Ep4💜

759 106 4
                                    

Stay with me forever~~~~~

Zawgyi

"မကျေနပ်ဘူး
လုံးဝလုံးဝကိုမကျေနပ်ဘူး".

မနေ့ကရုံးခန်းထဲမပြန်ထွက်လာတဲ့အချိန်ထဲက
Winကိုမကျေနပ်တဲ့အကြောင်းတေပြောနေတာ

ရေသောက်လိုက်ပြောလိုက်နဲ့လုပ်နေတာ
ဘေးကနားထောင်ရတဲ့Pharmကတော့
နားထဲတီရှူးဆို့ထားရသည်အထိ

"Ai Pharmငါပြောတာကြားလား
ငါအဲ့ဘဝင်ရူးကိုမကျေနပ်ဘူးလို့"

လက်မောင်းကိုအတင်းဆွဲပြီးပြောလာတော့
နားထဲကတီရှူးလဲ Teamရဲ့အသံကိုမဖုံးနိုင်တော့

"ကျစ်..Teamမင်းဘာဖြစ်နေတာလဲကွာ
မနေ့ထဲက ရုံးခန်းထဲကပြန်လာထဲက
မင်းP'Winကိုမကျေနပ်ကြောင်းပြောနေတာ
မမောသေးဘူးလား ငါတောင်နားထောင်ရင်း
မင်းအစားမောလာပြီ"

"ခွေးကောင် မင်းကပဲမောတယ်ရှိသေး
မင်းတစ်ချိန်လုံး နားထဲတီရှူးဆို့ထားတာလေ
တော်ပြီကွာ မင်းပြောလဲဘာမှမထူးဘူး"

သူ့ကိုဆူပုတ်ပြီး ဘုဘောက်ပြောသွားတာကြောင့်
Teamစိတ်ဆိုးနေပြီဆိုတာကိုသိတဲ့Pharmကလဲ
ချက်ချင်းပင်လိုက်ချော့လေသည်
Teamကစိတ်ဆိုးရင် အနည်းဆုံးတစ်ပတ်လောက်
သူ့ကိုစကားမပြောဘဲနေတော့
သူတကယ်ပင်မနေတက်

"အာ..ငါကစတာပါကွာ
စိတ်မဆိုးပါနဲ့ သဲလေးရယ်..
နော်..ချစ်လို့စတာလေကွာ
ငါ့ချစ်လေးကလိမ္မာပါတယ်
စိတ်မဆိုးပါနဲ့နော်
..နော်..နော်...နော်ချစ်လေးနော်"

"Shit. ..ဘောကိုမင်းချစ်လေးရမှာလား
Ai Pharmငါဟိုဘဝင်ရူးကို
ဒေါသထွက်နေတာနော်
အဲ့ဒေါသတေမင်းဆီရောက်သွားလိမ့်မယ်"

ခါးကိုဖက်ပြီးအတင်းလိုက်ချော့နေတဲ့
Pharmကိုကြည့်ပြီးရယ်လိုက်မိသည်
တကယ့်ပြောမနာဆိုမနာ သူငယ်ချင်းလေး

-------

"Deanငါသွားတော့မယ်"

စာအတူလုပ်နေရင်းနဲ့ ရုတ်တရက်ပြောလိုက်တာကြောင့်
Deanလဲနားမလည်ဖြစ်သွားသည်

"ဘယ်ကိုလဲ ညနေassignmentထပ်ရမယ်လေ"

"အေးငါသိတယ် assignmentထပ်တဲ့အချိန်
အမှီပြန်လာခဲ့မယ် okလား"

Stay with me forever❤(Zawgyi&Unicode)(Completed)Where stories live. Discover now