Ep2💜

844 112 12
                                    

Stay with me forever~~~~~

Zawgyi

"ဟေ့ကောင်Team
မင်းမနေ့ကP'Winနဲ့ရန်ဖြစ်ခဲ့တယ်ဆို"

Pharmလဲ အခန်းထဲဝင်လာလာခြင်းTeamကိုမေးလိုက်သည်
Teamကတော့ဘာကိုမှဂရုမစိုက်ဘဲ
ဂိမ်းပဲဆော့နေသည်

"ဟေ့ကောင် ငါပြောတာကြားလား"

"ကျစ်.. Pharm
ငါအဲ့ဘဝင်ရူးနဲ့ရန်ဖြစ်တာအဆန်းလား
ခုမှထဖြစ်တာလဲမဟုတ်ဘူး
အမြဲတမ်းရန်ဖြစ်နေတာပဲ "

"ဟအမြဲတမ်းဖြစ်နေတာကိုသိတယ်
ခုငါမေးတာက မင်းမနေ့ကP'Winကိုဘာတေပြောလိုက်သေးလဲ"

"ပြောတာတော့ အစုံပဲမမှတ်မိတော့ဘူး
တော်ပြီPharmရယ် ငါဂိမ်းဆော့တာအာရုံလာမစားနဲ့ "

Pharmလဲ Teamလက်ထဲကဖုန်းကိုဆွဲယူလိုက်သည်
Teamကတော့သူဂိမ်းဆော့နေတာကို
လာရှုပ်လို့ ဒေါသထွက်သွားသည်

"ကျစ်..ဘောပဲPharmရေ
မင်းဘာဖြစ်နေတာလဲ
ငါဒီမှာဂိမ်းဆော့နေတာလေ မင်းမျက်လုံးကန်းနေလား
ပြန်ပေးငါ့ဖုန်း"

Pharmကလဲ အားမလျော့ဘဲ
ဖုန်းကို လက်တစ်ဖက်နဲ့အနောက်ဘက်ကိုကွယ်ထားလိုက်သည်

"မကန်းဘူး မင်းဂိမ်းဆော့နေတာငါမြင်တယ်
ငါမေးတာသာဖြေပါ မင်းမနေ့ကကP'Winကိုဘာတေသွားပြောလိုက်တာလဲ"

Teamကတော့စိတ်ရှုပ်နေသည့်ဟန်ဖြင့်
ညာဘက်လက်ချောင်းတေနဲ့ ဆံပင်ကိုအနောက်ဘက်ကို ထိုးနှပ်နေသည်

"ကဲပြော မင်းဘာသိချင်တာလဲ
မြန်မြန်ပြော ပြီးရင်ငါ့ဖုန်းပြန်ပေး"

Team ပြောလိုက်တော့
Pharmကလဲ သဘောတူသည့်နှယ်ခေါင်းညိမ့်ပြသည်

"ကောင်းပြီလေ..အဲ့ဆိုငါသိချင်တာက
မင်းမနေ့ကP'Winကမင်းကိုအရူးအမှူးစွဲလမ်းလာစေရမယ်လို့ပြောလိုက်တယ်ဆို"

Teamလဲ ခဏတာညိမ်သက်သွားသည်

တောက်...ဘဝင်ရူးအဲ့ဒါခင်ဗျားကြောင့်
လူကိုများမိန်းမကြီးကျနေတာပဲတဲ့
ရုပ်ကိုက ဓာတ်တိုင်ကားတက်ကြိတ်ထားတဲ့ရုပ်နဲ့
အချိုးကိုမပြေဘူး အဲ့ရုပ်ကိုဘာကြည့်ကြိုက်ကြလဲမသိဘူး....
အံ့ပါရဲ့....

Stay with me forever❤(Zawgyi&Unicode)(Completed)Where stories live. Discover now