Unbelievable dream pt6✨

1.1K 125 21
                                    

Unicode

" ဟုတ်ပါပြီဗျာ.... Appaလဲပြောစရာရှိတယ် ... "

"ဟုတ်ကဲ့ Appa"

"ကဲ သားဖနှစ်ယောက်လုံး ထမင်းကပြင်ပြီးသား စားကြမယ် ထမင်းစားခန်းထဲလာခဲ့တော့ "

"လာပြီလာပြီ " Jungkook နဲ့ appa ပြိုင်တူအော်ပြီစဝင်လာခဲ့ကြတယ်

ထမင်းစားပြီး ဧည့်ခန်းထဲမှာ မိသားစုစုံရင်း
Tae hyungအကြောင်းပြောဖို့လုပ်ထားပေမယ့် သားငယ် Jungkookက

"Appa မုန့်ဝယ်လာတယ်ဆို "

"ဟုတ်တယ်သားငယ်ရေ appa သားကိုပေးဖို့မေ့သွားလို့..... ရော့ .... သားငယ်လေး အကြိုက် ဒယ်ဂူထွက်မုန့်တွေ "

မုန့်လဲပေးလိုက်ရော ကလေးငယ်တသ်ယောက်လို ခုန်ပေါက်ပြီး မုန့်ကိုယူကာ အိမ်အပေါ်ထပ်ကို တက်သွားတယ် ....

"မိန်းမရေ မိသားစုစုံတုန်းပြောစရာရှိလို့ကို သားငယ် အပေါ်တက်သွားပြီ.... "

"အင်း ထားလိုက်ပါယောက်ကျာင်္းရယ် ....
သားငယ်က တခါတလေ မျက်နှာတည်ကြီးနေပင်မယ့် တကယ့်ကလေးစိတ်လေးဘဲရှိသေးတာ "

"ဟုတ်ပကွာ.... ဒါနဲ့ မိန်းမရေ ကိုယ်ပြောရဦးမယ် "

"အင်းပြော ယောက်င်္ကျား"

"ကိုယ်ခရီးသွားတုန်းက ဆေးတွေယူသွားဖို့ မေ့သွားတာ ကိုယ်အဲ့ရောက်တော့ နှလုံးဖောက်ပြီး အက်စီးဒန့်ဖြစ်သွားတယ် "

"ဟယ်! ယောက်င်္ကျားရယ် မိန်းမတို့လဲမသိရပါ့လား ဘာလို့မပြောတာလဲ ? စိတ်ပူလိုက်တာ "

"ကိုယ်ဆက်ပြောမယ် .... "

"ကိုယ်ကားမောင်းရင်း နှလုံးဖောက်ပြီး သစ်ပင်တစ်ပင်ကိုဝင်တိုက်မိတယ်... ကိုယ်ရောက်နေတဲ့လမ်းက လူရှင်းတဲ့လမ်းဖြစ်နေတော့ ဘယ်သူမှမသိကြဘူးရယ် .... အဲမှာ ကိုယ်တို့သားလေးနဲ့ အသက်မတိမ်းမယိမ်းလောက်ရှိတဲ့ သားငယ်လေးတစ်ယောက်က ကိုယ့်ကိုကယ်တင်ခဲ့တာ ..... " ဆိုပြီးအစချီရင်း Tae hyungလေးအကြောင်းကိုပြောပြလိုက်တယ် .... တခါထဲTaehyungပညာရေးအတွက် စီစဥ်ပေးခဲ့သမျှကိုပါပြောပြလိုက်တော့

"ကံကောင်းလို့ပေါ့ ယောက်င်္ကျားရယ် အဲ့သားငယ်လေးနဲ့ အချိန်မှီတွေ့လိုက်လို့ပေါ့...
ဒီလောက်ကျေးဇူးရှိတဲ့ကလေးကို ဒီထက်မကတောင်လုပ်ပေးရမှာ"

Unbelievable Dream✨[Uni +Zawgyi]Where stories live. Discover now