6.4.2018'နှောင်းရိပ်နွေ'
ဤနာမည်သည် သူသိပ်မုန်းသောနာမည်ဖြစ်သည်
ဤနာမည်နှင့်လိုက်အောင် နူးညံ့သိမ်မွေ့ခြင်းနှင့်ကြောက်ရွံ့ခြင်းတို့သာကြီးစိုးနေတတ်သော သူ့ကိုယ်သူ ပိုလို့ပင်မုန်းရသည်ဖခင်ဖြစ်သူအရင်းကိုတောင် 'ဖေဖေ'ဟု မပီကလာပီကလာအသံလေးနှင့်စတင်ခေါ်တတ်လာသည့်၃နှစ်သားအရွယ်တင် ဖေဖေဆုံးသည်. . .
၆နှစ်သားကျော်ကျော်လောက်တွင် 'ဖေဖေအသစ်'ဆိုသော လူစိမ်းတစ်ယောက် အိမ်ပေါ်ခြေချလာခဲ့သည်
၃နှစ်သားအရွယ်က မပီဝိုးတဝါးမြင်ခဲ့ရသော ဖေဖေ့ပုံရိပ်များကို ပြန်မှတ်မိနိုင်ရန်ဓာတ်ပုံထဲတွင်သာ ရှာဖွေနိုင်တော့သည်. .
အခု သူစိမ်းတစ်ယောက်အိမ်ပေါ်ခြေချလာသည့်အချိန်မှစ မေမေသည် ဖေဖေ့ဓာတ်ပုံများကိုမီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်ငယ်ငယ်ကမပီပြင်ခဲ့သောမှတ်ဥာဏ်များတွင် သူမှတ်မိသည်က အိမ်နောက်ဖေးတွင် ဖေဖေ့ဓါတ်ပုံများအားမီးရှို့နေသောမေမေ့ပုံရိပ်များသာ. .
နောက်ပိုင်း 'ပထွေး'နှင့်သူ့မေမေသည် သူ့ကိုခေါ်ကာ ဖေဖေ့အငွေ့အသက်ရှိသောသည်အိမ်မှပြောင်းရွှေ့ခဲ့သည်'ပထွေး' ဟူသောအသုံးနှုန်းသည် အရပ်စကားများကြောင့် သူတတ်လာသည်ထင်သည်
'ဖေဖေ'ဟုမခေါ်ချင်ခဲ့သောကြောင့်လဲဖြစ်၏'ကလေး'ပီပီ ငယ်စဉ်ကတည်းကလွတ်လပ်စွာပင်မပြုံးရယ်ခဲ့ဖူး
'ဘွားမေ'ဟူသော အိမ်ဘေးနားက အဘွားကြောင့်တော့သူနွေးထွေးခဲ့ဖူးသည်
'ဘွားမေ'မျက်နှာကိုမမှတ်မိတော့ပေမဲ့ သူ့အပေါ်ကြင်နာစွာဆက်ဆံခဲ့ပေးသော တစ်ယောက်သောသူဆိုတာကိုတော့ ရိပ်နွေကောင်းကောင်းမှတ်မိပါသည်မေမေအပြင်သို့ထွက်သွားတိုင်း 'ရိပ်နွေ'ကို ဘွားမေထံအပ်အပ်ခဲ့သည်
မေမေအပြင်သွားသည့်အချိန်များသည်လည်း မနက်မှပင်ညနက်အထိဖြစ်တာကြောင့် 'ဘွားမေ'လက်ထဲတွင်သာအရွယ်ရောက်လာသည်ပြောရမည်'ဘွားမေ'နှင့်ရှိတိုင်း 'ဘွားမေ'ကပါးအိအိလေးများကိုနမ်းရှိုက်ပြီး'ငါ့မြေးကအလှလေး'ဟုအမြဲ ပြောတတ်သည်
'လှသည်'ဟူသော စကားလုံးသည် ယခုချိန်၌သူသိပ်ရွံမုန်းသော စကားလုံးဖြစ်သည်
ပိန်လှီပါးလျသောကိုယ်ခန္ဓာ ဖြူဖျော့သောအသားအရည်နှင့်ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပုံကို မှန်ထဲမြင်ရတိုင်း သူသိပ်မုန်းသည်
YOU ARE READING
D.A.R.K
Romance'လိမ္မော်ရောင်ဖျော့ဖျော့မျက်ဆံများသည် ငြိမ်သက်လွန်းလှသည်. . . သို့သော်. . အေးချမ်းနေသောအသွင်မဟုတ်' 'လိမ္မော်ရောင်ဖျော့ဖျော့မျက်ဆံများသည် ငြိမ်သက်လွန်းလှသည်. . . သို့သော်. . အေးချမ်းနေသောအသွင်မဟုတ်'