အမ တစ်ယောက်က ပြောတယ် အမ ဗိုက်မှာ အကြောပြတ်ရာတွေ ရှိနေလို့ ခါးတို မဝတ်ရဲဘူးတဲ့
ဝတ်ထားတဲ့ ဒူးပေါ်ပေါင်လောက် ဂါဝန်တိုလေးကို ကိုင်ပြပြီး ကျွန်တော် ဖက်ကနဲ ပြန်ပြောလိုက်မိတယ်
ညမ ဒူးခေါင်းလည်း မည်းတယ် နောက်ပြီးမနေ့ကမှ ချော်လဲပြီး ဒူးကွဲထားတဲ့ အနာအကြီးကြီးလည်း ရှိတယ် ဒါပေမဲ့ ညမကတော့ ဝတ်တာပဲ လို့
တကယ်တော့ ငါတို့ တစ်ခုခု ဝတ်တဲ့အခါ လုပ်တဲ့ အခါ ငါတို့ကိုယ်တိုင် နဲ့ တခြားမကောင်းတဲ့သူတွေကပဲ အပြစ်တွေ မြင် မကောင်းတွေ ပြောကြတာပါ
မိန်းကလေးတွေဆိုရင် ဝတ်ထားတဲ့ အင်္ကျီကို ကြည့်မယ်၊ ယောက်ျားလေးတွေဆိုရင် မျက်နှာ နဲ့ ဘယ်လောက်လှလဲကို ကြည့်မယ်
ကျွန်တော်လို လူမျိုးတွေဆိုရင် သူဘယ်ကောင်းလဲ ဘယ်မှာတော်လဲကို ကြည့်မယ် ၊ မဟုတ်ရင်လည်း ဘယ်လို ဆိုးတဲ့အချက်ရှိလဲ လေ့လာမယ်
ဒီထက် ပိုအရေးကြီးတဲ့ ကျွန်တော်ဘဝမှာ ခင်မင်ရတဲ့ သူငယ်ချင်းတွေဆိုရင် ကိုယ်ရဲ့ personality ကိုကြည့် အဆင်ပြေမပြေ ကြည့်မယ်
ပိုပြီးရင်းနှိးရတဲ့ မိသားစုဝင်တွေကို အဆင်ပြေမပြေ ထိခိုက်မှု ရှိနိုင်မရှိနိုင် လူကြားထဲ အဆင်ပြေပါ့မလား ကြည့်ပေးမယ် ပြောပေးမယ်
သူငှေးဆိုရင် သူကောင်းကောင်းလုပ်နိုင်မလား လုပ်ငန်းအတွက် ငွေရှာနိုင်မလားကြည့်
ဒါပေမဲ့ အားလုံးထဲ မှာ
ငါတို့ကိုယ်တိုင် ရယ်
တချို့သော မကောင်း မြင် အပြစ်တင်တတ်တဲ့သူတွေ ရယ်
ဒါတွေကပဲ မကောင်းပြောကြတာပါ