" ဘယ်လို အဖ ? "
သောက်လက်စ အကြမ်းပန်းကန်လုံး
လွတ်ကျသွားသည်အထိ
စိုးထိတ်ဖွယ်ကောင်းလှသောစကားကို အဖနှုတ်ကမွတ်ဟသည့်အခါမှာ ထိတ်လန့်သွားရသည်မို့
နှစ်ခါပြန်၍ မေးမြန်းရသည့်ထိပင် ... ။
အဖကတော့ လက်ထဲက ပြောင်းဖူးဖတ်ဆေးလိပ်ကြီးကို နှစ်ဖွာ သုံးဖွာလောက် အားရပါးရ ရှိုက်ပြီးမှ စကားစကိုပြန်ဆက်တော့သည် ။" ဟုတ်တယ် လူလေး
လက်မခံနိုင်စရာကောင်းပေသိ
လူလေးကောင်းစားဖို့ အဖကြံဆောင်ရသည်ကိုတော့
နားလည်ပေးစေချင်ပါ့ "" အဘယ်ကို လက်ခံနိုင်ဖွယ်ရာ ရှိပါစ
အဖ က စဉ်းစားတွေးမြော်တတ်တဲ့ ရပ်ရွာသူကြီး ဖြစ်သည့်တိုင်အောင် အရာရာကို ကိုယ့်စိတ်တိုင်းကျ ဆုံးဖြတ်ဖို့ မသင့်ပါစ
အရင်ဆုံး ကာယကံရှင်ရဲ့ စိတ်ဆန္ဒကိုတော့
အလေးထားမေးမြန်းသင့်သည် မထင်ရော့ "အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့အဖက
ရွာတစ်ခုလုံးကိုတောင် ငြိမ်သက်စည်းလုံးအောင် ထိန်းချုပ်ထားနိုင်ခဲ့သည်ကြောင့် သားဖြစ်သူကိုပါ
သူ့ဆုံးဖြတ်ချက်အတိုင်း နာခံမည်ထင်နေသလားပင်။
အဖစကားမပယ်ရှားလိုပေမယ့် မဖြစ်သင့်တဲ့အရာတစ်ခုကို လွယ်လွယ်ကူကူ ခေါင်းငြိမ့်လက်ခံလိုက်သည်ကိုတော့ အံဩမဆုံးနိုင်ပါ။
အဖရဲ့ တွေးခေါ်ညဏ်တွေ ဘယ်အရပ်များရောက်ကုန်ကြပါလိမ့် ..." နန်းတော်ကို လျင်မြန်စွာ ပေါက်ရောက်နိုင်သည်မို့
လူလေးကောင်းစားတာကို အဖမြင်ချင်ရော့တာပါ့ "" တစ်စုံတစ်ယောက်ရဲ့ အကူအညီနဲ့
နန်းတော်တွင်း ဝင်ရောက်နိုင်ခဲ့ရင်တောင်
အဖသား ကျွန်ုပ်က ယောက်ျားတန်မဲ့
သူများကြောင့် အရာရောက်ရော့တယ်ဆိုပြီး
မင်းချင်းတွေ မှူးမတ်တွေကြားထဲ မျက်နှာငယ်နေရမှာကိုရော အဖမတွေးမိရော့ "" အို ... အဘယ်ကဲ့သို့သူက လူလေးကို အပြစ်ပြောနိုင်ရော့မယ်
လူလေးကို မင်းတရားကြီးက ဒီလောက်ချစ်ခင်ဦးစားပေးတာ
မင်းမျက်သင့်မရော့ "" မင်းမျက်သင့်မှာတစ်ခြားသူမဟုတ်ပဲ
ကျွန်ုပ်ကိုယ်တိုင်သာဖြစ်ပေလိမ့်မည်ပါ့
ထီးဘုရားကြီးရဲ့ နားတော်ကို ယောက်ျားပျိုခြင်း အိမ်ယာထူထောင်သည့်အဖြစ်သာ ပေါက်ကြားသွားရင်
အကုန်လုံး ဒုက္ခများပါရော့ "
आप पढ़ रहे हैं
रोमांसအတိတ်က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးဟာ အခုဘဝအထိ သစ္စာကတိတွေ ခိုင်မြဲနေကြသတဲ့လား ... # ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည် သမိုင်းနောက်ခံများနှင့် မှီငြမ်းကိုးကားထားခြင်းဖြင့် မသက်ဆိုင်ပဲ စာရေးသူ၏ စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ Unicode အတိတ်က...