Melbourne မြို့ကို ကမ်းကပ်တော့မယ် ဖြစ်ကြောင်း သင်္ဘော ဥသြစွဲသံနဲ့အတူ Lisaကြားလိုက်ရသည် ။ သူမ တကယ် စိတ်လှုပ်ရှားနေခဲ့တာ Daddyနဲ့ သင်္ဘောအတူလိုက်တာ ဒါပထမဆုံးပဲ ။ ဘန်ကောက်ကနေ Australiaအထိ Daddyဆီ လေယာဉ်ဖြင့်လာခဲ့ပြီး သင်္ဘောလိုက်ဖြစ်ခဲ့သည် ။Lisaရဲ့ Daddyက အပျော်စီးသင်္ဘောပေါ်မှာလိုက်တဲ့ ကြေးကြီး စာဖိုးမှူး တစ်ယောက် ဖြစ်သည်။ Daddyက Lisaကို သူ့လို စာဖိုးမှူး ဖြစ်စေချင်ခဲ့တာ ။ ဝါသနာပါမှ လုပ်ဆိုပြီးပဲ သူမကို ပြောခဲ့တယ် အတင်းတိုက်တွန်းတာမျိုး မရှိခဲ့ဘူး ။
Melbourneမှာ ဆင်းကျန်ခဲ့မည့် ခရီးသည်အချို့ကတော့ သင်္ဘောပေါ်မှ အလျှို လျှို ဆင်းနေကြသည် ။ထိုသူတွေထဲ Lisaအပါအဝင် ။ ဖြစ်ပုံက Daddyနဲ့ သင်္ဘောဆက်လိုက်မည့် အစီအစဉ် ပျက်သွားခဲ့တာ သူမရဲ့ တစ်ဉီးတည်းသော နိုင်ငံခြားသားသူငယ်ချင်း Adamကြောင့်ပဲ ။
ကျောင်းပြီးသွားကတည်းက မတွေ့ဖြစ်ကြတော့တဲ့ သူငယ်ချင်းAdamက Melbourneမှာ ခဏ ကမ်းကပ်မယ် သိတော့ သူ့ဆီ အလည်လာရင်း ဆင်းနေခဲ့ဖို့ပြောသည်လေ ။
Daddyကတော့ ဘာမှမရှိတဲ့ ပင်လယ်ပြင်ထဲ ၆လ ၁နှစ်လောက် သူနဲ့အတူလိုက်နေလျှင် သူမကို ပျင်းနေမှာစိုးသည်ကြောင့် Adamနှင့် အတူနေခဲ့ဖို့ အကြံပေးသည် ။
Lisa သူမရဲ့ ဖေဖေကို နှုတ်ဆက်ပြီး သင်္ဘောပေါ်မှ ဆင်းခဲ့လိုက်သည်။ ကြည့်ရတာ သူမက အဲ့အလုပ်နဲ့ ရေစက်မပါဘူးထင်တယ် ။
ဆိပ်ကမ်းတလျှောက် Adamကိုရှာမိသည် ။သို့သော် သူနဲ့တူတဲ့ပုံစံတူကိုပင် မတွေ့ ။ ခုမှ အိမ်ကထွက်လာမယ် ထင် ။ ဒီကောင်က အမြဲ အဲ့လိုပဲ ။
Lisaစိတ်ထဲမှ ကျိန်ဆဲနေတုန်း ပုခုံးကို လာဖက်သည့် Adam။" Yahh .... လန့်သွားတာပဲ "
သူကတော့ Lisaပုခုံးကို ဖက်ထားပြီး လက်တဖက်က သူမရဲ့ အညိုရောင်ဆံပင်တွေကို ဖွနေရင်းက စကားဆိုလာသည် ။
"မတွေ့တာ ဘယ်လောက်ကြာကြာ နင်ကအရင်အတိုင်းပဲ ဆံပင်ရှည်လာတာ လွဲလို့ပေါ့ "
Lisa သူမပုခုံးပေါ်ကသူ့လက်ကို ဖယ်ပြီး Luggageကိုထည့်ပေးလိုက်သည် ။
" နင့်လက်ကြီးက လေးတယ်ဟ .... ပုခုံးဖက်မဲ့အစား အဲ့ အိတ်လေးဆွဲလိုက် "
![](https://img.wattpad.com/cover/138231496-288-k744557.jpg)