𝙄 𝙬𝙞𝙡𝙡 𝙡𝙤𝙫𝙚 𝙩𝙝𝙚 𝙬𝙤𝙧𝙡𝙙 𝙛𝙤𝙧𝙚𝙫𝙚𝙧
ကမ္ဘာတည်သ၍ချစ်မယ် အပိုင်း(8)🅻🅸🆂🅰 တို့ပြန်သွားပြီးနောက်
🅹🅴🅽🅽🅸🅴အဖွား.........မြေးလေး သူတို့ ဘာတွေ ပြောသွားတာလဲ
🅹🅴🅽🅽🅸🅴............သမီး တို့ကျောင်းကသူငယ်ချင်းတယောက်ပါ သမီးကျောင်းပြန်တက်စေချင်တာပါ သမီးက ပြန်မတက်ဘူးပြောတော့ သူက ကျောင်းဆင်းရင် သူအိမ်ကိုလာခဲ့တဲ့ သူနဲ့ဘွဲ့ရထားတဲ့ မမတို့က ဝိုင်းသင်ပေးမယ်တဲ့ စာမေးပွဲဖြေတဲ့အခါကျ ဝင်ဖြေတဲ့ ဝင်ဖြေလို့ရအောင်လည်း ကူည်ိမယ်တဲ့
🅹🅴🅽🅽🅸🅴အဖွား...........ဒါဆို ငါ့မြေးလေး ဘွဲ့ယူလို့ရသေးတာပေါ့ ဝမ်းသာလိုက်တာမြေးလေးရယ်
🅹🅴🅽🅽🅸🅴..........အဲ့ဒါကြောင့် သမီးလဲပျော်နေတာ သမီးလဲကြိုးစားသွားမှာပါ
နောက်နေ့ ကျောင်းထဲက စာသင်ခန်းတွင်
🆃🅴🅰🅲🅷🅴🆁.........ကဲ ဒိနေ့ အားလုံး ဆရာမတွက်ခိုင်းထားတဲ့ ပုစ္ဆာတွက်ပြီး ကြပြီးလား
ကျောင်းသားကျောင်းသူအားလုံး.......
တွက်ပြီးပါပြီ..................
🅻🅸🆂🅰 ကရှေ့ဆုံးခုံက ထိုင်ပြ်ိး မာန်အပြည့်နဲ့ပြောနေတာက်ို ဆရာမ ကတွေ့သွားတော့🆃🅴🅰🅲🅷🅴🆁..........🅻🅸🆂🅰 နင်က နောက်ဆုံးခုံမှာ ထိုင်ပြီး အိပ်နေကြမလား ဘသူက ခြိမ်းခြောက်လို့ ထိပ်ဆုံရောက်လာတာလဲ
🅻🅸🆂🅰..........သမီးကို ဘသူမှမခြိမ်းခြောက် ပါဘူး သမီးစိတ်ဆန္ဒနဲ့ ဒီမှာ လာထိုင်တာပါ ဒီမှာ ထိုင်မှ ဆရာမစာသင်တာတွေကို သေချာကြားရပြီး မရှင်းတာကို မေးရတာအဆင်ပြေတာပေါ့ ဆရာမရယ်
🆃🅴🅰🅲🅷🅴🆁...........🅻🅸🆂🅰 သမီးလေး တော်တော် ပြောင်းလွဲသွားတာဘဲ အရင်ကနဲ့ မတူတော့ဘူးဘဲ
🅻🅸🆂🅰........ဆရာမ ရယ် မနေ့ကနဲ့ဒီနေ့ဆိုတာ ဘလိုလုပ်တူမှာလဲ အဲ့ဒိလိုပြောင်းလဲမှ လူဆိုတာ တိုးတက်မှာလေ
🆃🅴🅰🅲🅷🅴🆁..........ဟုတ်ပါပြီ ကဲ ခုအားလုံးတွက်ပြီးသွားပြီ ဆိုတော့ တယောက်အရှေ့ကို ထွက်ပြီး တွက်ပြရမယ်
