဲ 🅻🅸🆂🅰 ငါနင်ကို
🅹🅴🅽🅽🅸🅴 ရဲ့ လိပ်စာငါမပေးနိုင်ဘူး

🅹🅴🅽🅽🅸🅴ရဲ့သူငယ်ချင်းလဲ 🅻🅸🆂🅰 ကိုကောင်းကောင်းပြောပြီး ထွက်သွားတယ်

ကျောင်းဆင်းလို့ ကျောင်းသားကျောင်းသူအကုန် တယောက်ပြ်ိး တယောက်ထွက်နေသော်လည်း 🅻🅸🆂🅰 က ကျောင်းတံခါးဝမှာ ရပ်နေတယ်

🆈🆄🆁🅰..........🅻🅸🆂🅰 ရေ ကျောင်းလဲဆင်းပြီလေ ငါတို့ပြန်ရအောင်  လာပါ

🅻🅸🆂🅰...........သူငါ့ကို ခွင့်လွတ်နိုင်ပါ့မလား

🆈🆄🆁🅰............နင်ကလဲ လာပါ နောက်မှအေးဆေးပြောရအောင် အိမ်အရင်ပြန်မယ်လေ

🅻🅸🆂🅰..........ခဏ နင်တို့ပြန်နှင့် ငါသွားစရာရှိတယ်

🅻🅸🆂🅰 လဲ 🅹🅴🅽🅽🅸🅴 အလုပ်လုပ်တဲ့ စတိုးဆိုင်ကိုသွားပြီး ဆိုင်ရှင်နဲ့သွားတွေ့ခဲ့တယ်

🅻🅸🆂🅰.........အမ ကျမကိုလေ ဟိုနေ့က လေ ကျမနဲ့ပြသာနာတက်တဲ့ တယောက်လေ နမယ်က 🅹🅴🅽🅽🅸🅴 လေ သူရဲ့ လိပ်စာပေးလို့ရမလား

ဆိုင်ရှင်...........စိတ်တော့ မကောင်းပါဘူး ကျမမပြောပြနိုင်ပါဘူး ပြသာနာတက်ပြ်ိး ညမှာ 🅹🅴🅽🅽🅸🅴 ရဲ့သူငယ်ချင်းတယောက်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်အကုန်လုံးကို လာရှင်းပြသွားပါတယ် ဒီကအမနဲ့ ပြသာနာတက်ထားတာတွေရောပေါ့
ဒီကအမက သူကိုပြသာနာရှာပြီး ဒုက္ခလိုက်ပေးနေတာလား ကျမကလဲ ထင်ပြိးသားပါ 🅹🅴🅽🅽🅸🅴 ကအမှားလုပ်ပြီး မတောင်းပန်တတ်တဲ့သူမျိုး မဟုတ်ပါဘူးလို့ဆိုတာသိပြိးသားပါ ခုပြသာနာက သူအမှားမဟုတ်ပါဘူး ရှင်ရဲ့အမှားပါ ကျမသူကို အလုပ်လုပ်ဖို့ ပြန်ခေါ်ခဲ့သော်လည်း သူကငြင်းခဲ့တယ် ရှင်လည်းသူကို ထက်ပြီးပြသာနာမရှာပါနဲ့တော့ သူကို လွတ်ပေးလိုက်ပါတော့

🅻🅸🆂🅰...........ဟုတ်ကဲ့ ခုလိုဖြေပေးတာ ကျေးဇူးပါနော်

🅻🅸🆂🅰 လဲစိတ်ပျက်ပျက်နဲ့ ထွက်လာခဲ့တယ်

အိမ်သို့ပြန်ရောက်လာတယ်

🅻🅸🆂🅰 မျက်နှာမကောင်းတာမြင်တော့
🅹🅸🆂🅾🅾 ကမေးလိုက်တယ်

🅹🅸🆂🅾🅾..........🅻🅸🆂🅰 အဆင်မပြေဘူးလား 🅹🅴🅽🅽🅸🅴 နင်ကို ခွင့်မလွတ်ဘူးလား

🅻🅸🆂🅰...........🅹🅴🅽🅽🅸🅴 ကျောင်းထွက်သွားပြိ ငါသူကို မတွေ့လိုက်ရဘူး
သူရဲ့ လိပ်စာကိုစုံစမ်းတော့လည်းငါ့ကို ဘသူမှမပြောပြဘူး

🆁🅾🆂🅴..........ကဲ 🅻🅸🆂🅰 ရယ် စိတ်မညစ်နေနဲ့တော့ 🅹🅴🅽🅽🅸🅴 နဲ့သူအဖွား စျေးမှာရောင်းတဲ့ဆိုင်ငါတို့သိတယ် မနက်ဖြန်ရုံးလဲ ပိတ်တော့ ငါတို့လိုက်ပို့ပေးမယ်

🅻🅸🆂🅰..........တကယ်လား ကျေးဇူးပါပဲဟာ

အပိုင်း (7)မျှော်

𝙄 𝙬𝙞𝙡𝙡 𝙡𝙤𝙫𝙚 𝙩𝙝𝙚 𝙬𝙤𝙧𝙡𝙙 𝙛𝙤𝙧𝙚𝙫𝙚𝙧Where stories live. Discover now