Yg- ကလေး ကိုယ့်စကားကိုနားထောင်ပေးပါကွာ ကိုယ်တကယ် မအားလို့လို့ပြောနေတယ်လေ
Jm- တော်ပါကိုကိုရာ ဒီနေ့ကဘာနေ့လည်း မင်တို့ရဲ့ချစ်သူသက်တမ်း 5နှစ်ပြည့်လေ ... အတူတူရှိနေပေးသင့်တာမဟုတ်ဘူးလား
Yg- ကိုယ်အခု လေဆိပ်မှာကလေး အလုပ်ကိစ္စအရေးကြီးလွန်းလို့သွားရမှာ ဂျီမကျနဲ့တော့ကွာ
Jm- သွားသွား ပြန်မလာနဲ့တသက်လုံး အဲ့အလုပ်နဲ့ပဲလက်ထပ်လိုက် မကောင်းတဲ့လူဆိုးကြီး
Yg- huu ဒါပဲကွာ ချစ်တယ်နော်သိလား
တီကနဲကျသွားတဲ့ဖုန်းလေး
မင်ကတော့မုန်းချင်နေပီကိုကိုရယ် ...1 ပတ်လောက်အကြာမှာ Yoongi ပြန်ရောက်လာခဲ့တယ် သူသိထားပါတယ် Jimin နေမကောင်းဖြစ်နေမှန်း... ဒီကောင်မလေးကိုသူ့အသက်ထက်ပိုပီးချစ်ရပါတယ် သို့ပေမယ့်အချိန်မပေးဖြစ်ခဲ့ အလုပ်ကိစ္စတွေဆိုတာသူတောင်အနားယူချိန်မရှိ... အခုတော့ ဂျီမလေးကိုချော့ရန်ထွက်ခွာရဦးမည် ...
Park အိမ်တော်တွင်း၌ ငြိမ်သက်တိတ်ဆိတ်လျက်...
Yoongi ရောက်သွားတော့... Mrs. Park ကထွက်ကြိုလေသည် သို့သော် သူ့အချစ်လေးကိုတော့မတွေ့ရ
Mrs. Park- သားပြန်လာတာစောသားပဲ အလုပ်ကိစ္စတွေရောအဆင်ပြေရဲ့လား
Yg- ပြေပါတယ် အန်တီ ဒီတခေါက်ကသိပ်ပီးမများတော့မြန်မြန်ပြန်လာနိုင်တာ
Mrs. Park- အေးပါကွယ် သားလည်းပင်ပန်းနေမှာပဲ
Yg- မဟုတ်တာ ဒါနဲ့ ကလေးရော
မျက်နှာတချက်ပျက်သွားသော Mrs. Park
Jm- မေမေရေ မင်သွားလိုက် ...
အနည်းငယ်ညိုးငယ်ပီးချောင်ကျနေသောမျက်နှာလေးနဲ့ချစ်ရသူကိုတွေ့လိုက်ရတော့ Yoongi စိတ်ထဲမကောင်းမိ...
Yg- ကလေး ဘယ်သွားမလို့လည်း ကိုကိုလိုက်ပို့မယ်လေ
Jm- မလိုဘူး!!! မေမေသမီးသွားပီနော်
Mrs. Park- အေးပါ သမီးရယ် ကားကိုသေချာမောင်းနော်
Jm- nae...
Yg- အန်တီကျနော့်ကိုလည်းခွင့်ပြုပါဦး
ပြန်ဖြေတာကိုတောင်မစောင့်ပဲအပြေးလိုက်သွားသော Yoongi ကိုကြည့်၍ Mrs. Park တယောက်မျက်ရည်ကျမိသည်... "အချစ်ကြီးလိုက်တာ သားရယ် ... "